Extra

19.1K 1.1K 71
                                    

*သကြားနည်းနည်းယူပေး ဦးကျန့်*

*သားသား..ဒါလေး ပါးကို အမှိုက်ခြင်းထဲ ပစ်ပေးနော်*

ဟင်းချက်ကျွေးပါမည်ဆိုပြီး နာမည်ကောင်းယူသည့် ချာတိတ်က အိမ်ကအကူအဒေါ်ကြီးတွေကိုလဲ အနားပေးကာ အိမ်ပြန်ခိုင်းလိုက်လေသည်။ ရှောင်းကျန့်ကိုလဲ အလုပ်ပိတ်ရက်မှာ လုပ်စရာရှိသည့်အလုပ်တွေကို ရပ်ခိုင်းကာ စာကြည့်ခန်းထဲထိလာပြီး ဆွဲထုတ်ကာ ချာတိတ် ဟင်းချက်နေသည့်ဘေး မတ်တပ်ရပ်‌နေရသည်။

အခုတော့ ချာတိတ်ဘေးနားတွင် သားသားနဲ့သူက မတ်တပ်လေးတွေရပ်ပြီး ချာတိတ်ခိုင်းသမျှကို လိုက်လုပ်ပေးနေရသည်။

*ပါးပါး ဘာဟင်းချက်မှာယဲဟင်*

*အများကြီးချက်မှာလေ..။အရင်ဆုံး ရေဘဝဲသုပ်မယ် ပြီးရင် ဟင်းချိုလေးချက်မယ်.!ပြီးရင်တော့ ဂဏန်းမာဆလာ ချက်ပါ့မယ်ဗျာ*

တစ်ကယ့်စားဖိုမှူးကြီးလို အေပရွန်တွေစီး၊ခေါင်းစွပ်တွေစွပ်ကာ ချက်ပြုတ်နေသည့် ချာတိတ်က ဘာမှတောင် သိပ်မလုပ်ရပေ။

သားသားကလဲ သူ့ပါးပါးစကားကို ယုံကာ လျှာလေး တစ်ပြင်ပြင်ဖြင့်။ တစ်ခါတစ်ခါ မမှီတာကို ခြေဖျားလေးထောက်ကာ ကြည့်သလို သူ့ပါးပါး အေပရွန်စကိုလဲ ဆွဲထားပြန်သည်။

တစ်ခုခုလိုတာနဲ့ ဦးကျန့် ဘာလေးပေးပါ၊ သားသား ဒါလေးသွားယူပေးနော်နဲ့။ရှောင်းကျန့်နဲ့ သားသားမှာသာ အသေခံတပ်သားတွေလို ဘေးနားမှာ အရန်သင့်။

*ဦးကျန့် ကြက်သွန်လေး လှီးပေးပါအုံး*

*ဟုတ်ပြီ..ဟုတ်ပြီ*

*သားသားက ကြက်ဉခွံလေး သွားလွှင့်ပေး*

ကြက်ဉခွံတွေကို သားသားလက်သေးသေးလေးတွေထဲ ထည့်ပေးလိုက်သည်နှင့် တောက်တိုတောက်တိုနဲ့ ပြေးကာ အမှိုက်ခြင်းထဲ သွားထည့်သည့် သားသားကြောင့် ရှောင်းကျန့်မှာ ကြက်သွန်လှီးရင်း အသဲယားရပြန်သည်။

*ပါးပါး အဲ့တာဘာကြီးလဲ*

*ဒါက ဂဏန်းလေ..စားကောင်းတယ်*

*ဒီလောက်ရပြီလား ချာတိတ်*

ရှောင်းကျန့် ကြက်သွန်လှီးရင်း နှာတွေမွှန်ကာ မျက်ရည်တွေကျလာပြီး ချာတိတ်ဘက်ကို လှီးပြီးသား ကြက်သွန်တွေ ထိုးပေးလိုက်သည်။

RestartWhere stories live. Discover now