.. ၁၉၈ ..
7K 746 32
《Zawgyi》
အပိုင်း - ၁၉၈
[အပြောထက် အလုပ်နဲ့ကျေးဇူးဆပ်ရတာ ပိုသဘောကျတယ်  - ၂]
ချင်းစုယွဲ့က နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်သည်။
"ကျွန်မလည်း ဒီလိုပဲထင်ပါတယ် ... ပြောစရာက များများစားစားတော့ မရှိဘူးထင်တာပဲ ... ကျွန်မက ပျော်စရာကောင်းတဲ့မိသားစုမှာ ကြီးပြင်းခဲ့ရတာမဟုတ်ဘူး ... ကျွန်မရဲ့မိဘတွေ ရန်ဖြစ်ဆူပူနေတာကိုကြည့်ပြီး ကြီးပြင်းလာရတယ်လို့ ပြောလို့ရတယ် ... တစ်ခါတစ်လေဆို ကျွန်မပါပါးက မာမားကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေအထိတောင် လုပ်တယ် ... မာမားက ကျွန်မကိုငဲ့ပြီး ပါပါးနဲ့နေနေတာ ဒါပေမယ့် နောက်ဆုံးမှာ သည်းမခံနိုင်တော့ဘူးလေ ... ကျွန်မ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေပြီးတဲ့အချိန်မှာပဲ သူတို့ကွာရှင်းလိုက်ကြတယ်"
နားထောင်ရင်းနဲ့ ချန်းစီနျန်ရဲ့အမူအယာက နည်းနည်းပြောင်းသွားသည်။ ချင်းစုယွဲ့ဘေးမှာ ထိုင်လိုက်ကာ သူမအားရင်ခွင်ထဲ ထွေးပွေ့ထားလေ၏။
ချင်းစုယွဲ့ဟာ မေ့ဖျောက်ထားပေမယ့်လည်း ကျွမ်းဝင်နေတဲ့ မှတ်ဥာဏ်တွေအား ပြန်ပြီးတော့ တွေးကြည့်နေသည်။
"ကျွန်မတို့မိသားစုရဲ့ ငွေကြေးအခြေအနေက အကောင်းကြီးတော့လဲ မဟုတ်ဘူး ... ပါပါးက သောက်စားပြီး အပြင်မှာခြေရှုပ်ရတာ သဘောကျတယ် ... ကျွန်မနဲ့မာမားတို့ သေသေရှင်ရှင် သူ့အတွက် ဘာမှအရေးမပါဘူး  ... ဒါကြောင့်ပဲ ကျွန်မက ကိုယ့်အားကိုယ်ကိုးပြီး ကျောင်းတက်ခဲ့ရတယ် ... ကောလိပ်ရောက်တော့ တစ်ဖက်ကလည်း စာအရမ်းကြိုးစားရတဲ့အပြင် အသက်ရှင်ဖို့ စားဝတ်နေရေးအတွက်လည်း အချိန်ပိုင်းအလုပ်တွေ အများကြီကို လုပ်ခဲ့ရတာ"
ပြောရင်းနဲ့ သူမကရယ်သည်။
"အဲဒီကမ္ဘာမှာသာ ရှင်ကျွန်မကိုတွေ့ခဲ့ရင် ကျွန်မကို သတိထားမိပါ့မလားတောင် မသိဘူး ... ကျွန်မမှာက နောက်ခံကောင်းကောင်းမရှိ.. ဘာအရည်အချင်းမှမရှိ.. ပိုက်ဆံကလည်း မရှိဘူးလေ"
"ဇနီးက ကိုယ့်ကိုယ်ကို ယုံကြည်ချက် နည်းလှချည်လား?"
"မဟုတ်ပါဘူး ... ရှင်က အရမ်းကို ဘဝင်ကိုင်တယ်ဆိုတာ နားလည်နေရုံတင်"