Chapter - 97 🚨🌚

23.3K 2.2K 286
                                    

Unicode
~~~~~~~

နှင်းမှုန်တွေက တစ်စထပ်တစ်စပို၍များပြားလာပြီး ကားလမ်းပင်မမြင်ရလောက်တဲ့ထိ ဖုံးလွှမ်းသွားလေတော့တယ် … ဒီရာသီဥတုက ခရီးထွက်ရန်ကောင်းတဲ့အချိန်အခါမဟုတ်သလို ယဉ်မောင်းများအဖို့ လွန်စွာ ခက်ခဲစေတယ် … သူတို့ဦးတည်နေတဲ့အရပ်က မြို့ပြင်မှာရှိနေတဲ့ ယာရှာရဲ့ကိုယ်ပိုင်လေဆိတ်ထံသို့ …

မင်းယွီ စိတ်နဲ့လူမကပ်ဖြစ်နေပြီး ကားမီးအလင်းရောင်ပင်မထိုးဖောက်နိုင်လောက်အောင် နှင်းမှုန်တွေထူထပ်နေသည့် အမှောင်ထုကြီးအား ငေးကြည့်ရင်း လိုက်ပါလာခဲ့တယ် … ကားလမ်းကမြင်မရတော့ စမ်းတဝါးဝါးဖြင့်မောင်းနေရသည်မို့ ထွက်လာတုန်းကထက် အရှိန်ကနှေးနေတယ် …

ယာရှာရဲ့လူယုံက သတိဝီရိယရှိပြီး ပါးလစ်သူမို့ တစ်စုံတစ်ရာမူမမှန်သည်ကို ချက်ချင်း သိလိုက်ရတယ် … နှင်းမှုန်တွေက အရာအားလုံးကို ဖုံးအုပ်ထားနိုင်ပေမဲ့ အသံကိုတော့ဖုံးကွယ်မထားနိုင်ပေ … သွားလာနေကြ လမ်းကြောင်းတွေမို့ မျက်စိမှိတ်ပြီးသွားနိုင်ပေမဲ့ သူ့ရဲ့နဘေးမှာ လွန်စွာအရေးကြီးသည့် ပုဂ္ဂိုလ်ရှိနေ၍ နည်းနည်းလေးမှ သတိမလွတ်ရဲခြေ …

တစ်စထပ်တစ်စ ထူထပ်လာတဲ့နှင်းမှုန်တွေနဲ့အတူ နောက်ဆုံး လမ်းမမြင်ရတော့သည့်အဆုံး  ဒီနေရာမှာပဲ ခနလောက်ရပ်တန့်မည်ဟု ဆုံးဖြတ်လိုက်တယ် … ထိုလူက ကားပြတင်းပေါက်ကနေအပြင်သို့ငေးမောကာ ကြည့်ပြီး လွမ်းဆွတ်ကြေကွဲနေတဲ့ မင်းယွီကို တည်ငြိမ်စွာဖြင့် မေးလိုက်တယ် …

" Sr ကျန်တော်တို့ ဆက်သွားရင် အန္တရာယ်များမယ်ထင်တယ် … နှင်းမိုးဆဲတဲ့ထိစောင့်ကြည့်ရင်ကောင်းမလား "

ထိုအခါမှ မင်းယွီသတိဝင်လာပြီး ခနရပ်တန့်ဖို့ ခွင့်ပြုလိုက်တယ် … သို့ပေမဲ့ သူတို့ရပ်တန့်ရန်ဆုံးဖြတ်၍မှမဆုံးသေး ရုတ်တရပ် ကားဟာ ထိုးရပ်သွားလေတော့တယ် … အရှိန်ကပြင်းတာမို့ မင်းယွီ ခေါင်းနဲ့ကားမှန်မတိုက်မိစေရန် မနဲထိန်းလိုက်ရလေတယ် …  ထိုခန၌ မင်းယွီ ရင်ဘက်တစ်ခုလုံး တဒုန်းဒုန်းဖြင့်ခုန်ပေါက်ကာ ထိပ်လန့်သွားမိတယ် … 

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now