Chapter - 98

17.9K 2.1K 192
                                    

Unicode
~~~~~~~

အိမ်မက်ဆိုးတွေပြီးဆုံးသွားတဲ့အခါ နှင်းမိုးကြီးလဲဆဲသွားလေပြီ … ခရစ္စမတ်နေ့လေးရဲ့ နံနက်ခင်းက ရောင်ခြည်ဖြာနေတဲ့နေမင်းကြီးနဲ့အတူ စတင်လာခဲ့တယ် …

ဖန်းဂူညကအကြောင်းအရာတွေအားလုံးကို အိမ်မက်ဆိုးတွေအလား မေ့ပျောက်သွားချင်ပေမဲ့မေ့မရခဲ့ဘူး … ပူလောင်မှုတွေနဲ့အတူ နိုးထလာခဲ့တယ် … သူ့ရဲ့မျက်ဝန်းတွေဖွင့်လိုက်တော့ ခရစ္စမတ်နေ့မှာ ရရှိတဲ့လက်ဆောင်လေးက သူ့ရင်ခွင်ထဲမှာ ရှိနေခဲ့ပြီ … နှင်းသမျှဖြူစွတ်နေတဲ့ကိုယ်လေးက  သူ့ရဲ့လက်မောင်းတွေကိုဖက်သွယ်ထားပြီး နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ သူ့ရဲ့အိုမီဂါလေး … ဒီလက်ဆောင်က သူ့ဘဝမှာ အပျော်ရွှင်ဆုံးပဲ …

မင်းယွီရဲ့မျက်နှာလေးကို တစိမ့်စိမ့်ငေးကြည့်နေရင်း ညက လူစားထိုးခံလိုက်ရသလို သူ့အားအတင်းမြှူဆွယ်ပြီး ချစ်ရည်လူးခဲ့တဲ့အချိန်တွေကို ပြန်မြင်ရောင်လာကာ ဖန်းဂူပျော်ရွှင်နေမိတယ် … သူ့ရဲ့မျက်နှာမှာ အပြုံးတွေဝေဆာနေပြီး ညကလိုအင်ဆန္ဒတွေပြည့်ဝပြီး ဒီလိုမျိုးအားအင်အပြည့်နဲ့ နိုးထခွင့်မရတာကြာပြီမို့ ဖန်းဂူမထချင်သေးပေ … သူကမင်းယွီမျက်နှာလေးကို ဖွဖွလေးထိကိုင်လိုက်ပြီး Morning Kiss ပေးလိုက်တယ် …

သူ့နှုတ်ခမ်းတွေဖယ်ခွာလိုက်ချိန်မှာပဲ မင်းယွီကိုယ်လေး လှုပ်ရှားလာပြီး မျက်ဝန်းလေးတွေက ဖြေးညှင်းစွာဖြင့် ပွင့်ဟလာခဲ့တယ် … နံနက်ခင်းတစ်ခုရဲ့အစပိုင်းမှာ ကိုယ်ချစ်မြတ်နိုးရတဲ့သူရဲ့မျက်နှာလေးကစီးကြိုနေတဲ့ ကြည်နူးစရာခံစားချက်မျိုးကို  ဘယ်လိုပျော်ရွှင်မှုမျိုးနဲ့မှမလဲနိုင်ဘူး …

မင်းယွီ ယခင်နေ့တွေက နံနက်ခင်းအမြဲလိုလိုနိုးထချိန်တိုင်း ဖန်းဂူမရှိတော့ဘူး … သူကအလုပ်များသလို အဲ့ဒိကြားက သူတို့သားအဖအတွက် အချိန်ပေးလေ့ရှိတယ် … သို့ပေမဲ့ ထွက်ခွာဖို့ဆုံးဖြတ်ထားတဲ့သူက အမြဲလေးလံနေတဲ့ဝန်တစ်ခုကိုထမ်းထားရသလို ပျော်ရွှင်မှုဆိုတာမရှိခဲ့ဘူး … ခုတော့ သူထမ်းထားတဲ့လေးလဲတဲ့ဝန်ကြီးလဲမရှိတော့သလို ဖန်းဂူကလဲသူ့ကိုမုန်းမသွားခဲ့ဘူး … မင်းယွီရဲ့ဒီနံနက်ခင်းလေးက ပေါ့ပါးလန်းဆန်းနေပြီး ခါတိုင်းတွေထပ်ပင် ကြည်နူးစရာကောင်းလွန်းနေခဲ့တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now