အပိုင်း(၃၉)အသစ်တဖန် စတင်ခြင်း

17.4K 1.2K 79
                                    

အပိုင်း(၃၉)

အသစ်တဖန် စတင်ခြင်း

" ပါးပါး"

လူနာခန်းထဲအပြေးဝင်ကာ သူ၏ခြေထောက်အား ပွေ့ဖက်လာသည့် ကလေးငယ် ခေါင်းမှ ဆံပင်လေးများအား လွန်းငယ် အသာအယာဖွလိုက်မိသည်။

"ဒီနေ့ ကျောင်းမသွားရဘူးလား ပေါက်စီလေး"

"ကျောင်းပိတ်တယ် ပါးပါး...သားက ပါးပါးဆီ လာချင်တယ်ပူဆာလို့ ဦးဆက်က လိုက်ပို့ပေးတာ"

"သူရော"

"ဦးဆက်က အလုပ်တွေရှိသေးလို့တဲ့...သားကို ဒီရှေ့ထိပဲ လိုက်ပို့ပေးသွားတယ်"

"အင်း ပေါက်စီလေး"

လွန်းငယ် ကလေးအား ပြုံးပြလိုက်ပြီး လက်ထဲကိုင်ထားသော ပျားလိမ္မော်သီးများအား ဆက်၍ အခွံခွာနေလိုက်သည်။

ကလေးငယ်က ချက်ချင်း ကုတင်ပေါ် လှဲကာ သူတို့အားပြုံး၍ ကြည့်နေသူဆီသို့ အပြေးသွားလေတော့သည်။

"ဖေဖေ သက်သာပြီလား"

"သက်သာသွားပြီ သုသု"

လွန်းငယ် အဖေနှင့်သားအား နှစ်ယောက်တည်း လွှတ်ထားကာ အခွံခွာထားသော ပျားလိမ္မော်သီးများအား ပန်းကန်အလွတ်ထဲဂရုစိုက်ထည့်နေလိုက်၏။

"သား ဖေဖေ မှာတာပါလား"

" ပါတယ် ဖေဖေ...သား ဖေဖေမှာတဲ့အတိုင်း အံဆွဲထဲက ယူလာခဲ့တာ"

အင်္ကျီအိပ်ကပ်ထဲ ဝှက်၍ယူလာသော ပစ္စည်းဗူးလေးအား သုသုထုတ်ကာ ဖေဖေ့လက်ထဲသို့ ထည့်ပေးလိုက်၏။

" ကျေးဇူး သုသု"

ခွန်းသုရှင် ပစ္စည်းဗူးအား အနွေးထည်အိတ်ကပ်ထဲ ထည့်လိုက်ပြီးနောက် သားငယ်၏ဆံပင်လေးများအား ဖွကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ဟီး...ဖေဖေ ကံကောင်းပါစေ"

သွားလေးများပေါ်အောင် ရယ်ပြလာသော သားငယ်၏ပါးလေးများအား နမ်းရှိုက်လိုက်သည်။

"သုသု လိမ္မော်သီးစား"

သားငယ်ရှေ့ လိမ္မော်သီးပန်းကန်ထိုးကျွေးနေသော လွန်းငယ်အား ခွန်းသုရှင် ကြောင်ကြည့်လိုက်မိသည်။

စေရာ(Complete)Where stories live. Discover now