7

6.1K 900 106
                                    

||Unicode||

" ထယ်ယောင်း ငါတို့ ထွက်ပြေးရအောင် "

ဒီကိုစရောက်တဲ့ နေ့ကတည်းက
Jungkook နဲ့ Yoongi hyung မရှိတိုင်း ထိုစကားကို အမြဲ ပြောနေလေ့ရှိသည်။

အသေးစိတ်ကအစ ရောက်ကတည်းက
ရှင်းပြထားပေမယ့် ခုထိ ကြောက်နေသေးဟန်။

" Jimin ငါတို့ ထွက်ပြေးလို့မဖြစ်ဖူးလေ အရမ်းအန္တာရယ် များတယ် ပြီးတော့ Jungkook
စိတ်စိုးသွားလိမ့်မယ် "

" အခု ဒီနှစ်ယောက်က လူဆိုးဂိုဏ်းက ခေါင်းဆောင်တွေနော် ထယ်ယောင်း သူတို့ကို ယုံလို့ ဖြစ်..."

" ဟေ့ ကြက်ပေါက် စကားကို ကြည့်ပြော "

ဘယ်ကတည်းက ရောက်နေမှန်းမသိတဲ့
Yoongi hyung..

နောက်ကနေ ထွက်လာတဲ့ စကားသံကြောင့်
ကျောထဲ စိမ့်ခနဲ။

" မင်းမနေချင် ထွက်သွား ထယ်ယောင်း တစ်ယောက်ထဲမလို့ Jungkookက အကူညီတောင်းလို့ မင်းကို ခေါ်ထားတာ ... ထယ်ယောင်းကို ကာကွယ်ပေးနေတာ အဲ့တာကို မင်းက လာစော်ကားနေတာလား "

Yoongi hyungက တကယ်ကြီး ပြောနေတာမို့
ထယ်ယောင်း ဘာ၀င်ပြောရမှန်းမသိတော့။

သူငယ်ချင်းဘက်က ကာကွယ်ပေးချင်ပေမယ့်
Yoongi hyungပြောတာတွေက မှန်နေတာမို့
ဒီတိုင်းသာ ငြိမ်နေလိုက်သည်။

နဂိုကမှ ဒီလူကြီးကို ကြောက်ပါတယ်ဆို
အခု မျက်နှာတည်ကြီးနဲ့ လာဟောက်နေတာမို့
လူက ငိုချင်လာသည်။

" မကောင်းတဲ့ လူကြီး "

" Jimin..."

Yoongi ကို အော်ပြီး မျက်ရည်တွေနဲ့
ထထွက်သွားတဲ့ Jimin...

" တောင်းပန်ပါတယ် Yoongi hyung ..."

" ရပါတယ် ...Hyungလိုက်သွားလိုက််မယ် "

တကယ်တမ်း ဒီပုံစံက သူ့နဂိုအတိုင်းပင်
ကြက်ပေါက်စကားကြောင့် နည်းနည်းဒေါသ
ထွက်သွားပေမယ့် ဒါ သူ အငြိမ်ဆုံးနည်းနဲ့
ရှင်းပြခြင်းဖြစ်သည်။

အဲ့စကားကို‌ေပြာတာ ကြက်ပေါက််မဟုတ်ဘဲ
အခြားသူဆို ရှင်းပြမနေဖူး သူရိုက်သတ်ပီးလောက်နေပြီ။

𝖫𝗈𝗏𝖾 𝗒𝗈𝗎 𝗂𝗇 𝖣𝖾𝖼𝖾𝗆𝖻𝖾𝗋 || 𝖳𝖺𝖾𝗄𝗈𝗈𝗄 ||Where stories live. Discover now