Part-42

21.1K 2.4K 304
                                    

(Zawgyi)🍀🍀🍀🍀🍀

Part-42
(ကိုယ်​...ချစ်​​သော clover..!!..)

ဒီ​ရေလှိုင်း မျက်​စိ​ရှေ့​ရောက်​လာ​သော အဖြူ​ရောင်
ကဒ်​​လေး​ကြောင့်​ ခရမ်းချဉ်​သီးကို တစ်​ချက်​ကြည့်
ကာ အဖြူ​ရောင်​ရီပို့ကဒ်​​လေးကို လှမ်းယူကာ...
စစ်​​ဆေးလိုက်​သည်​..။ မဆိုးလှ​သော အမှတ်​များ
နှင့်​ တိမ်​ငယ်​က စာ​တော်​သည်​ဟု​ပင်​ဆိုနိုင်​သည်​။
ဒီ​ရေလှိုင်းရီပို့်ကဒ်​​ကို စားပွဲ​ပေါ်ပြန်​တင်​လိုက်​ရင်း
ပြောလိုက်​သည်​..။

"​သချာင်္က အခြားဘာသာ​တွေနဲ့ယှဉ်​ရင်​အမှတ်​နည်း
တာဘဲ။ ဘာလို့လဲ သချာင်္မလိုက်​နိုင်​လို့လား..."

ဒီ​ရေလှိုင်း ​မေးလိုက်​​တော့ တိမ်​ငယ်​ကချက်​ချင်းပင်
ခေါင်း​လေးခါပြလာသည်​။ ပြီးမှ​ခေါင်း​လေးငုံ့ကာ..
ပြန်​​ဖြေလာသည်​..။

"တိမ်​ငယ်​က သချာင်္ကြိုက်​ပါတယ်​ ကိုကြီး
သူငယ်​ချင်း။ ဟို..တကယ်​​တော့ သချာင်္ကကြိုက်
ပေမယ့်​ သင်္ချာတွက်​တဲ့ အချိန်​တိုင်းအိပ်​​​ပျော်​သွား
လို့ပါ.."

ပြောပြီးသည်​နှင့်​ ဒီ​ရေလှိုင်း၏မျက်​နှာကိုလဲ လှမ်း
ကာ အကဲခတ်​သလို​လေး ကြည့်​လိုက်​​သေးသည်​။
ဒီ​ရေလှိုင်း မျက်​စိ​ရှေ့က ခရမ်းချဉ်​သီးကို တုတ်​နဲ့နာ
နာ​လေးသာ ရိုက်​ပြစ်​ချင်​​တော့သည်​..။

"​ဒီ​နေ့ကစပြီး သချာင်္နဲ့ပတ်​သတ်​တာမှန်​သမျှ..
ငါ့​ရှေ့မှာဘဲလုပ်​ရမယ်​..။ ​နောက်​လ စာ​မေးပွဲ
မှာ အမှတ်​​ကောင်းရင်​ Ipad ဝယ်​​ပေးမယ်​.."

"Ipad? တကယ်​လားဟင်​..."

ဒီ​ရေလှိုင်း၏ စားပွဲ​ပေါ်တင်​ထား​သော လက်​တစ်
ဖက်​ကို သူ့လက်​​လေးဖြင့်​ဆွဲကာ​မေးလာ​သော..
တိမ်​ငယ်​..။ မျက်​လုံး​လေးများက သိသာစွာ...
အ​ရောင်​​တောက်​​နေကာ ဒီ​ရေလှိုင်း၏အ​ဖြေကို..
မျှော်​လင့်​တကြီး ​စောင့်​​နေ​လေသည်​..။

ဒီ​ရေလှိုင်း ​ခေါင်းငြိမ့်​ပြလိုက်​​တော့ သူထိုင်​​နေ​သော
ထိုင်​ခုံမှအတင်းထလာကာ ဒီ​ရေလှိုင်းအနား​ရောက်
လာသည်​..။

Clover your'e my clover[Completed]Where stories live. Discover now