Chapter - 95

13.4K 1.7K 201
                                    

#Unicode

ယနေ့ ရာသီဥတုသာယာနေပြီး နှင်းမှုန်တွေကြားမှ ထွက်ပေါ်လာသည့် နေမင်းကြီးရဲ့အလင်းရောင်ဟာ ရှန်ဟွှာအိမ်တော်တစ်ခုလုံးကို လင်းလပ်တောက်ပသွားစေတယ် … အဲ့ဒိထပ်ပိုပြီး နွေးထွေးစေတာက ရှန်ဟွှာအိမ်တော်ရဲ့ ခြံဝင်းအတွင်း ဝင်ရောက်လာသည့် အနက်ရောင် ကားလေးတစ်စီးထံမှာ ထွက်လာသည့် လူ ၃ ဦးပင် …

" သ … သခင်လေး "

အစောင့်ခမျာ အထိတ်တလန့်ဖြင့် အော်ခေါ်မိသွားသည်ထိပင် … ရှန်ဖန်းဂူရဲ့အရှိန်အဝါက နေမင်းကြီးရဲ့အလင်းရောင်ထပ်တောက်ပနေပြီး မြင်သူတိုင်း ဦးမညွှတ်ပဲမနေနိုင်တော့ချေ … သူ့ရင်ခွင်ထဲမှာပွေ့ချီထားသည့် ၄ နှစ်အရွယ် ကလေးငယ်လေးက အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တည်ငြိမ်နေပြီး ဖခင်သွေးအပြည့်ပါကာ ငယ်ရွယ်ပေမဲ့အရှိန်အဝါကမသေးလှ … သူ့ရဲ့ဘေးနားမှာရပ်နေသည့် လှပသည့်သူက အိုမီဂါမှန်းသိသာပြီး လက်တွေကို တင်းကြပ်စွာဆုတ်ကိုင်ထားပုံကိုကြည့်ချင်းအားဖြင့် ထိုသူဟာ သခင်လေးရဲ့မိတ်ဖက်မှန်း အားလုံးသိသွားကြကာ သူတို့သခင်လေးရဲ့မိသားစုကို ဦးညွှတ်ကာ စီးကြိုလိုက်ကြတယ် …

ရှန်ဖန်းဂူဟာ မင်းယွီလက်ကိုဆွဲရင်း လုယီလေးကိုပွေ့ချီထားကာ ဦးညွှတ်နေကြသည့် ရှန်ဟွှာအိမ်တော်ရဲ့အစောင့်အရှောက်တွေကို ဖြတ်ကျော်ကာ ရှန်ဟွှာအိမ်တော်ကြီးအတွင်း ဝင်ရောက်လာခဲ့လေတယ် … မင်းယွီ ရင်တုန်နေပေမဲ့ တင်းကြပ်စွာဆုတ်ကိုင်ထားတဲ့ ဖန်းဂူရဲ့လက်တွေကြောင့် ကြောက်စိတ်များမပိုခဲ့ … ယုံကြည်မှုအပြည့်ဖြင့် ဖန်းဂူအနားမှာရှိနေတာက သူ့အား လုံခြုံမှုအပြည့်ရှိစေတယ် …

အိမ်တော်ထဲအရောက်တွင် ဧည့်ခန်းထဲတွင် ထိုင်နေသူက သခင်ကြီး ရှန်ကူးမန်ဖြစ်ပြီး ရှန်ဖန်းဂူတို့ မိသားစုကို မြင်လိုက်ရသည့်အခါ ထိုင်ခုံပေါ်မှ ထမိလျှက်သားဖြစ်သွားလေတယ် …

" သား "

သူ့ရဲ့နှုတ်မှရေရွတ်ရင်း ခြေလှမ်းတွေက ဖန်းဂူတို့ထံလျှောက်လှမ်းနေ၏ … ယခင်အချိန်တွေတုန်းက ဖခင်နဲ့ဆက်ဆံရေးအဆင်မပြေခဲ့ပေမဲ့ ယခုအချိန်မှာတော့ ဖန်းဂူကိုယ်တိုင် ဖခင်နေရာသို့ ရောက်ရှိသွားသည့်အခါတွင် ငယ်ဘဝအသိဉာဏ်ထဲမှထွက်လာသည့် ဖခင်နဲ့အတူ ကျွန်ပေါ်မှာ ကစားခဲ့ရသည့်အချိန်တွေကို ပြန်မြင်ရောင်ရင်း အေးဆက်နေသည့်သားအဖဆက်ဆံရေးကြား နွေးထွေးတဲ့မှတ်ဉာဏ်တွေကြောင့် ဖန်းဂူ ဖခင်ကို လျစ်လျူရှုထားရန်မဖြစ်နိုင်တော့ခြေ …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now