
16.5K 1.3K 112
                                    

အပိုင်း(၃၈)

အမြဲ အတူရှိနေပေးပါ

တိတ်ဆိတ်နေသော အခန်းထဲတွင် ကလေးငယ်တစ်ယောက်၏ ငိုသံက အဆက်မပြတ်ထွက်ပေါ်နေသည်။

"ဖေဖေ အီးဟီး ဘာလို့အိပ်နေတာလဲ ဖေဖေ...သား ရောက်လာပြီ...သားကို ထကြည့်ပါဦး"

ကလေးငယ်၏ မျက်ဝန်းမှ မျက်ရည်များက လှဲအိပ်နေသူ၏ လက်ဖျံပေါ် တတောက်တောက် ကျဆင်းနေကြသည်။

"ဖေဖေ သားကို စိတ်ဆိုးသွားတာလား...စိတ်ဆိုးလို့ ခုလိုအိပ်နေတာလား...သားမှားပါတယ်...သားနောက်ဆို ဖေဖေမကြိုက်တာ ဘာမှ မလုပ်တော့ဘူးလေ...ဖေဖေ့ကို စကားမပြောဘဲလည်း မနေတော့ပါဘူး...သား မှားပါတယ်....မအိပ်နဲ့တော့နော် ဖေဖေ....ထလာပါတော့"

ကလေးငယ်၏ ငိုယိုသံကြောင့် ဘေးနားတွင် ရပ်နေသောZeno ဝေ့တက်လာသော မျက်ရည်များအား လက်ဖြင့် သုတ်ပစ်လိုက်ရသည်။

ကလေးငယ်၏ အသံအား မေ့မျောနေသူ ကြားနိုင်မည်ဟု သူမျှော်လင့်မိသည်။ နိုးထလာစေချင်သူများ၏ စကားသံဖြင့် မကြာခင်နိုးထလာရန်လည်း သူ အကြိမ်ကြိမ် ဆုတောင်းနေမိသည်။ Krenအား သူ ဝမ်းမနည်းစေချင်တော့။

"ဖေဖေ သားကို ချစ်တယ်ဆို...သားကို ချစ်တယ်ဆို ထားမသွားရဘူးလေ...ဖေဖေကပါ သားကို ပါးပါးလိုထားသွားခဲ့မယ်ဆို သား ဖေဖေ့ကို ခွင့်မလွှတ်ဘူးနော်"

ကလေးငယ်၏ စကားသံတို့အား သတိမေ့နေသူက ပြန်မဖြေနိုင်။ အရာအားလုံးအား လျစ်လျူ ရှုကာ အေးချမ်းစွာ အိပ်စက်နေလေသည်။

*********************

"ကိုကြီး"

မည်းမှောင်နေသော ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော အသံကြောင့် ခွန်းသုရှင် ဘေးပတ်ပတ်လည်အား ဝေ့ဝဲကြည့်လိုက်မိသည်။

ခပ်လှမ်းလှမ်းနေရာတွင် သူ့အားရပ်ကြည့်နေသော မိန်းကလေးငယ်တစ်ဦး။ သူ အရမ်းချစ်မြတ်နိုးခဲ့ရပါသော မျက်နှာပိုင်ရှင်လေး။

"ယွန်းလေး"

သူ၏ အံ့အားသင့်စွာ ခေါ်ဆိုလိုက်သံကြောင့် ပြုံးပြလာသောသူမ။

"ကိုကြီး...ညီမလေးနဲ့ အတူတူ သွားရအောင်...လိုက်ခဲ့နော်...ညီမလေးတစ်ယောက်တည်း အရမ်းအထီးကျန်နေလို့"

စေရာ(Complete)Where stories live. Discover now