Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်

4.7K 1K 59
                                    

Unicode

အခန်း(၂၃၇)
လိမ္မာပါးနပ်ပြီးစကားပြော ကျွမ်းကျင်တယ်

အနီဝတ်နှင့်ကောင်လေးကခဏမျှ တွန့်ဆုတ်သွားမိသော်လည်းပြော ထားတဲ့လေးယောက်မြောက်လူကို တကယ်ပဲမမြင်တာကြောင့်မေးလိုက်သည်။

"အစောတုန်းကဆေးလုံးကန့်သတ် လျို့ဝှက်နယ်မြေထဲမှာရှန်မိသားစုကို ရင်ဆိုင်တိုက်ခဲ့တဲ့အနက်ဝတ်နဲ့ကျင့် ကြံသူကဘာဖြစ်သွားတာလဲ?"

သူကလင်းချီဂုကိုပြောနေတယ် ဆိုတာယန်ထျန်းဟန်သိတာကြောင့် အမူအယာတစ်စက်မပြောင်းလဲ ပဲပြန်ဖြေလိုက်သည်။

"အဲ့ဒီလူကတော့ငါလည်းသူဘယ်သူ လဲမသိဘူး,အရင်ကတစ်ခါမှမမြင်ဘူး ဘူး,သူကရုတ်တရက်ပေါ်လာပြီး ရုတ်တရက်ပြန်ပျောက်သွားတာ ရယ်...ဘယ်လိုပဲဖြစ်ဖြစ်သူက ငါတို့နဲ့အတူတူမဟုတ်ဘူး"

"ဒါဆိုဘာဖြစ်လို့သူကကူညီရတာလဲ?" 
ကောင်းကင်တောင်ထွတ်ရဲ့ တပည့်ကမေးလိုက်သည်။

ဒီလိုနာရီပိုင်းလေးအတွင်းမှာ ရှန်ချောင်းကွန်းကဆေးလုံး ကန့်သတ်လျို့ဝှက်နယ်မြေထဲ ဖြစ်ပွားခဲ့သမျှကိုလူအများကြီး အားပြောပြီးပြီဆိုတာထင်ရှားနေသည်။

ယန်ထျန်းဟန်ကရိုးသားပြီး စိတ်ရင်းမှန်လှသည့်အမူအယာ ဖြင့်ပြန်ဖြေသည်။

"ငါစိုးရိမ်မိတာအဲ့ဒါဘာဖြစ်လို့ လဲဆိုတော့......ကြောက်လန့် တုန်လှုပ်စရာကောင်းပြီးရက်စက် တဲ့မြင်ကွင်းကြောင့်သူ့ဓားကိုဆွဲပြီး ဝင်ကူတယ်ထင်တာပဲ,ငါပြောပြမယ်, တစ်ချို့လူတွေရဲ့လုပ်ရပ်တွေက အရမ်းကြီးလွန်လွန်းလာတဲ့အချိန် မှာဖြတိသွားဖြတ်လာလူတွေတောင် ရပ်မကြည့်နိုင်တော့ဘူးလေ"

အနီနဲ့ကောင်သေးလေးမှာချောင်း တစ်ဟွတ်ဟွတ်ဖြစ်သွားရသည်။

လူတစ်ယောက်ကိုအဲ့ဒီလို အခြေအနေဖြစ်တဲ့အထိရိုက် လိုက်ပြီးတော့ကိုယ်ကျင့်တရား ကောင်းတာဆိုတဲ့နာမည်ကိုယူ လိုက်တယ်ဆိုတော့ဒါကြီးက အရှက်မမဲ့လွန်းဘူးလား?

သူတို့ဆီမှာလူတစ်ယောက်ပျောက် ဆုံးနေတာကြောင့်အနီဝတ်နှင့် ကောင်လေးကသူ့ဘာသာသူမဆုံး ဖြတ်ရဲတော့ပဲပြောလိုက်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now