FOD_Extra 1_ Chapter(9)_(Unicode)

3.6K 329 6
                                    



Chapter _ (9-1) _ ဖူဘိုကို အလုပ်မှထုတ်ပစ်ခြင်း ( Z+U)

ဖူဘိုသည်မျက်ရည်များဖြင့်အခန်းထဲမှထွက်လာသည်။ ရှောင်ဝမ်၊ ရှောင်ကျိုး၊ ရှောင်တုန်းတို့က သူ့ခရီးဆောင်အိတ်များကို ကူညီသယ်ဆောင်ပေးကာ သူ့ကို လိုက်လံပို့ဆောင်ကြသည်။ ရွယ်ကျင်းရီသည် ထိုအဖြစ်ပျက်ကို ငေးကြောင်ကြောင်ကြည့်ကာ ယခုထိ မယုံနိုင်သလို ဖြစ်နေမိသည်။

သူမ ဘာပြောရမှန်းမသိအောင် စိတ်ရှုပ်ထွေးနေမိသည်။ ဖူဘိုသည် အိမ်ရှေ့တံခါးဝသို့ လမ်းလျှောက်သွားပြီး စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အသံ ထွက်၍ သူမ၏ ကျန်းမာရေးကိုဂရုစိုက်ပါရန်ပြောခဲ့သည်အထိ ရွှယ်ကျင်းရီ ကြောင်နေပြီးမှ ထခုန်ကာ အော်ဟစ်လိုက်သည်။

" ဖူဘို၊ ရှင် တကယ်ထွက်သွားတော့မှာလား"

သူမသည် သူမ အစ်ကို၏စကားများကြားလိုက်စဉ်က ဒေါသအရှိန်နဲ့ ကြောင်အ နေပြီး ယခုမှ သတိဝင်လာပုံရသည်။ ဖူဘိုသည်အစေခံတစ် ဦး မဟုတ်ပါ။ သူက သူမတို့ မိသားစုဝင်တစ်ဦးလို သူတို့ ငယ်ငယ် ကတည်း က သူတို့ကိုကြည့်ရှုပြုစုပေးခဲ့သည်။

သို့သော်" စောင့်ရှောက်မှု" ဆိုရာတွင် ဖူဘိုက  သူမကိုသာဂရုစိုက်သည်။ အသန့်ကြိုက်လွန် စိတ်ရောဂါ ခံစားနေရတဲ့ငယ်ရွယ်သော သခင်လေးရွှယ်က လူတွေကိုအမြဲရှောင်ခဲ့ကာ ဖူဘို သူ့ကို ထိတွေ့မည်ကိုပင် ငြင်းဆန်ခဲ့သည်။

" ဖူဘိုကို ညီမ မသွားစေချင်ဘူး၊ အစ်ကိုကြီး အကိုကြီးက နောက်နေတာ မဟုတ်လား၊  ဖူဘိုကိုနေခွင့်ပေးလိုက်ပါ!"

သူမမျက်လုံးများမှ မျက်ရည်များစီးကျလာပြီး ရွှယ်ဇီရွမ်ရှေ့ သူမကိုယ်ကို ပစ်လှဲလိုက်သော်လည်း ရွယ်ဇီရွမ်က သူမကို  ရွံမုန်းစွာ တွန်းထုတ်ခဲ့သည်။ ထို့နောက် သူက  လက်ကိုင်ပဝါထုတ်ကာ သူ့လက်ကို သုတ်လိုက်သည်။

ကျိုးယွင်ရှန့်တစ်ဦးတည်းသာ အခြားလူ ဘာဖြစ်နေသည်ကို အာရုံ မစိုက်ပဲ အေးဆေးစွာ ညနေစာ စားနေသည်။

ရွှွယ်ကျင်းရိက အချိန်ကြာမြင့်စွာ မထပဲ  ကြမ်းပြင်ပေါ်ထိုင်ကာ အော်ဟစ် ငိုကြွေးနေခဲ့သည်။ ဖူဘိုနှင့် အခြားသူများသည် ထမင်းစားခန်းသို့ မြန်မြန်ပြန်သွားကြပြီး လူတိုင်းက  သူမကိုနှစ်သိမ့် စကားပြောပြီး သူမကို စိတ်သက်သာရစေရန် ကြိုးစားခဲ့ပေမယ့် သူတို့က ခုလို နှစ်သိမ့်လေ ရွှယ်ကျင်းရီက ပိုစိုးရိမ်ပူပန်လေ ဖြစ်ကာ ချွေးတွေထွက်လာသည်။

မွေးစားသမီးရွယ်ကျင်းရီ သည် ရွယ်မိသားစု၏ အဖိုးတန်ရတနာလေး လိုဖြစ်နေပြီး သားအရင်း က အပြင်က ခေါ်လာသည့် မွေးစားကလေးလို ဖြစ်နေသည်။

