Extra

16.4K 1.2K 40
                                    

*A..B..*

*A..B..*

သားသားကို လက်ရေးကျင့်ပေးနေတုန်း ရိပေါ်က ကျောင်းစာလုပ်သည်။ ဦးကျန့်ကတော့ သူ့အလုပ်ခန်းထဲတွင် အလုပ်လုပ်နေသည်။

*မနားကြသေးဘူးလားကွ..ဒီသားအဖတွေ*

အလုပ်ခန်းထဲက ထွက်လာသည့် ဦးကျန့်က မျက်မှန်ကိုချွတ်ကာ စားပွဲပေါ် တင်ပြီး ရိပေါ်နား ဝင်ထိုင်သည်။

*ခနနေမှ နားတော့မယ်လေ။ သားသားက တစ်ညနေလုံး ဆော့နေတာ*

*ဒက်ဒီ..ဂိမ်းဆော့မို့*

သားသားက ရေးလက်စကို ရပ်ကာ သူ့ ဒက်ဒီဆီ ထပြေးလေသည်။ ဦးကျန့်က သားသားကို ပွေ့ချီကာ

*စာက ရေးပြီးလို့လား သားက..ပါးပါးက ဒေါသတွေထွက်ပြီး ရိုက်လိမ့်မယ်နော်*

ရှောင်းကျန့်စကားကြောင့် သားသားက ချာတိတ်ကို သူ့ရင်ခွင်ထဲကနေ ကြည့်သည်။

*တားတားက ခုမှ ဆော့မှာလေ..ပါးပါးကယဲ*

*ဘာ အခုမှဆော့မှာလဲ သားသားနော်။ ညနေကလဲ စာမရေးချင်လို့ ပတ်ပြေးနေတာကို..ဦးကျန့်မလာခင်ရှေ့လေးကမှ အဝတ်အစားလဲပေးရတာ*

*ဟုတ်လား..နောက်ဆို အဲ့လိုဆိုးရင် ဒယ်ဒီက မချစ်ပဲနေမှာနော်*

*ဟုတ်..သားသားလိမ်မာပါ့မယ်*

သူ့ဒက်ဒီလည်ပင်းကို ဖက်ကာ မျက်နှာလေး အပ်ထားသည့် သားသားက တစ်ကယ့်အချွဲတုံးလေးပင်။

*ဒယ်ဒီနဲ့ ကာတွန်းကား ကြည့်ကြမယ်*

ဂိမ်းဆော့လျှင် မနားတော့သည့် သားသားကြောင့် ကာတွန်းကား ကြည့်ဖို့ မြှူဆွယ်ရသည်။

သားဖနှစ်ယောက် ကာတွန်းကား ကြည့်နေတုန်း ရိပေါ်မှာ ဦးကျန့်တို့ စားဖို့ အသီးတွေသွားပြင်ပေးရန် ထလာရသည်။

အိမ်က အကူအဒေါ်ကြီးတွေကိုက ညပိုင်းဆို ပြန်ခိုင်းပြီး မနက်ပိုင်းတွေနဲ့ ညနေလောက်သာ နေခိုင်းသည်။

ပန်းသီးစိတ်တွေနဲ့ လိမ္မော်သီးတွေ၊ စပျစ်သီးတွေကိုပါ ရေခဲသေတ္တာထဲက ထုတ်ပြီး အရှေ့ယူလာပေးကာ သားသားနဲ့ ဦးကျန့်ရှေ့ ချပေးလိုက်၏။

RestartWhere stories live. Discover now