သေချာပြီ😒

3.6K 298 5
                                    

#Uni

"သရဲအိမ်ဝင်မယ်...''

"မရဘူး...''

"နင်ကငကြောက်လား..''

ခုတော့ အဲ့ကောင်လေးနဲ့ သရဲအိမ်ဝင်မလို့ကို အင်း...သေချာလေး သူနဲ့စကားပြောကြည့်တော့ သူ့ဘဝကသနားစရာလေး အမေက ငယ်ငယ်နဲ့ဆုံးသွားပြီး

ဘယ်သူမှ အချိန်​ပေးပြီး ဂရုမစိုက်ခဲ့ကြဘူးမလား... သူ့မှာအမတစ်ယောက်ရှိတယ်တဲ့ အဲ့အမကလဲ စီးပွားရေးကိုသာလုပ်နေပြီး နွေးနွေးထွေးထွေးမရှိပြန်ဘူး

သူများတွေက အထင်မြင်လွဲနေတာပါ သူကစကားပြောမတတ်ပေမဲ့ စိတ်ထားကောင်းတယ်... နောက်မိန်းမတွေဖျက်ဆီးတယ်ဆိုတာလဲ ရယ်စရာစကားတွေ ခုထိ ငါလေးကို အသားတောင်မထိဘူး​လေ... အခွင့်အရေးယူဖို့ဆိုဝေးသါဝေး

"ရားးးး သရဲအိမ်ဝင်မယ်..''

"ဝင်ချင်ရင် တစ်ယောက်ထဲသွား..''

ကြောက်တတ်လိုက်တာ ...ဝင်ရမှာစိုးလို့ သရဲအိမ်ရဲ့အဝေးကို ထွက်ပြေးနေလေရဲ့

"အေး...ပြေးထား ငါမိရင် နင်ငါနဲ့အတူ သရဲအိမ်လိုက်ဝင်ရမယ်...''

"ဟာ...ဘာလို့ လိုက်ဆွဲနေတာလဲ..ဟာဗျာ..''

"ရား..ကြောင်ကြီး လာပြီနော်...မိရင် သရဲစာကျွေးပစ်မယ်..''

"ဟား...မိအောင်သာလုပ်စမ်းပါ...''

ပြေးလိုက်ရတာမောနေတာပဲ... နှစ်ယောက်လုံး ခုံတန်းလေးမှာ ထိုင်ရင်းအမောဖြေနေတုန်း

"သူငယ်ချင်းရှိတာ သိပ်ကောင်းတာပဲ..''

"ဟမ်...''

"မင်း ကိုယ့်သူငယ်ချင်းလုပ်ပေးပါလား..''

ဒီကောင်လေး အလေးအနက်ပြော​နေတာပါလား...ကိုယ့်ကိုကြည့်ပြီး လက်ခံဖို့မျှော်လင့်နေပုံပဲ တကယ်သူ့မှာသူငယ်ချင်းမရှိဘူးလား...

သူ့ကိုမြင်တော့ သားတွေကိုတောင်သတိရလာမိတယ်... အဲ့ကောင်လေးက အပြင်ကသာ ဆိုးပေပေပုံစံပေမဲ့ စိတ်ထဲမှာ သူ့အနားတစ်ယောက်မှ မရှိလို့ဝမ်းနည်းပြီး သူ့ကိုဂရုစိုက်အောင် ဆိုးနေတဲ့ကလေးတစ်ယောက်လိုမျိုးဖြစ်နေတာ

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now