အပိုင်း(၄၀)မင်းနဲ့အတူ အဝေးဆုံးဆီသို့

17.7K 1.2K 94
                                    

အပိုင်း(၄၀)

မင်းနဲအတူ အဝေးဆုံးဆီသို့

လွန်းငယ် မျက်လုံးစုံမှိတ်ကာ ဆုံးဖြတ်ချက်ချ၍ လက်နှစ်ဖက်အား အားဖြင့် ဆောင့်ရုန်းလိုက်သည်။ နှစ်ဖက်လုံး လွတ်သွားသောအခါ လွန်းငယ် ကိုကို့အား မျက်နှာချင်းဆိုင် ကြည့်လိုက်၏။

"ကိုကို လွန်းငယ် ဒီမှာခဏနေဦးမယ်"

"လွန်းငယ်"

ကိုကို့အော်သံကြောင့် ပေါက်စီလေး ခန္ဓာကိုယ် တုန်ယင်သွားသည်ကို လွန်းငယ် သတိထားမိလိုက်သည်။

"ကိုကို ကလေးလန့်နေပြီ"

"ငယ် ဒီမလာခင် ကိုကို့ကို ဘယ်လိုကတိပေးခဲ့လဲ...အခုမှ ငယ်က ကတိဖျက်ချင်တာလား...အဲဒီကောင်က ငယ့်အတွက် အရမ်းအရေးပါနေတာလား"

"ကိုကို...ငယ် ကိုကိုနဲ့ ပြန်မလိုက်ဘူးလို့ မ​ပြောဘူး...ငယ် ဒီမှာ ခဏနေဦးမယ်ပဲပြောတာ"

"ခဏလည်း မရဘူး ငယ်...ကိုကိုနဲ့ အခုပြန်လိုက်ခဲ့တော့"

ငယ့်လက်အား ပြန်ဆွဲလိုက်တော့ ငယ်က သူ့လက်အား အတင်းဆောင့်ရုန်းလေသည်။

"ကိုကို ဘာဖြစ်နေတာလဲ...ငယ် အခုမသွားဘူးပြောနေတယ်လေ...ငယ့် ဆန္ဒမပါရင် ကိုကိုဘာမှလုပ်မရဘူး"

စေထားရာ ဒေါသကြောင့်မျက်ဝန်းများနီရဲလာကာ အံတင်းတင်းကြိတ်လိုက်မိသည်။

"ကိုကို ကောင်းကောင်းခေါ်နေတုန်း ပြန်မလိုက်တာအတွက် နောက်ကျ ငယ် နောင်တရလိမ့်မယ်"

စေထားရာ လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်၍ ထိုအခန်းထဲမှ ထွက်သွားတော့သည်။

"လွန်းငယ် သူ အရမ်းစိတ်တိုသွားတယ်"

"အခု သွေးပူနေတုန်းမို့ပါ...နည်းနည်းသွေးအေးချိန်လောက်ကျ ငါ ကိုကိုနားလည်အောင် သွားရှင်းပြလိုက်မယ်...မင်း အခြေအနေစိတ်ချရပြီဆိုရင် ငါကိုကိုနဲ့လိုက်သွားလိုက်မယ်...ကိုကို ခွဲစိတ်နေချိန်မှာတော့ ငါကိုကို့နားရှိနေချင်တယ်...အားလုံးအဆင်ပြေသွားပြီဆိုရင် ငါပြန်လာခဲ့ပါ့မယ်"

ခွန်းသုရှင် လွန်းငယ်အား ပြုံးပြကာ လက်အား အားပေးသည့်အနေဖြင့် ဆုပ်ကိုင်လိုက်သည်။

စေရာ(Complete)Where stories live. Discover now