Arc(3.8)

5K 984 15
                                    

Unicode

Arc(3.8)

လီလျိုသည်ကျောက်တုန်းအိပ်ယာ ပေါ်ရှိထူထဲလှသည့်အခင်းပေါ်တွင် ထိုင်နေသည့်အနေအထားမှမျက်လုံး ကိုဖွင့်ကာထရပ်လိုက်ပြီးသူ့ခါးကို ပျင်းရိစွာဆန့်ထုတ်လိုက်သည်။

ဂူထဲမှာသူတစ်ယောက်တည်းဖြစ် တာကြောင့်သူ့ပုံရိပ်ကိုထိန်းသိမ်းနေ စရာမလိုဘူးလေ..

သူ့ရဲ့နူးညံံပြီးရှည်လျားသည့်ဆံနွယ် များသည်လည်းကျောက်စိမ်းသရဖူ ဖြင့်မချည်နှောင်ထားတာကြောင့်သူ့ ကျောနဲ့ပုခုံးပေါ်မှာလွတ်လပ်စွာဝေ့ဝဲ ကျနေသည်သူ့ဝတ်ရုံသည်လည်းသူ့ ကိုယ်ပေါ်မှာလျော့တိလျော့ရဲကျနေ ပြီးကျယ်ပြန့်စွာပေါ်နေသည့် လည်ပင်းသွယ်သွယ်မှအဖြူရောင် အသားအရည်ကိုရှင်းရှင်းလင်းလင်း မြင်နေရသည်။

လီလျိုကသူ့ရဲ့ရှည်လျားရှုပ်ပွနေသည့် ဆံပင်များကိုပွတ်သပ်လိုက်ပြီး ကျောက်တုန်းအိပ်ယာပေါ်မှခြေဗလာ ဖြင့်ဆင်းလိုက်ကာနူးညံ့တဲ့အခင်းပေါ်သို့ ခြေချလိုက်သည်။ထို့နောက်သိပ်မဝေး သည့်နေရာမှစားပွဲဘေးသို့သွားလိုက်ပြီး လက်ဖက်ရည်တစ်ခွက်ငှဲ့သောက်လိုက် လေသည်။

သူဒီဂူထဲမှာဆယ်နှစ်ကျော်လောက် နေခဲ့ပြီးရှောင်းချီပြောသလိုမျိုး social media platforms တွေမှာ မှတ်ချက်တွေမပေးနိုင်ပေမယ့် တစ်ချို့online games များကိုတော့ကစားနိုင်သေးသည်။

အနာဂတ်online games.များအားလုံးက တကယ့်ကို all-network online games များဖြစ်သည်။သူ game ထဲဝင်တဲ့အချိန်မှာမတူညီတဲ့စတင် ခြင်းနဲ့နောက်တစ်ဘဝသို့ရောက်သွား ရသလိုပင်။

ဆယ်နှစ်တာလုံးလီလျိုသည် star network ပေါ်က holographic online gamesအမျိုးမျိုးကိုကစားခဲ့သည်။ အနာဂတ်ကမ္ဘာgamesများ၊သာမာန်ဘဝ gamesများနှင့်ရှေးခေတ်သိုင်းပညာ gamesများစသဖြင့်တို့ဖြစ်၏။

သို့သော်သူကသိပ်ကျွမ်းကျင်တဲ့သူ မဟုတ်တာကြောင့်သူဆော့သမျှ အားလုံးကသာမာန်သာဖြစ်နေသည်။ gamesကစားတာနဲ့Dramaတွေ ကြည့်တာကလွဲရင်လီလျိုကသူ့ တကယ့်ကမ္ဘာအစစ်မှာတုန်းကသူ မပြီးသေးသည့်novelများကိုလည်း ရေးသားသေးသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now