Part-31

4.4K 614 72
                                    

Unicode...

"အစ်ကိုတို့...ဒါဘာလုပ်တာ"

** ​ဇေမင်းနိုင်စကားမဆုံးလိုက်။ ​တေ​ဇောက ပါးစပ်ကိုလက်နဲ့အုပ်လို့ ပခုံး​ပေါ်တင်ပြီး ချီသွား​တယ်။ ပြီး​တော့ ကားထဲမှာ အသင့်​စောင့်​နေ​​တဲ့ ​လေး​​ယောက်ဆီထိုး​ပေးလိုက်တယ်။ **

ဆူဆူညံညံအသံ​တွေကြား​တော့ ခြံ​စောင့်​တွေနိုးလာကြ​ရော။ ​တောက်....​တော်​​တော်ဂြို​​​ဟ်မွှေတဲ့အ​ကောင်။

"ဟို​ကောင်​တွေ...ဆင်းလာဦး...အကုန်နိုးကုန်ကြပြီ"

ဆို​တော့မှ ပြာတိပြာယာနဲ့ သုံး​ကောင်သားဆင်းလာကြတယ်။ ဝဏ္ဏက​တော့ ဟိုဂန်းမနာသား​လေးကို ထိန်းဖို့ကျန်ခဲ့တာ​ပေါ့။

ကားထဲမှာ~~~

"လွှတ်...ကျွန်​တော့်ကိုလွှတ်...သူခိုးဗျို့...သူခိုး...အွန်း...အွန်း"

ဘယ်​လောက်​အော်​အော် လွှတ်မ​ပေးဘူး။ ရုန်းလို့မရ​အောင် အားသန်လွန်းတယ်။ ဒီလူကြီးက သံတုံးနဲ့များ လုပ်ထားတာလား။

"မင်းပါးစပ်ကိုပိတ်ပြီး ငြိမ်ငြိမ်​နေလိုက်...ဒါဆို လွှတ်​ပေးမယ်"

သူ​ပြောသလို ငြိမ်​ပေးလိုက်​တော့ လက်ကိုနောက်ပြန်တုပ်​တယ်တဲ့။ ငြိမ်ငြိမ်​နေ​ပေး​နေတာကို ဒီ​လောက်လုပ်စရာလိုလား။ မ​နေ​ပေးချင်​တော့ဘူး။ လက်ကိုကြိုးတုပ်​နေတုန်း ​ခေါင်းနဲ့သူ့​မေး​စေ့ကိုတိုက်ပြီး ထွက်​ပြေးရမယ်။

** မထင်မှတ်ထားပါဘဲ ​ခေါင်းငုံ့​နေ​တဲ့ဝဏ္ဏနဲ့ ​​​ခေါင်း​​မော့လိုက်​တဲ့ ​​ဇေမင်းနိုင်တို့မျက်နှာနှစ်ခု ပွတ်တိုက်မိသွားတယ်။ နှုတ်ခမ်းချင်းထိမိတယ်ဆို ပိုမှန်မယ်။ လမ်း​ဘေးမီးတိုင်ရဲ့အလင်း​ရောင်တည့်တည့်​အောက်မှာမို့ နှစ်​ယောက်သား မျက်နှာများကို သဲသဲကွဲကွဲမြင်ရချိန်ဖြစ်တယ်။ **

"ဟာ...​ဟေ့က​လေး...မင်း​သေချင်​နေပြီ"

"​နေပါဦး...ခင်ဗျားက​ရှောင်​လေ...​သေလောက်​အောင် ချုပ်တုန်းကချုပ်ပြီး ကိုယ့်ကိုရန်ပြုမယ်လုပ်တာကျမှ မ​ရှောင်တတ်​လောက်​အောင် ပိန်းလား"

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now