Ending

6.7K 675 63
                                    

Unicode...

"ဪ...အခု​တော့ ငါကိုယ်တိုင် ငါ့သ​မော်တီး​လေးကို ပြင်​ပေး​နေရပြီ​ပေါ့​အေ"

"မာမီ...သမီးကိုမှတ်မိတယ်မလား...အခု​တော့ မာမီ့လက်ရာနဲ့မကြုံ​တော့ဘူး​ပေါ့"

"မှတ်မိပါ့​အေ..သမီးက တစ်မင်္ဂလာယူပြီးသား​လေ...ဘာလဲ ​နောက်ထပ်တစ်မင်္ဂလာယူချင်လို့လား"

"အဟမ်း...အဟမ်း..."
မီး​လေးရဲ့အမျိုးသားဆီမှ။

** ဦးတာနဲ့ ခခတို့ရဲ့ မင်္ဂလာပွဲက ဘုန်းကြီး​​ကျောင်းမှာ ဆွမ်း​ကပ်ရုံသာဖြစ်ပြီး ဦးတာအိမ်မှာပဲ အသိမိတ်​ဆွေအချို့နဲ့ ကျင်းပမှာဖြစ်တယ်။ ဒါဟာလည်း ဦးတာရဲ့ဂုဏ်သိက္ခာကိုငဲ့​ပေးတဲ့ ခခဆန္ဒ။ **

ဦးတာရဲ့အိမ်~~~

"​ဟေ့​ကောင်​တွေ...ငါတို့တုန်းကလို လုပ်ဦးမလို့လား...ဗီနိုင်းကြီး လာပြန်ပြီ...ခွီး"

ကျွန်​​တော်ရယ်​တော့ ​သော်ကြီးကပါ ထရယ်တယ်။ ကျွန်​​တော်တို့မင်္ဂလာ​ဆောင်တုန်းက သင်းတို့လုပ်တာ နိုင်ငံ​ကျော်မသွားတာ ကံ​ကောင်း​လေ။ အခုလည်း ဗီနိုင်းကြီးဆွဲလာပြန်ပြီ။ ဒီတစ်ခါ​တော့ အတည့်ပါပဲ။

ဦးတာနဲ့ခခ​ရော မီး​လေးတို့စုံတွဲ​ရောက ဘုန်းကြီး​ကျောင်းမှာ ကျန်ရစ်ခဲ့လို့ အိမ်မှာ​ကျွေး​မွေးဖို့ကို ကျွန်​တော်တို့ကပဲ တာဝန်ယူရတာ​ပေါ့။

"ဒီတစ်ခါက သုခကိုယ်တိုင်ဆွဲခိုင်းလိုက်တာကွ...ဘာမှလုပ်ဖို့မရှိဘူး ငါတို့က" (မြတ်သူ)

"ငါတို့တုန်းကလို ကမ္ဘာ့အပြင်ဘက်​လေး ပြန်ဆိုကြပါကွာ...မင်းရယ် ငထွန်းရယ်ဆို​လေ...ဘယ်လိုလဲ"

"​တော်ပါ​တော့ကွာ...အဲတုန်းက​တောင် ​တော်​တော်ရှက်​နေတာ...​တော်ကြာ သုခတစ်​​​ယောက် ဧည့်ခံရင်း တံ​တွေးသီး​​​နေမှ"

​ပြောမရလည်း မ​ပြော​တော့ဘူးကွာ။ အမှတ်တရ​လေးဖြစ်​စေချင်လို့ကို။ ကဲပါ။ စားပွဲပြင်တာပဲ​ကောင်းတယ်။ အုန်းနို့​ခေါက်ဆွဲ​ကျွေးမှာမို့ ဟင်းရည်​တွေ၊ မုန့်ဖက်​​တွေပြင်​ရမယ်​​လေ။ အားလုံးပြီးစီးကုန်​တော့ ဧည့်သည်​တွေလည်း စ​ရောက်လာတယ်။ ဦးတာတို့လည်းပြန်လာကြ​တော့ အ​တော်ပဲဖြစ်သွားတာ​ပေါ့။ ကျွန်​တော်တို့ဘက်က အရင်ဆုံး​ရောက်လာသူက တခြားလူမဟုတ်ပါဘူး။ သူ့သားပူဆာမှုနဲ့ ကျွန်​တော့်မင်္ဂလာပွဲကို​တောင်မတက်နိုင်ခဲ့တဲ့ အ​ဖေတို့ပါပဲ။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now