Chapter - 8 (ဒယ်ဒီ ရောက်နေပြီ)

24.3K 2.4K 71
                                    

Zawgyi

ကုဖုန်းမော့ဟာ ဘာဆက်ပြောရမလဲမသိ ဆွံအသွားခဲ့ပေမယ့် ထွက်သွားရန်ပြင်နေသည့် လော့ရှန်ဟွာရဲ့လက်ကို ဆောင့်ဆွဲလိုက်တော့ သူ့ထက် ခေါင်းတစ်လုံးလောက်ပုပြီး အကောင်သေးသည့် လော့ရှန်ဟွာရဲ့ကိုယ်လုံးလေးဟာ သူ့ရင်ခွင်ထဲကျသွားတော့သည်၊ရင်ဘက်ချင်းတိုက်သွားပြီး ပိုမိုနီးကပ်နေတာကြောင့် သူ့နှာခေါင်းထဲ ရနံ့သင်းသင်းရနေပြီး ထိုရနံ့ဟာ သူ့ရင်အစုံကို အပြတ်ခုန်အောင်လုပ်နေပြန်သည်၊ ဘယ်ကနေ ရတာလဲ ဒီရနံ့က...သေချာတာကတော့ သူ့ရင်ခွင်ထဲက ကောင်လေးဆီကပဲ... သူရဲ့လက်တစ်ဖက်ဟာ သူကိုယ်တိုင်တောင်မသိဘဲ လော့ရှန်ဟွာရဲ့ ခါးသိမ်သိမ်လေးပေါ် တင်းကြပ်စွာကိုင်မိလိုက်ပြီး ပိုမိုနီးကပ်စွာ သူ့အနီးတိုးကပ်လိုက်မိသည်၊

ထိုနောက် သူ့ရလိုက်သည့် ထိုရနံ့သင်းသင်းလေးရဲ့တည်နေရာကို ရှာဖွေရန် ခါးအနည်းငယ်ကိုင်းလိုက်ပေမယ့် လက်သေးသေးလေးတစ်စုံဟာ သူရဲ့ရင်ဘက်ကိုတွန်းလိုက်ပြီး သူရင်ခွင်ထဲကထွက်သွားကာ.. ဒေါသထွက်နေသည့် အပြာရောင်မျက်ဝန်းလေးတစ်စုံကြောင့် ကုဖုန်းမော့မှာ နားထိပ်ပင်ရဲတွတ်သွားသည်၊သူအချစ်ဆိုတဲ့အရာကို တစ်ခါမှ မခံစားဖူးချေ၊များစွာသော မိန်းမပျိုလေးတွေနဲ့လူငယ်လေးအချို့ရဲ့ ချစ်ကြိုက်မှုသာခံခဲ့ရပြီး သူ့ဘက်ကနေ ခံစားခိက်ဝင်တာ ဒါပထမဆုံးပေ၊ ပြီးတော့ သူ့စိတ်ထဲမှာပြောနေတယ်

ရှေ့ကလူငယ်လေးက မင်းအပိုင်ဘဲ သူ့ကိုရအောင် သိမ်းယူလိုက်...သူက ဒီကမ္ဘာပေါ်မှာအရှားပါးဆုံးကျောက်မျက်ရတနာထက်တောင်တန်ဖိုးရှိတဲ့သူ ဆိုပြီး ပြောနေတယ် ၊

"အတန်းဖော်ကုဖုန်းလော့ မင်းဘာလုပ်တာလဲ"လို့ လော့ရှန်ဟွာဟာ ရုတ်တရက်ကြီး လူကိုလာဖက်သည့် ကျောင်းသားကြောင့် စိတ်ထဲထောင်းခနဲဖြစ်နေပေမယ့် တစ်ဖက်က ဘယ်လိုလူမျိုးမှန်းမသိတာကြောင့် လက်လွန်ခြေလွန်မဖြစ်မိစေရန် ထိန်းသိမ်းခဲ့ရသည်၊

"ငါ... ငါ မင်းကို သဘောကျတယ် " လို့ ပါးနှစ်ဖက် နီရဲနေပြီး သူ့အားကြည့်ကာပြောလာသည့် ကုဖုန်းမော့ကြောင့် လော့ရှန်ဟွာမှာ ကြောင်အသွားတော့သည်၊ဒီကောင် ငါအော်လိုက်လို့ ကြောင်သွားတာလားဟ??

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now