🦋23🦋

559 79 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋23🦋

       လော့လော်သည် ခေါင်းတစ်ချက်ညိတ်ပြပြီး ဆို၏။

"ရှစ်ဇွင်းနဲ့တစ်ခေါက် လာဖူးတယ်.... အဲ့ဒီတုန်းက ယွိယွိကို လူတစ်ယောက်ကဖမ်းပြီး အတင်းအကျပ် အသွင်ပြောင်းခိုင်းတာလေ... ကျွန်မယွိယွိကို ဒီမှာပြန်တွေ့တာ...."

       ထိုအခိုက် ယွိယွိသည် သေးသေးကွေးကွေး ယုန်ကလေးလို လော့လော်အပေါ်သို့ ခုန်တက်လာသည်။ သူမဘယ်သွားသွား ဘေးကနေ မလိုက်ရရင် ကိုယ်ဖျောက်၍ လော့လော်ခါးကြားထဲ ဝင်ဝင်ပုန်းနေတတ်သည်။

       ရှီချိုးက လက်လှမ်း၍ ခေါင်းပွတ်ပေးတော့ သူကလည်း ငြိမ်ခံနေ၏။

"သူက ချစ်ဖို့ကောင်းသားပဲ"
"ဟုတ်တယ်... ယွိယွိက သင်ပြစရာသိပ်မလိုဘူး သူကနားလည်လွယ်တယ်.... ဒါနဲ့ ကျွန်မတို့အထဲဝင်ရအောင်လေ"

"အင်း...."

        သူတို့သည် စားပွဲဝိုင်းတစ်ခုတွင် အတူတကွ နေရာယူလိုက်ပြီးနောက် လက်ဖက်ရည်ပွဲနှင့် မုန့်ပွဲအနည်းငယ်ကိုလည်း မှာလိုက်သည်။ လေလံပွဲက မစသေးတာမို့ လူလည်းသိပ်မရောက်သေးပေ။

"လော့လော် တိမ်လွှမ်းတောင်ထွတ်မှာနေရတာ အဆင်ကောပြေရဲ့လား"
"အားလုံး အဆင်ပြေတယ်...."

"ကြားရတာ ဝမ်းသာပါတယ်.... အကူအညီလိုရင် ကျွန်တော့်ကိုပြောလို့ရတယ်..."
"တကယ်လား"

"အင်း...."
"ဒါဆိုကျွန်မကို တစ်ခုလောက် ကူပြီးစဥ်းစားပေး...."

"​ပြောပါ.... ဘာကိစ္စလဲ "
"ယွိယွိနေတဲ့ သားရဲတောင်က ကျွန်မမွေးရပ်​မြေနဲ့ နီးတယ်.... ကျွန်မ၁၃နှစ်သမီးအရွယ်မှာ ယွိယွိကို သားရဲထောင်ချောက်ထဲကနေ ကယ်ခဲ့ဖူးတယ်... အဲ့ဒါက လူနှစ်ယောက်ကိုပဲ ပြောပြဖူးတာ"

"တစ်ယောက်က ကျွန်တော်လား"
"အင်း..."

"ဒါဆိုပထမတစ်ယောက်က ဟွမ်ရှန်းကျွင်းဖြစ်မယ်ထင်တယ်"
"ဟုတ်တယ်... ကျွန်မနဲ့ရှစ်ဇွင်း အရင်နှစ်ကဒီလိုလာတော့ သားရဲလေလံတင်ပွဲမှာ ယွိယွိကိုတွေ့တာ... ယွိယွိက ဒဏ္ဍာရီလာ အသွင်ပြောင်းသတ္တဝါမျိုး... ထိန်းချုပ်နိုင်တဲ့သူနည်းတယ် ဒါပေမယ့် သူ့ကိုဘယ်လိုဖမ်းခဲ့သလဲ ကျွန်မစဥ်းစားလို့မရဘူးဖြစ်နေတယ်"

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now