Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ

4.4K 1K 45
                                    

Unicode

အခန်း(၂၃၉) - ကျောထောက်နောက်ခံအားလုံးလာကြပြီ

အကယ်၍ရှန်ယွီကျွယ်သာသူ့ရဲ့ ခက်ခဲတဲ့ခန္တာအဆင့်ကိုသုံးပြီးသူ့ကို ရင်ဆိုင်မယ်ဆိုရင်ရလဒ်ကမသိနိုင် ဖြစ်သွားနိုင်သော်လည်းလင်ရွှမ်းဇီ ကတော့သူ့မှာအနိုင်ရနိုင်မယ့်အခွင့် အရေးသိပ်ပြီးမများဘူးဆိုတာကို သိထားသည်။ပြီးတော့လည်းပိုမြင့်တဲ့ ကျင့်ကြံဆင့်မှဖိနှိပ်မှုကိုအလွယ်တကူ ခုခံလို့မရနိုင်ပေ.သူနဲ့ရှန်ယွီကျွယ်ကြား ထဲကကြီးမားလှတဲ့အဆင့်ကွာခြားချက် ဆိုရင်တော့ထည့်မပြောနဲ့တော့

ရှန်ယွီကျွယ်ကချီးကျူးခံလိုက်ရတာ ဖြစ်သော်လည်းသူ့ပြောင်းပြန်ကြေးခွံ ကိုထိမိသကဲ့သို့ဒေါသတကြီးအော်ဟစ် ကာတုံ့ပြန်လာသည်။

"မင်းမသမာတဲ့ကောင်,မင်းကများ ဘယ်လိုလုပ်ငါတို့ရှန်မိသားစုရဲ့ အနာဂတ်ကိုလွတ်လွတ်လပ်လပ်နဲ ေပေါက်ကရပြောရဲရတာလဲ?မင်းကို အဲ့ဒီသတ္တိဘယ်သူကပေးလိုက်လဲ?"

နှစ်တစ်ထောင်လောက်လှည့်ပတ် သွားလာခဲ့တဲ့တစ္စေအိုကြီးတစ် ယောက်အနေနဲ့လင်ရွှမ်းဇီက ရှန်ယွီကျွယ်နဲ့အငြင်းပွားနေဖို့ကို စိတ်ထဲမထည့်ပဲစကားတစ်ခွန်း သာပြောလိုက်သည်။

"ရှန်အာ့ရဲ့ကိစ္စနဲ့ပတ်သတ်ပြီးတော့ အကယ်၍ခင်ဗျားတို့ကျုပ်ကိုအရင်ဆုံး လာမရှာဘူးဆိုရင်တောင်ကျုပ်က ခင်ဗျားတို့ဆီကဖြေရှင်းချက်လာ တောင်းမှာပါပဲ"

ရှန်ယွီကျွယ်ကသူ့ရဲ့သတ်ဖြတ်ချင် စိတ်ကိုဖိနှိပ်ထားလိုက်ပြီးအသံတစ်စီစီ မည်ကာမရပ်မနားတုန်ယင်နေသည့် သူ့ဓားကိုအတင်းအကျပ်ထိန်းချုပ် ထားရသည်။သူကလင်ရွှမ်းဇီအား ဒေါသဖြင့်စိုက်ကြည့်လိုက်၏။

"ချောင်ကွန်းကအမြဲတမ်းနူးညံ့ သိမ်မွေ့ပြီးလူတွေအပေါ်မှာ ယဉ်ယဉ်ကျေးကျေးပဲဆက်ဆံတာ တစ်ခြားဘယ်သူနဲ့မှတောင်စကား များဘူးတာမဟုတ်ဘူး,ဆေးလုံး ကန့်သတ်လျို့ဝှက်နယ်မြေထဲမှာ ဖြစ်သွားသမျှကိုသူကျုပ်ကိုပြော ပြီးနေပြီ,မင်းတို့အားလုံးကသူ့ လက်ထဲကHepta-Brilliant Sacredမီးကိုလိုချင်တာနဲ့ပဲသူ့ အသက်ကိုယူဖို့ကြိုးစားကြတယ် ...မင်းတို့ကနတ်ဆိုးယင်နည်းစနစ် ကိုတောင်အသုံးပြုခဲ့တာလေ.. အကယ်၍သူသာထွက်ပြေးတာ မမြန်ခဲ့ဘူးဆိုရင်အခုချိန်သူ့လက် တစ်ဖက်တည်းပဲတောင်ဆုံးရှုံးမှာ မဟုတ်ဘူး!"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now