Part-7💚

2.8K 153 23
                                    

Unicode

"ဘာ တွဲရမယ်ဟုတ်လား"

"အင်းဟုတ်တယ်"

"မဖြစ်နိုင်တာတွေပြောမနေနဲ့ အဲ့လိုလုပ်မှအလုပ်ရမယ်ဆို သေတောင်လုပ်မှာမဟုတ်ဘူး ခင်ဗျားအလုပ်မပေးလည်း အလုပ်လုပ်လို့ရတဲ့နေရာတွေမှတစ်ပုံကြီးပဲ"

"အင်းပါ မဖြစ်နိုင်တာတွေမပြောတော့ဘူးနော် အလုပ်တော့ကိုယ့်ဆီမှာပဲလုပ် ဟုတ်ပြီလား"

"ခင်ဗျားလည်းစိတ်မမှန်ဘူးထင်တယ်"

ပါးစပ်ထဲကိုဖက်ထုပ်တွေပြည့်အောင်ထည့်ဝါးရင်းပြောနေလေရဲ့ နှုတ်ခမ်းမှာလည်းဖက်ထုပ်ကအရည်လေးတွေစီးကျနေတာကြောင့် Off အမြင်မှာတော့ Gun ကတစ်ကယ်အသည်းယားစရာကောင်းနေတယ်
အဲ့ဒါကြောင့်ထင်ပါရဲ့ လူကြီးကိုမလေးမစားတွေပြောနေတာတောင် ဘယ်လိုမှဒေါသမထွက်နိုင်တာ

"ဘာလို့လဲ"

"ကိုယ့်ကိုကိုယ် ကိုယ်လို့ပြောလိုက် ဦးလို့ပြောလိုက် ငါလို့ပြောလိုက်နဲ့ စိတ်မမှန်တာမဟုတ်ဘူးလား"

"ဟားဟား Gun ကဘယ်လိုပြောတာကြိုက်လဲ"

"ဘယ်လိုပြောပြောကိစ္စမရှိပါဘူး စိတ်ထဲတောင်မရှိတာမို့လို့"

ပါးစပ်ထဲမှာဖက်ထုပ်တွေပြည့်နေတာကြောင့် Gun ရဲ့နှုတ်ခမ်းထူထူလေးကရှေ့ကိုသိသိသာသာထော်ထွက်နေတယ်
အနားကိုတိုးကပ်လိုက်ရင်းသူ့ရဲ့နှုတ်ခမ်းလေးကို"ပြွတ်"နဲအသံထွက်အောင်ဆွဲနမ်းလိုက်တော့မျက်မှောင်ကြုတ်ပြီးပြန်ကြည့်နေလေရဲ့
ဒီလိုလေးကျတော့တစ်ကယ်ပဲဖြူစင်တဲ့ကလေးလေးတစ်ယောက်လိုပဲ အမြဲအဲ့လိုလေးဖြစ်နေစေချင်မိတယ်

"ခင်ဗျားနမ်းချင်တိုင်းနမ်းလို့ရတယ်များထင်နေလား"

"ထင်တာပေါ့"

ချက်ချင်းဆိုသလိုဒိုင်းခနဲကျရောက်လာတဲ့မျက်စောင်းတွေကိုတော့မရှောင်မိတော့ပါဘူး အရမ်းချစ်ဖို့ကောင်းနေတာပဲကို

"ဒါနဲ့ဆိုင်ကဒီတိုင်းထားခဲ့တာလား"

"နေ့လည်တည်းကအလုပ်ကိစ္စရှိလို့ပိတ်ထားတာ
ဒီည Gun နဲ့အတူအိပ်လို့ရမလား"

Sex At 7/11 (completed)Where stories live. Discover now