အပိုင်း ၁၁

5.3K 499 18
                                    

Unicode

   

         

     ပိုင်ဝေ့ရှင်း လည်ပင်းထဲ ကန့်လန့်ခံသွားသောမုန့်များအား လက်ဖက်ရည်ဖြင့် အမြန်မျှောချရတယ်။
ကျောသို့ အသာအယာထုပေးနေသော ရှီဖုန်းအား
ရပြီအဆင်ပြေပြီဆိုသော သဘောဖြင့် လက်ကာပြလိုက်သည်။

"ကျသွားပြီ သက်သာပြီ ဆက်မထုနဲ့တော့ အဆုတ်တွေကွာတော့မယ်''

'' ကိုယ်တောင်းပန်ပါတယ်.. စိတ်လောသွားလို့ပါ.. သက်သာတာသေချာရဲ့လား ကိုယ် သမားတော်ပင့်ခိုင်းလိုက်ရမလား..သွေးဖောက်လိုက်ရင် ပိုသက်သာမယ်''

''အမလေး ရတယ် မပင့်နဲ့ ဒီခေတ်က အပ်တွေကအကြီးကြီး
ဆေးထိုးအပ်နဲ့တောင် အသေအော်ရတာ ဒီကအပ်တွေနဲ့သာဆို အသက်ထွက်ပြီး အိမ်ပြန်ရပဲနေမယ်''

''ဆေးထိုးအပ်??  အာ့တာဘာလဲ ဝေ့အာ''

'''ခွီးးး ရှင်ကြီး ကျမကို ဘယ်လိုခေါ်လိုက်တယ်''

'' ဝေ့အာလို့လေ''

''နောက်မခေါ်နဲ့ လည်ပင်းနင်တယ်''
(အော် roချင်ရှာလို့ပါ ချိမရယ်)

''.....''

''ထားလိုက်ပါ ဒီကိစ္စနောက်မှဆွေးနွေးတာပေါ့... အခု ဘာလာလုပ်တာလဲ''

''မင်းကိုလာခေါ်တာလေ.. နေစောင်းတော့မယ် ပြန်ကြစို့.''

မွန်းလွဲရုံသာရှိသေးသောနေမင်းကြီး🙄🙄❓❓

''ဟုတ်ပါပြီ.. ဒါဆိုလဲ ဧကရီတို့ကို သွားနှုတ်ဆက်ပြီးပြန်ကြတာပေါ့... ဒေါ်လေး ရှင်းအာပြန်တော့မယ်.. မှာထားတာမမေ့နဲ့နော် အားကိုးမယ်နော် ဒေါ်လေးရေ ဝေါ်အိုက်နီ 🙆'''

ပိုင်ဝေ့ရှင်း အကျင့်ကပါနေသော လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ကာ အသဲပုံလုပ်ပြလိုက်မိသည်။
ဒီကောင်မလေး ဘာလုပ်ပြလိုက်တာလဲ.. ??

ပိုင်ဝေ့ရှင်း လုပ်ပြပြီးမှသတိရတယ်။ ဒီခေတ်မှာ အာ့လိုပုံစံမျိုးမရှိဘူးဆိုတာကို
တေပြီလေဟယ် ငါလေးကို အထူးအဆန်းလို ဝိုင်းကြည့်နေကြပြီကောလား.။

''ဟီး  သွားပြီနော် ဘိုင့် '..အဲ့လေ..ဘယ်လိုပြောရလဲမသိဘူး...  နှုတ်ဆက်ပါတယ်ပြန်လိုက်ပါဦးမယ် ''"

ချစ်သောဗီလိန်လေး 1  (Complete) Where stories live. Discover now