Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု

4.5K 989 47
                                    

Unicode

အခန်း(၂၃၆) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု

ဖုန်ကျင်းယွီကဘုရင်ဖြစ်ခဲ့တာ တော်တော်လေးကြာခဲ့ပြီ။ထို့ကြောင့် လည်းသူကလူတစ်ယောက်ရဲ့ပင် ကိုယ်စရိုက်သဘောသဘာဝကိုမြင် တဲ့နေရာမှာအတော်လေးကောင်း လသည်။သို့သော်လင်ရွှမ်းဇီဘာတွေ စဉ်းစားနေလဲဆိုတာကိုတော့သူလုံးဝ နားမလည်နိုင်တာကိုတွေ့သွားရသည်။

ထပ်ပြောရရင်....လင်ရွှမ်းဇီက သိတာအရမ်းများနေသလိုပဲ

ဖုန်ကျင်းယွီကလင်ရွှမ်းဇီကိုစိုက်ကြည့် လိုက်ပြီးသူ့အကြည့်ကမျှားတစ်စင်း လိုဖြောင့်တန်းနေကာလင်ရွှမ်းဇီရဲ့ အမူအယာမှတစ်ဆင့်သူ့အတွေးများ ကိုမြင်နိုင်ဖို့ကြိုးစားနေမိသည်။

ယန်ထျန်းဟန်ကအနည်းငယ် တွန့်ဆုတ်နေမိ၏။

သူ့အနေနဲ့သူ့အတွက်သူပြဿနာ ခေါ်လာမိမှာကိုမစိုးရိမ်ပေမယ့် လင်ရွှမ်းဇီအတွက်ပြဿနာရှာပေး မိမှာကိုစိတ်ပူနေမိခြင်းသာဖြစ်သည်။

ဖုန်ကျင်းယွီသည်သူဘယ်လောက်ပဲ နူးညံ့ပြီးခပ်အအပုံစံဟန်ဆောင်နေပါ စေဆက်ပြီးနေလို့မရဘူးဆိုတာကို မြင်သောအခါနည်းဗျူဟာပြောင်းလဲ ယုံသာရှိတော့တာကြောင့်ခေါင်းကို ခါယမ်းရင်းအမှန်တစ်ဝက်အမှား တစ်ဝက်ပြောလိုက်သည်။

"ငါကမကောင်းတဲ့သူတွေရဲ့အဆိပ် ခတ်တာကိုခံရပြီးဒီကိုထွက်ပြေး လွတ်မြောက်လာခဲ့ရတာ..ငါဒီကို ပထမဆုံးရောက်တုန်းကငါ့စိတ် တစ်ခုလုံးရှုပ်ထွေးပြီးမကြည်မလင် ုဖစ်နေခဲ့တယ်;ငါ့ကိုယ်ငါတောင် ရိုးရှင်းတဲ့သာမာန်ငှက်တစ်ကောင် လို့တွေးမိပြီးကမ္ဘာအဆင့်ဆေးလုံး ကိုမျိုချခဲ့မိတာ,အရင်ပြီးခဲ့တဲ့လတွေ တုန်းကငါ့ပုံစံကကြည့်ရတာနှစ်နှစ် ခြိုက်ခြိုက်အိမ်မောကျနေတဲ့ပုံစံ ဆိုပေမယ့်တကယ်တမ်းတော့အပြင် ဘက်မှာဖြစ်နေသမျှအရာအားလုံး ကိုသိနေတယ်...ငါ့ရဲ့ကိုယ်ရေးအ ကြောင်းအရာကပြဿနာကောင် ဆိုပေမယ့်အမှန်နဲ့အမှားကိုတော့ နားလည်နိုင်ပါသေးတယ်—ငါ ဘယ်တော့မှကိုယ့်ကိုအစာကျွေးတဲ့ လက်ကိုပြန်ကိုက်မှာမဟုတ်ဘူး... ပြီးတော့လည်းမင်းတို့ဆီမှာဒီလောက် ကြီးတဲ့ပြဿနာကြီးကိုခေါ်လာပြီးနေ ပြီပဲဟာတစ်ယောက်လောက်ပိုတော့ ရောဘာဖြစ်မှာမို့လို့လဲ?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now