Chapter - 9 (ငါ့မှာ ဒယ်ဒီရှိတယ်)

24.2K 2.8K 132
                                    

နောက်တစ်ပိုင်းဖတ်ချင်ရင် Vote n cmtပေါ်မူတည်တရ်...

Zawgyi

လော့ရှန်ဟွာဟာ ဒယ်ဒီ ရောက်နေပြီ ဆိုသည့် messageကို ကြည့်ပြီး ပြုံးမိသွားကာ သူရဲ့စာအုပ်နဲ့ အခြားစာရေးကိရိယာများကို လွယ်အိတ်ထဲ သိမ်းလိုက်ပြီး အရင်လို ဟန်စုမင်ကို မစောင့်တော့ဘဲ ထွက်သွားတော့သည်၊ဒါကို မြင်တော့ အခြားလူများဟာလည်း အံ့အားသင့်ကုန်တော့သည်၊လော့ရှန်ဟွာဟာ ဘယ်လောက်ထိ ဟန်စုမင်ပေါ် တွယ်ကပ်လည်းဆိုတာ သူတို့အသိဆုံးကိုး၊ ဒီနေ့ လော့ရှန်ဟွာရဲ့အပြုအမှုတွေဟာ အရမ်းကိုထူးဆန်းလွန်းသည်၊

"ကြည့်ရတာ ဟန်စုမင်နဲ့လော့ရှန်ဟွာ ရန်ဖြစ်ထားလားမသိဘူး??"

"ဟုတ်လား  ..နင်တို့ သတိထားမိလား ဒီနေ့ လော့ရှန်ဟွာရဲ့ပုံစံကထူးဆန်းနေတာ ပြီးတော့ ပိုပြီး ချောလာတယ်မထင်ဘူးလား?"လို့ ကျောင်းသူလေးရဲ့ပါးလေးဟာ ရဲနေရင်း သူမဟာအရဲစွန့်ကာပြောလိုက်ခြင်းဖြစ်သည်၊

"ငါတစ်ယောက်ထဲ အဲ့လိုတွေးမိတယ် ထင်နေတာဟ...လော့ရှန်ဟွာက အရင်ကအားနေဒေါသထွက်နေပြီး ပတ်ရမ်းနေတဲ့ခွေးရူးလိုဘဲ ဒါပေမယ့် ဒီနေ့ကျတော့ သူပုံစံက ဘယ်လိုပြောရမလဲ အရမ်းကိုစမတ်ကျနေတယ်ရော်"

"ဟုတ်တယ် ဟုတ်တယ် ...သူငါ့ကို အချိုမုန့်ကျွေးတုန်းကလေ သူရဲ့ရေမွှေးနံ့လား ကိုယ်သင်းနံ့လားငါမသိပေမယ့် အဲ့အနံ့လေးက ငါ့ကိုသက်တောင့်သက်သာဖြစ်စေပြီး သူကို ဖက်ထားချင်စိတ်တွေတောင် ပေါက်တယ်" လို့ ကျောင်းသူလေးတွေဟာ လော့ရှန်ဟွာရဲ့ပြောင်းလဲသွားသည့်ပုံစံသစ်ကို အမျိုးမျိုးချီမွှမ်းနေကျရင်း ဘေးနားရှိ တဖြည်းဖြည်းမှောင်မိုက်လာသည့် ဟန်စုမင်ကိုမမြင်ချေ၊

ဟန်စုမင်တစ်ယောက်ဒေါသထွက်လွန်းလို့ သူစိတ်ကိုမနဲဖြေလျော့လိုက်ရင်း သူနဲ့အတူမပြန်ဘဲ အရင်ထွက်သွားသည့် လော့ရှန်ဟွာကို စိတ်ထဲကနေကျိန်ဆဲလိုက်ပြီး... သူ့ဖုန်းကို ထုတ်ကာ...

#သူထွက်သွားပြီ တစ်ယောက်ထဲ။လှုပ်ရှားတော့ အဲ့အမှိုက်ကောင်ကို လူပုံလယ်မှာ ခေါင်းဖော်လို့မရအောင် အရှက်ခွဲလိုက်# လို့ စာပို့လိုက်ရင်း စိတ်ကျေနပ်သွားတာကြောင့် သူရဲ့မျက်နှာလေးဟာ ပြန်လည်ဝင်းပသွားရင်း... ခုနက လော့ရှန်ဟွာအကြောင်းဆွေးနွေးနေသည့် ကျောင်းသူလေးတွေဘက်လှည့်ကာ...

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now