Part-43

21.7K 2.4K 217
                                    

(Zawgyi)🍀🍀🍀🍀🍀

Part-43
(ကိုယ်...ချစ်သော clover..!!..)

ရေချိုးခန်းသုံး​ရေပန်းမှတစ်​ဆင့်​​ရေများသည်​...
သစ်​မိုးအိမ်​၏မျက်​နှာ​ချော​ချောနှင့်​ အချိုးအစား
ကျလှ​သော ခန္ဓာကိုယ်​​ပေါ်သို့ သိပ်​သည်းစွာ
အဆက်​မပြတ်​ကျဆင်း​နေသည်​။

သစ်​မိုးအိမ်​ စိုစွတ်​​နေ​သောဆံပင်​များကို
သပ်​တင်​လိုက်​ကာ ​ရေပန်းပိတ်​ခလုတ်​ကိုပိတ်
ပြီး ​ရေများကျဆင်း​နေမှုကို ရပ်​တန့်​လိုက်​သည်​။

ရေချိုးခန်းသုံးတဘတ်​ဖြင့်​ ခန္ဓာကိုယ်​မှ​ရေများကို
သုတ်​လိုက်​ပြီး တစ်​ခါတည်းယူလာ​သော ​ခေါင်းစွပ်
အင်္ကျီနှင့်​ ​ပေါ့​ပေါ့ပါးပါးဖြစ်​​စေမည့်​ ​ဘောင်းဘီတစ်
ထည်​ကို ဝတ်​ဆင်​လိုက်​သည်​..။ ယခုတိုင်...
တစ်​စက်​တစ်​စက်​​ကျ​နေဆဲဖြစ်​​သော ဆံပင်​များ
ကို​တော့ တမင်​မသုတ်​ဘဲချန်​ထားလိုက်​သည်​။
ခေါင်းသုတ်​ရန်​ တဘတ်​တစ်​ထည်​ကို ယူကာ
အပြင်​ကိုထွက်​လာလိုက်​သည်​။

သစ်​မိုးအိမ်​ ​ရေချိုးတိုင်း​ ​ခေါင်းကိုစို​အောင်​...
သက်​သက်​လုပ်​​လေ့ရှိသည်​။ အ​ကြောင်းက
တော့ သစ်​မိုးအိမ်​၏ သစ်​ရွက်​စိမ်းက သူ၏
လက်​​သေး​သေးဖြင့်​ ဆံပင်​များကိုထိကိုင်​ကာ
သုတ်​​ပေးသည်​ကို သ​ဘောကျ​သော​ကြောင့်​..
ဖြစ်​သည်​..။

ထိုအချိန်​တိုင်း ကိုကို့ clover က လိမ္မာလိုက်
တာဆိုကာ လက်​​သေး​သေး​လေးများကို ချုပ်​ပြီး
မျက်​နှာ​လေးအနှံ့နမ်းပြစ်​သည်​က​တော့ သစ်​မိုးအိမ်
ကြိုက်​​သော ​ခေါင်းစဉ်​တစ်​ခုပင်​..။

"clover စာလုပ်​လို့ပြီး...."

သစ်​မိုးအိမ်​ ရွက်​စိမ်းရှိရာဘက်​သို့လှမ်းကြည့်​ရင်း
ပြောလိုက်​ခြင်းဖြစ်​သည်​။ သို့​သော်​ မြင်​လိုက်​ရ
သော မြင်​ကွင်းက သစ်​မိုးအိမ်​၏မျက်​နှာ​ချော​ချော
ကို ထိတ်​လန့်​မှု​ကြောင့်​ ဖြူ​လျော့သွား​စေသည်​...။

သစ်​မိုးအိမ်​၏ ​ခေါင်းသုတ်​​နေဆဲလက်​များ
ရပ်​တန့်​သွားသလို အ​တွေးနုနု​ကြောင့်​ တွန့်​​ကွေး
နေ​သော နှုတ်​ခမ်း​ထောင့်​များလည်း ​ပြေ​လျော့သွား
သည်​။ ​ပြောလက်​စ စကားများသည်​လည်း ရပ်​တန့်
ကုန်​ရကာ လက်​ထဲမှပုဝါ​လေးသည်​ ကြမ်းပြင်​​ပေါ်
သို့ ပုံကျသွားရသည်​..။

Clover your'e my clover[Completed]Where stories live. Discover now