ရွှယ်ဇီရွမ် ဘယ်လောက်အထိ ထိခိုက်နစ်နာနေပါစေ တအိမ်လုံးက လူတွေအတွက် အရေးမကြီးဘူး။ သို့သော် ရွှယ်ကျင်းရီ၏ ငိုသံတစ်ချက် ပေးခဲ့လျှင် လူတိုင်း သူမ၏ပတ် ၀ န်းကျင်တွင် ဝိုင်းအုံနေကြလိမ့်မည်။

ဒီလို သွေးအေးစါာ ဆက်ဆံလိုက်ခြင်းက ဒီဇာတ်လမ်းမှာရှိတဲ့ ကံကြမ္မာ၏သားတော် အတွက် စံတင်လောက်ပေသည်။ ကျိုးယွင်ရှန့်သည် နူးအိနေသော ဝက်သားနှပ်တစ်တုံးကို ကို စားရင်း လျှို့ဝှက်စွာစဉ်းစားနေခဲ့သည်။ ရွှယ်ဇီရွမ်သည်လည်း သူ့ဘေးမှာ အေးဆေးစွာ စားသောက်နေပြီး   သူ့ခြေရင်းမှာလှဲနေသော ရွှွယ်ကျင်းရီကို လည်းကောင်း၊ သူမကို ချော့မော့နေသော လူစုကိုလည်းကောင်း မျက်စိနှင့် တချက်ပင် မကြည့်ခဲ့သလို သူမ ငိုကြွေးနေသည်ကိုလည်း မကြားသလိုသာ နေလိုက်သည်။

ဖူဘိုသည် သခင်လေး၏အပြုမှုကြောင့် စိတ်ထဲ ထိခိုက်ခံစားလိုက်ရ သည်။

" သခင်လေး...ကျွန်တော့်ကို မနေစေချင်ရင် ကျွန်တော် ထွက်သွားပါ တော့မယ်။ ကျွန်တော့်ရဲ့ ပင်စင်လစာကိုလည်း မလိုချင်တော့ပါဘူး။ မမလေးကိုသာ တစ်ချက်လာကြည့်ပေးပါဦး။ မမလေးက ကလေး ဘဝ ကတည်းက သခင်လေးရဲ့စကားတစ်ခွန်းကိုပဲ နားထောင်ခဲ့သူပါ။  သခင်လေးဆီက စကား  တစ်လုံးက ကျွန်တော်တို့ပြောတဲ့  စကားလုံး တစ်ရာနှင့်ညီမျှပါတယ်။ အခု သူမကို တချက်လောက် ငဲ့ကြည့်ပါဦး။ မမလေးက အသက်ရှုရပ်မတတ် ငိုကြွေးနေတယ်။ သခင်လေး ဘယ်လိုကြောင့် ခုလို လုပ်ရက်တာလဲ။ ကျေးဇူးပြုပြီး မမလေးကို တစ်ချက်လောက် နှစ်သိမ့်ပေးပါ။ ကျွန်တော် တောင်းပန်ပါတယ်။ "

ရှောင်ကျိုးက အမြန်အော်ပြောလိုက်သည်။

 "မြန်မြန် Dr. ဝူ ကိုခေါ်ပါ။  အမြန်လာပြီး မမလေးကို လာကြည့်ပေးဖို့ ခေါ်လိုက်ပါ"

ရွှယ်ဇီရွမ် သည် ကျိုးယွင်ရှန့်၏ ပါးစပ်ထောင့်ကို လက်သုတ်ပုဝါဖြင့် သုတ်ပေးရင်း သူက စကားလုံး တစ်လုံးစီကို  ရှင်းရှင်းလင်းလင်းပြောခဲ့သည်။

"ဖူဘို၊ ခင်ဗျား အခု သွားလို့ရပြီ"

ထိုဝါကျသည် ဖူဘိုကို လုံးလုံးလန့်သွားစေပြီး  သူ့ကို စကားမပြောနိုင် တော့အောင် ဖြစ်သွားစေသည်။ သူက ရွှယ်ဇီရွမ်ကို စိတ်ပျက်ဟန်ဖြင့် စိုက်ကြည့်ကာ တံခါးဆီကိုလှည့်ထွက်သွားခဲ့သည်။ တံခါးဝရောက်တော့ မှ နောက်ပြန်လှည့်ကြည့်ကာ ပြောလိုက်သည်။

" သခင်လေး  ဘယ်လိုဖြစ်ပြီး ခုလို ပုံစံဖြစ်သွားရတာလဲ။ "

