Chapter-4(Unicode)

73.4K 7.2K 811
                                    

"လင်းထက်လေးရေ...မမကို ဒီစာရွက်မျိုး အသစ်တစ်ရွက်လောက် ရှာပေးစမ်းပါဦး"

"ဟုတ်ကဲ့...ဟုတ်ကဲ့"

လင်းထက် အလုပ်မရှိ၍ ပျင်းပျင်းနှင့်ထိုင်ငိုက်နေရာမှ အစ်မမေသဇင်၏ စကားကြောင့် ခန္ဓာကိုယ်ဆတ်ခနဲ့ဖြစ်သွားပြီး နေရာမှထကာ စာရွက်များတင်ထားသော စင်ရှိရာသို့ လျှောက်သွားလိုက်သည်။

စင်ပေါ်ရှိ အထပ်ထပ်စီထားသော စာရွက်စာတမ်းများကြားမှ လိုချင်သော စာရွက်ကို လင်းထက် မွှေနှောက်ရှာဖွေလိုက်သည်။ လူနာ၏ chart (လူနာ၏ ဆေးကုသမှုနှင့် သက်ဆိုင်သမျှ ရေးမှတ်သိမ်းဆည်းထားသော ဖိုင်တွဲ) ထဲသို့ ထည့်ညှပ်ရမည့် စာရွက်များက သူ့အထပ်နှင့်သူ စနစ်တကျ စီထားသော်လည်း အစ်မမေသဇင်ပြောသည့် စာရွက်ကိုတော့ တော်တော်နှင့်ရှာမတွေ့။ တွေ့မယ့်တွေ့တော့လည်း ချောင်ထဲ၌ ကပ်နေသည်။ လင်းထက် လက်တံနှင့်လည်း မမှီ၍ ခြေဖျားထောက်ပြီးယူမှရမည်။

ထို့ကြောင့် လင်းထက် ခြေဖျားထောက်၍ ဝမ်းသားအာရ ထိုစာရွက်ကို ဆွဲယူလိုက်သည်။

ဝုန်း!!!

ရုတ်တရတ်ထွက်ပေါ်လာသော အသံကြောင့် တစ်ခန်းလုံး အလန့်တကြားဖြစ်သွားကြသည်။

လင်းထက်လည်း လက်ထဲရောက်လာပြီဖြစ်သော စာရွက်လေးကိုကိုင်ရင်း ကြောင်တောင်တောင်ရပ်နေမိသည်။

မျက်စိတမှိတ်အတွင်းမှာပင် ပြောင်းလဲသွားသော စင်ပေါ်မှစာရွက်များ၏ အခြေအနေ။

ဟိုဟိုသည်သည် ပြန့်ကျဲသွားသော စာရွက်များကို ကြည့်ရင်း လင်းထက် တံတွေးမျိုချလိုက်မိသည်။

ထို့ပြင် မျက်နှာချင်းဆိုင်တည့်တည့်မှ နဂါးမျက်လုံးတစ်စုံက လင်းထက်ကို ပို၍ ရင်တုန်းပန်းတုန်ဖြစ်လာစေသည်။

"ဟယ်...လင်းထက်လေး၊ မမက စာရွက်တစ်ရွက်ပဲ ယူခိုင်းတာလေ၊ တစ်စင်လုံး ဖြိုခိုင်းတာမဟုတ်ဘူး"

အစ်မမေသဇင်က ပြိုကျနေသောစင်ပေါ်မှစာရွက်များကို ကြည့်ကာ ခေတ္တကြောင်နေပြီးမှ အားရပါးရရယ်ရင်း ပြောလာသည်။

လင်းထက်လည်း တစ်ရွက်ပဲယူတာပါ။ သူ့ဘာသူတစ်စင်လုံးပြိုလာတာတော့ ဘယ်တတ်နိုင်ပါ့မလဲ။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now