12

6.9K 839 23
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH12-WHAT GOES AROUND COMES AROUND

မစ္စတာလျိုမှာ စစ်ဆေးမေးမြန်းရန်အတွက် ခေါ်ဆောင်သွားခြင်းခံရပြီး ရှန့်မင်အော်မှာလည်း Law Firmအား ကိုယ်စားပြုရပ်တည်ရန် တစ်ပါတည်းလိုက်ပါသွားရ၏ ။ ဝူရိကား လုဖုန်းကိုအတင်းတိုက်တွန်းကာ ဒဏ်ရာကိုကုသရန် ဆေးရုံသို့ခေါ်ဆောင်သွားတော့၏ ။

ကံကောင်းထောက်မစွာပင် တံတောင်ဆစ်မှဒဏ်ရာနှင့် ဆောင်းရာသီ၏အေးစိမ့်စိမ့်အချမ်းဓာတ်မှာ နေသားကျအံကိုက်ဖြစ်သွားပုံရသည် ။ အင်္ကျီလက်ရှည်အောက်တွင် ဖုံးကွယ်လိုက်ရုံနှင့် အလွယ်တကူ မမြင်မတွေ့နိုင်တော့ပေ ။  အကယ်၍ အမေက လုဖုန်းလက်မှဒဏ်ရာအားမြင်ခဲ့သော် ဒဏ်ရာဘယ်လိုရခဲ့ကြောင်းကို အတင်းအကျပ်မေးမြန်းပေလိမ့်မည် ။

"ဒီနေ့ ခင်ဗျာရှိနေပေးခဲ့တာ တကယ့်ကျေးဇူးတင်စရာပဲ မစ္စတာလု ၊ မဟုတ်ရင် ဘယ်လိုတွေဖြစ်ကုန်မလဲဆိုတာ မတွေးရဲစရာပဲ "

ဝူရိကား လုဖုန်းကိုအိမ်လိုက်ပို့ပေးရင်း ကားထဲမှာစကားပြောနေခဲ့၏ ။

"လောင်ရှီးကလည်း အချိန်မှီပြန်ရောက်လာပေလို့ပဲ ၊ ဘာပဲဖြစ်ဖြစ် အဆိုးဆုံးအခြေအနေမရောက်ခဲ့တာ ကံကောင်းတယ်ပဲပြောရမယ် "

လုဖုန်း ကားနောက်ခုံမှာထိုင်နေရင်း လက်ကောက်ဝတ်ကို တစ်ချက်လှည့်,ကြည့်နေမိ၏ ။ လက်ကိုစည်းထားသောပတ်တီးမှာ တင်းကြပ်နေသောငြား လက်မလှုပ်နိုင်လောက်သည်အထိတော့မဟုတ် ။

"ဒါနဲ့ ရှေ့နေဝူက သူ့ကိုဆရာ(လောင်ရှီး)လို့ခေါ်တာက သူ့တပည့်ဖြစ်ဖူးလို့လား ?"

"အဲ့လို မဟုတ်ပါဘူး ၊ လောင်ရှီးလို့ခေါ်တာမှန်ပေမဲ့ ပညာရေးမှာသုံးတဲ့အသုံးအနှုန်းမျိုးမဟုတ်ဘူး ၊ ကျွန်တော် မေတန်ဆေးဝါးလုပ်ငန်းမှာလုပ်တုန်းက လောင်ရှီးရဲ့လက်ထောက်လေ ၊ ပြီးတော့ သူကပဲကျွန်တော့်ကိုပညာတွေအများကြီး သင်ပေးခဲ့တာ ၊ ကျွန်တော်လေးစားရတဲ့ စီနီယာတစ်ယောက်အနေနဲ့ သူ့ကိုလောင်ရှီးလို့ခေါ်တာ ၊ လွန်ခဲ့တဲ့နှစ်လ လောင်ရှီး,မေတန်ဆေးဝါးလုပ်ငန်းကနေ ထွက်သွားမယ်လုပ်တုန်းက ကျွန်တော်ပါထွက်ပြီး လောင်ရှီးနောက်လိုက်ဖို့လုပ်ခဲ့တာ ၊ အစက သူငြင်းမှာတောင်စိုးရိမ်နေသေးတယ် ၊ ဒါပေမဲ့တော်ပါသေးတယ် လောင်ရှီးကသဘောတူခဲ့တယ်လေ "

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now