Episode - 26 (Z+U)

14.7K 1.4K 85
                                    

Unicode
....................

ဆေးရုံကိုရောက်သွားတာနဲ့ အဆင်သင့်ပြင်ပြီးထားသော ကုတင်ပေါ်သို့တင်ကာ ထိုက် ကိုခေါ်သွားကြသည်။ ဘုန်းစစ် က‌ေတာ့ အပြင်မှာသာ နေခဲ့ရသည်။

သူ့စိတ်တွေ ဘယောက်ဘယက်ဖြစ်နေသည်။ အကယ်၍ ထိုက်သာ ၊ အကယ်၍ ဆိုတဲ့ ခေါင်းစဉ်လေးတစ်ခုကတောင် သူ့ကိုသေအာင်သတ်နိုင်သည်။

မနေ့ည ပြန်လာကတည်းက ချွေးစီးတွေပြန်နေပြီး တစ်ကိုယ်လုံး ကိုတုန်ယင်နေလေသည်။

မနက်သုံးနာရီတွင် သူကိုယ်တိုင်ပူရှိန်းရှိန်းဖြစ်လာတာမို့ တစ်ရေးနိုးလာခဲ့သည်။ သိူ့သော် သူ့ကိုယ်က ပူနေခြင်းမဟုတ်ဘဲ သူ့ဘေးက ထိုက်စိုးစံ ဟာအဖျားတွေတတ်နေသည်။

သူထ၍ ထိုက်ကို ရေပတ်တိုက်ပေးကာ အင်္ကျီလဲပေးပြီး သူလည်းထိုက်ဘေးမှာပဲ ပြန်အိပ်ခဲ့သည်။ အဖျားကူးလည်းကူးပါစေတော့ အခုချိန် ထိုက် ရဲ့ဘေးမှာ သူရှိနေသင့်တာလေ ။

သိပ်မကြာခင် အခန်းထဲမှ ဒေါက်တာထွက်လာ၍ ဘုန်းစစ်ဆီသို့ရောက်လာသည်။

" ဒေါက်တာ ထိုက် က...."

" စိတ်ပူစရာမရှိပါဘူး ။ ပင်ပန်းနေလို့ဖြစ်သွားတာပါ တစ်နေ့ကို ၁ လီတာရေဘူး၂ဘူးလောက်ကုန်အောင်တိုက်ပေး ရေဓာတ်ခန်းခြောက်နေတယ် "

" ဟုတ်ကဲ့ပါ ဒေါက်တာ အခုဝင်တွေ့လို့ရပြီလား? "

" ရပါပြီ ဂရုတော့စိုက်ပေးနော် "

ဘုန်းစစ် လည်းခေါင်းငြိမ့်ပြရင်း ထိုက် ကိုရွှေ့ထားသော အခန်းထဲသို့ ဝင်လာလိုက်သည်။

ထို့နောက် ထိုက် ဘေးနားတွင်ဝင်ထိုင်ကာ အိပ်ပျော်နေသော ထိုက် ရဲ့လက်ကလေးကိုကိုင်၍ ငိုမိသည်။

ဒါတွေက သူသေချာဂရုမစိုက်ခဲ့လို့ဖြစ်ခဲ့တာတွေ ဟုတွေးရင်း သူ့ရင်ဘတ်တွေအဆမတန် နာကျင်လာရသည်။
လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သေချာလေးစောင့်ရှောက်ပေးခဲ့ရင် ထိုက် ဟာ ဒီလောက်ထိဖြစ်သွားမှာမဟုတ်ဘူးဟူ၍ တွေးမိသေးသည်။

မာန် ထိုးတာခံထားရ‌ေသာ မျက်နှာကတော့ မျက်နှာသစ်ထားပြီး ဆေးထည့်ထားတာမို့ အနည်းငယ်သက်သာလာသည်။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now