အခန်း ၁၇[သမားတော်သုံးငွေခေါင်းလောင်း ၃]

2.9K 622 46
                                    


[[Unicode]]

“ငါ.."

ရွှဲ့ရှန်၏အလျင်စလိုတိုက်တွန်းနေမှုကြောင့်ကျန်းရှီနင်ခပ်မြန်မြန်ပြေးနေရပေမဲ့လည်းစိတ်ထဲဆိုင်းတွနေမိသည်။

"ဒီအကြံအစည်ကမသင့်တော်ဘူးလို့ငါထင်နေတုန်းပဲ"

"ဘာကမသင့်တော်တာလဲ?"

ရွှေလုံးကိုပွတ်သတ်နေသောရွှဲ့ရှန်ထံမှအမေးစကားထွက်လာသည်။

"ဆရာတော်တစ်ပါးတည်းထားခဲ့ပြီးငါတို့ဘာသာငါတို့ထွက်လာတာကိုလေ"

ကျန်းရှီနင်ပြန်ဖြေစကားကြောင့်ရွှဲ့ရှန်သည်ဒေါပွလျက်စိုက်ကြည့်လာပြီး

"စာကြမ်းပိုး..မင်းအိပ်ရင်းလမ်းလျှောက်နေတာလား?သူကတစ္ဆေဖမ်းတဲ့သူ..ငါတို့နှစ်ဦးစလုံးလည်းအဖမ်းခံလိုက်ရတာလေ..ထောင်မှူးကိုအသိပေးပြီးထောင်ကထွက်ပြေးတဲ့အကျဥ်းသားကိုမြင်ဖူးလို့လား?"

"ဟင့်အင်း..မမြင်ဖူးဘူး"

ကြားစဥ်ကတော့မှန်သလိုရှိပေမဲ့လည်းကျန်းရှီနင်သေချာတွေးကြည့်ပြန်တော့ပြန်လည်တွေဝေလာသည်။

"ဒါပေမဲ့..."

"ဒါပေမဲ့ဆိုတာမရှိဘူး"

"သို့ပေမဲ့လည်း.."

"သို့ပေမဲ့ဆိုတာလည်းမရှိဘူး"

ကျန်းရှီနင်လည်းအရှုံးပေးလျက်ခေါင်းငိုက်စိုက်ကျသွားသည်။ရွှေလုံးကိုဖက်ရင်းခြေကားယားလက်ကားယားဖြစ်နေသောရွှဲ့ရှန်သည်မျက်နှာလည်းအတော်ပြောင်လှ၏။

"ငါပြောတာကကျိုးကြောင်းဆီလျော်တယ်"

ကျန်းရှီနင် ; "……"

နင်ရမ်းတိုင်းပြည်၏မြို့တော်အတွင်း၌ညဘက်အပြင်မထွက်ရအမိန့်ကိုထုတ်ပြန်ထားသည်။လမ်းမများနှင့်မြို့တံတိုင်းများထက်တွင်အဟန့်အတားများနှင့်စောင့်ကြည့်ရေးစခန်းများကိုနေရာများပိုင်းခြား၍ချထားသည်။ညဘက်တာဝန်ကျသောအစောင့်သည်အအေးဒဏ်ခံနိုင်ရန်အရက်အိုးကိုသယ်ဆောင်ထားပြီးစခန်းအနီးတွင်ရပ်နေ၏။လေးဖက်လေးလံတွင်ရှိသောမြို့တံခါးများကိုလုံခြုံစွာပိတ်ထားသည်ဖြစ်၍ဤအချိန်မျိုးမှာအပြင်ထွက်ချင်သောအရပ်သားသည်အတောင်ပံပေါက်မှသာပျံတတ်သွားလို့ရမည်။

Copper Coins《铜钱龛世》Where stories live. Discover now