လမ်းခွဲခြင်း

3.8K 296 12
                                    

#Uni

"ဘာလို့ရယ်တာလဲ...ငါလေးဟာသပြောနေတာမဟုတ်ဘူးနော်...နင့်လို လူကြားထဲ မိုးမမြင်လေမမြင် ခါးဖက်လိုက်... လက်ကိုင်လိုက် ပူးကပ်နေတာမဟုတ်ဘူး...''

"မ အပိုပြောမနေနဲ့...သူကအလုပ်ကပါတနာတစ်ယောက်...နောက်ဘာစိတ်မှမရှိဘူး..''

"ဟမ်...ဘာစိတ်မှမရှိဘူးဟုတ်လား...ဟိုနေ့ကချစ် နင့်ဆီလာတော့ နင်နဲ့အဲ့မိန်းမအပြင်ထွက်သွားတာတဲ့... နောက်အဲ့မိန်းမကနင့်ဆီလာနေကျဆို...''

"....''

"တော်တော်မှ ပျော်ရဲ့လား..အလုပ်အကြောင်းပြပြီး နင်တို့ရော နှစ်ယောက်ထဲ တစ်ခန်းထဲမှာ ဘာလုပ်နေကြလဲ...''

"မ ဘယ်လိုတောင် ပြောလိုက်တာလဲ..''

"​ကြားတဲ့အတ်ိုင်းပဲလေ..''

"အစက မကိုချစ်စရာလေးထင်ခဲ့တာ တစ်ခါမှ စိတ်မပျက်ဖူးဘူး...ခု တကယ်စိတ်ပျက်တယ်သိလား... မက ကလေးဆန်တာမဟုတ်ဘူး စဥ်းစားဥာဏ်မရှိတာ..''

"ဘာ..''

"ပြောသင့်လား မပြောသင့်လား စဥ်းစားလား...မ ဖြစ်ချင်တာပဲသိပြီး သူများဘက်ကိုရောတွေးပေးလါး ''

"...''

"မ သိလား...အဲ့အမက မထက်အများကြီးသာတယ်...ပညာရေး လူမှုရေး နေထိုင်ပုံကစ မလိုသူများအပေါ်လဲ မရိုင်းတတ်ဘူး..''

"နင် ခုသူက ငါ့ထက်သာတယ်လို့ပြောချင်တာလား..''

"ဟုတ်တယ်...သာတာမှ မနဲ့ယှဥ်ပြောစရာမလိုအောင်ကိုသာတာ...''

"ကောင်းပြီလေ အဲ့တာဆ်ို လမ်းခွဲ​ကြတာပေါ့..''

"မိချီ..''

"ချစ်...ငါ့အပေါ်အဆိုးတွေမြင်နေပြီး တခြားမိန်းမကိုမှကောင်းတယ်ထင်နေတဲ့သူကို ငါကချစ်နေရမှာလား...ခြံခုန်ချင်တဲ့နွားဆိုတာ တားလဲခုန်မှာပဲလေ..''

"ဘာ...ခုမ ကျွန်တော်ကိုနွားနဲ့ နှိုင်းပြန်ပြီလား...''

"....''

"ဟုတ်တာ​ပေါ့...မက ဟိုအကောင်ကိုမြင်လိုက်တာမလား...အိမ်ထဲလဲဝင်သွားပြီး မက ရေချိုးခန်းထဲကတောင်ထွက်လာတာဆိုတော့..''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now