အခန်း ၁၈[မျက်မမြင်ဟူးရား ၁]

2.7K 649 68
                                    

[[Unicode]]

နေ့ရောညပါဆီးနှင်းကျနေခဲ့သည်။ ရွှဲ့ရှန်နှင့်ကျန်းရှီနင်အတွက်တော့ ကောင်းကျိုးလည်းဖြစ်သလို ဆိုးကျိုးလည်းဖြစ်၏။

တစ္ဆေတစ်ကောင်ဖြစ်၍ အလင်းဖြစ်သောယန်စွမ်းအင်ကိုကြောက်ရသောကြောင့် အလျင်လိုသောသွားရာခရီးလမ်းတွင် လမ်းလျှောက်ခြင်းကိုအဓိကလုပ်ဆောင်ရမည့် ကျန်းရှီနင်အတွက်ကောင်းကျိုးဖြစ်၏။ ဆီးနှင်းဝေသောကောင်းကင်ယံသည် နေ့ဘက်တစ်လျှောက်လုံးအမှောင်ဖုံးနေ၍ ယန်စွမ်းအင်သည်တိမ်မြုပ်နေကာ ယင်စွမ်းအင်ကတော့များပြားနေ၏။ မိုးသောက်ချိန်နေထွက်လာတာနှင့် အရင်လိုရပ်တန့်မသွားတော့တာကြောင့် ကျန်းရှီနင်အတွက်အလျင်းသင့်လှသည်။

ဆိုးကျိုးကတော့....

"လက်မြှောက်ပြီးမျက်နှာရှေ့ကာထားစမ်း!အမြန်!လေဒဏ်နဲ့ငါ့ခေါင်းပါသွားတော့မယ်"

ရွှဲ့ရှန်သည်ကျန်းရှီနင်ကိုခိုင်းစေသောလေသံဖြင့်အော်ဟစ်နေ၏။

ပြင်းထန်လှသောလေဒဏ်ကြောင့် ကျန်းရှီနင်ပုခုံးပေါ်ကနေ ထိုင်ရက်မလိုက်နိုင်သည်မှာ အသိသာပင်ဖြစ်သည်။ ဒီထက်ပိုကောင်းသောအကြံလည်းမစဥ်းစားတတ်တော့တာကြောင့် ဝတ်ရုံအရှေ့တွင်ခေါင်းဖော်လျက် ကျန်းရှီနင်ထည့်ထားပေးသည်။ ခေါင်းဖော်ထားမှသာလည်း အငြိမ်မနေနိုင်သောဝန်ပိုသောကုန်စည်စလွယ်သည် အရည်မရအဖက်မရကိစ္စရပ်များကို အရေးပါသောအရာကဲ့သို့ ပြောနိုင်ပေမည်။ ယုတ်မာကောက်ကျစ်သောလေပြင်းသည် သဘာဝတရား၏သဘောတရားများကို သည်းခံလိုက်နာမည့်ပုံမပေါ်။ မည်သည့်စည်းမျဥ်းမည့်သည့်ဥပဒေသကိုမှ လိုက်နာခြင်းမရှိ။ အရပ်လေးမျက်နှာမှတပြိုင်နက်ဥသြဆွဲလာပြီး တစ်ဦးတစ်ယောက်ကို လွန်စွာစိတ်ဒုက္ခပေးလျက်။

ကျန်းရှီနင်သည် မျက်နှာမဲ့လျက်လက်မြှောက်လိုက်သည်။ လေထန်သောအချိန်၌ ရှေ့ဆက်တိုးရန်မနည်းရုန်းကန်သွားနေရတုန်း ရွှဲ့ရှန်စက္ကူခေါင်းကိုလည်း ကာကွယ်ပေးနေရသည်။

"မင်းရဲ့တန်ဖိုးကြီးလှတဲ့ခေါင်းကိုငါ့ဝတ်ရုံထဲထည့်ထားလိုက်လို့ရတယ်"

Copper Coins《铜钱龛世》Where stories live. Discover now