Episode - 23 ( Z+U)

13.9K 1.3K 47
                                    

Unicode
...................

ကားလေးသည် တိတ်ဆိတ်စွာမောင်းနှင်ရင်း တိုက်ခန်းလေးသို့ပြန်ရောက်လာသည်။

" Zale စာလုပ်တော့နော် ဝင်ခွင့်က နောက်လဖြေရမှာ "

" ဟုတ် "

" ပြီးခဲ့တာတွေကိုစိတ်ထဲမထည့်နဲ့ ကိုယ့်ဘဝတိုးတတ်ဖို့အတွက်ကိုပဲတွေးတော့ မင်းကိုကိုယ့်ညီလေးအရင်းလိုစောင့်ရှောင့်ပေးမယ် ဟုတ်ပြီလား? "

Rhon ရဲ့စကားကြောင့် အားရှိသွားသလိုပင် စိတ်ထဲလန်းဆန်းသွားသည် ။ ကျွန်တော်လည်းအားကိုးပါရစေ အကိုRhon ။

တီးတောင်.....တီးတောင်.....

" ခဏဘယ်သူလဲမသိဘူး အကိုသွားဖွင့်ပေးလိုက်မယ် Zale ကအင်္ကျီ လဲလိုက်တော့နော် "

"ဟုတ် "

Zale ကိုပြောကာ Rhon လည်း တံခါးသွားဖွင့်ပေးလိုက်သည်။

တံခါးဖွင့်ဖွင့်ချင်းပဲ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် Rhon အံ့သြသွားသည်။

" ဒေါ်လေး "

အင်္ကျီ ဘောင်းဘီ တွဲရက်ကိုဝတ်ဆင်ကာ နေကာမျက်မှန်ကိုတပ်ထား၍ အနီရဲရဲကိုဆိုးထားသော နှုတ်ခမ်းတို့သည်လှပသေသပ် တောက်ပနေသည်။

" မင်လည်းနော် အိမ်ကိုမကပ်ဘူး "

ဒေါ်လေးဆိုသူက တိုက်ခန်းထဲကိုဝင်လာတာမို့ Rhon လည်းမတားတော့ပေ ။

ထို့နောက် အင်္ကျီ သိမ်းနေတဲ့ Zale ကိုတွေ့သွားကာ

" Rhon ပြောတာ ဒီကောင်လေးလား?"

"ဟုတ်တယ် ဒေါ်လေး "

"မင်းပြောသလိုပဲ ငါ့တူငယ်လေးနဲ့တူလိုက်တာ "

" အင်း...ဟမ်! "

Zale လည်း နားထောင်ကာယောင်၍ အင်း လို့ပြောမိသွားသေးသည်။

အခုချိန် Zale စိတ်ထဲတွင် သူမတူတဲ့ခံစားချက်မျိုးရနေသည်။ နွေးထွေးသလိိုလိုမျိုး။

" ဒေါ်လေးက Rhon ရဲ့အဒေါ်လေ မိဘတွေနဲ့ကွဲ.....အယ်.....Rhon မိဘတွေမရှိတော့ကတည်းက ဒေါ်လေးနဲ့ပဲတူတူ နေလာတာလေ ၊ ဒေါ်လေးနာမည်က Jum
ဒေါ်နန်းညို က‌ေတာ့ မြန်မာမှတ်ပုံတင်ထဲကနာမည်ပေါ့ "

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now