🦋14🦋

670 87 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋14🦋

       ဤသို့ဖြင့် အပြန်လမ်းတွင် ။

"ကျင်းကိုကို.... ရှီချိုးက အလင်းမဲ့တောင်ထွတ်ကဆိုတော့ ကျင့်ကြံခြင်းအဆင့် မြင့်မှာပဲနော်......"
"စောစောက မင်းမတွေ့လိုက်ဘူးလား"

"တွေ့တော့တွေ့တယ်လေ ဒါပေမယ့် ကြည့်ရုံနဲ့မှမသိနိုင်တာ...."

'ရွှီ.....'

"သတိထား....."

       အရှိန်ပြင်းပြင်း ဝင်လာသည့် မြှားတစ်စင်းသည် သူတို့နှစ်ယောက်လုံးအား သတ်ဖြတ်နိုင်တဲ့အထိ အားအပြည့်ပါလာသည်။ ဟွမ်ကျင်းရွှေသူမကို အနားဆွဲကပ်လိုက်ကာ ဘေးသို့ရှောင်လိုက်ခြင်း မဟုတ်ရင် မြှားကသူတို့နှစ်ယောက်ကို ထုတ်ချင်းပေါက်သွားနိုင်သည်။

       ဟွမ်ကျင်းရွှေတို့သည် လေထုထဲကနေ ပေါ်ထွက်လာသော လိုင်မုန်နဲ့ ဟိုင်ယူအား တွေ့ရလေ၏။

"ဟွမ်ကျင်းရွှေ.... ဂိုဏ်းကနေ အထုတ်ခံလိုက်ရပြီဆိုတော့ ဘယ်လိုလဲ ကိုယ့်အသက်ကိုကာကွယ်ဖို့ အဆင်သင့်ဖြစ်ပြီလား...."

"ကျင်းကိုကို....တိုက်ရမလား"
"ယွိယွိကိုခေါ်လိုက်...."

"အွန်း....."

        လော့လော် ယွိယွိကို ခေါ်မလိုအပြင်တွင် လိုင်မုန်နှင့်ဟိုင်ယူသည် တစ်စုံတစ်ယောက်၏ အချက်ပြသံကို ကြားလိုက်ရတာကြောင့် ခဏလေးတောင် တုံ့ဆိုင်းမနေဘဲ သူတို့အနားကနေ ထွက်ခွာသွားလေ၏။

"အဲ..... ဘယ်ပြေးတာလဲ.... တိုက်မယ်လေ ကြောက်သွားပြီလား"
"တော်တော့.... ကြည့်ရတာ ဟုန်ကျင်းကျောင်းမှာ တစ်ခုခုဖြစ်နေပုံပဲ.... "

"အဟား.... ဘာဖြစ်မှာမလို့လဲ စာကြည့်တိုက်ကြီး မီးလောင်သွားလို့လား.... ဟွန့်...."

        ကျောင်းကလည်း ထုတ်ပယ်၊ ဂိုဏ်းကလည်းထုတ်ပယ်ခံထားရတာတောင် မကျေနပ်နိုင်ကြသေးတဲ့ ထိုနှစ်ယောက်ကို ကိုင်ပေါက်ပစ်ချင်တဲ့စိတ်တွေက ထိန်းမရအောင်ပဲ။

       တိမ်လွှမ်းတောင်ထွတ်သို့ ပြန်ရောက်သောအခါ ဟုန်ကျင်းကျောင်းနှင့် တိမ်လွှမ်းတောင်ထွတ်ကို ဆက်သွယ်ထားသော ကြိုးတံတားသည် ​ဖျက်စီးခံလိုက်ရသည်ကို တွေ့လိုက်ရလေ၏။ အကြောင်းပြချက် တစ်စုံတစ်ရာတောင် မပေးပါဘဲ ဖြတ်ပစ်လိုက်သည်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now