ရွှယ်ဇီရွမ်ကကြားပေမယ့်လည်း သူ့ကို တမင်တကာလျစ်လျူရှု လိုက် သည်။ သူက ဖူဘို ကိုမျက်လုံးထောင့်ကနေတောင် မကြည့်ခဲ့ပါ။ သူ ဘယ်လိုဖြစ်လာ ခဲ့တာလဲ  ဟုတ်လား.....။ ဒီလူတွေက သူ့ ဟွမ်ရီကို သတ်ဖို့ ပူးပေါင်းကြံစည်ထားတာကြောင့် မဟုတ်ခဲ့ရင်၊ သူချစ်တဲ့ ကောင်လေးကို  ခွဲစိတ်ခန်းထဲပို့ပေးပြီး ကောင်လေးရဲ့ နှလုံးကို ထုတ်ယူဖို့ကြိုးစားနေတာမဟုတ်ဘူးဆိုရင် ရွှယ်ဇီရွမ်ဟာ ဒီလိုမျိုးဖြစ်လာမှာ မဟုတ်ဘူး။

 သူသည်ကြံ့ခိုင်သော လူတစ်ယောက်ဖြစ်ပြီး နှလုံးသားထဲက ခံစားချက်ကို သိမြင်နိုင်တဲ့ သူချစ်တဲ့သူကို ပိုင်ဆိုင်နိုင်တဲ့  ပုဂ္ဂိုလ်တစ် ဦး ဖြစ်လာနိုင်ပြီး ပို ကောင်းတဲ့ လှပတဲ့ အနာဂတ်ကိုပိုင်ဆိုင်နိုင်မှာ ဖြစ်ပေမယ့် အရာအားလုံးဖျက်ဆီးခံခဲ့ရသည်။ ဒီလူတွေကြောင့် အကုန် ပျက်စီးခြင်းသို့ရောက်ခဲ့ရသည်။ ရွှယ်အိမ်တော်ပျက်စီးရုံသာမက သူ့ဘဝ လည်း ပျက်စီးခဲ့ရသည်။ နှောင်းကျမှ သူချစ်သည့် ကောင်လေးကို အခြားလူ ပိုင်ဆိုင်သွားသည်ကိုရင်နာစွာကြည့်ခဲ့ရပြီး နှစ်ပေါင်းများစွာ နာကျင်ခံစားခဲ့ရသည်။ နောင်တတရားထဲမှာ နစ်မြှုပ်ရင်း ဟွမ်ရီကို မကယ်တင်ပေးနိုင်သည့် စိတ်က နှိပ်စက်သည်ကို ခံစားခဲ့ရပြီးနောက် ပြန်လည်မွေးဖွားခွင့်ရလာတော့ ပြောင်းလဲသွားတာ ဘာများ ထူးဆန်းနေလို့လဲ။

ကံကောင်းထောက်မစွာသူ နောက်တဖန် စတင်ရန် အခြား အခွင့်အလမ်း များ ရရှိခဲ့သည်။ ဒီအကြောင်းကို စဉ်းစားရင်းနူးညံ့သိမ်မွေ့တဲ့ အပြုံးလေးထွက်လာပြီး အစာစားနေတဲ့ ဆယ်ကျော်သက်လေးရဲ့  နူးညံ့သော ဆံပင်ကို ဖွဖွလေး ပွတ်သပ်ပေးနေခဲ့သည်။

ကျိုးယွင်ရှန့်သည် ရွှယ်ဇီရွမ်ကို ပြုံးကာ ပြန်စိုက်ကြည့်ပြီး ဒီလူအပေါ် သူ့မှာ ကောင်း တဲ့ အမြင်တွေ ပိုမြင့်တက်လာခဲ့သည်။

ရွှယ်ကျင်းရီက သူမ၏အစ်ကိုဖြစ်သူအပြင် ဖူဘိုအပေါ်လည်း မှီခို အားထား ခဲ့သည်။ အခုတော့ သူ့အစ်ကိုက သူ့ကိုမုန်းတီးပြီး ဖူဘိုကို မောင်းထုတ် လိုက်သဖြင့် သူမ အသက်မရှင်နိုင်တော့ဘူးလို့ ခံစားခဲ့ ရသည်။ သူမ အသက်ရှုမဝဖြစ်လာပြီး သူမရဲ့မျက်ခွံတွေက တဆတ်ဆတ် တုန်နေသည်။ အလုပ်သမားများက ပြာယာခတ်ကာ ဆရာဝန်ခေါ်ဖို့ လုပ်နေသဖြင့် ထမင်းစားခန်းသည်  မငြိမ်မသက်နှင့်  ပရမ်းပတာဖြစ်သွားတော့သည်။

ယခင်ကဆိုလျှင် ကျိုးယွင်ရှန့်က အကိုကောင်းအနေဖြင့် စိုးရိမ်တကြီးပုံစံ ပါဝင်သရုပ်ဆောင် ပြဦးမည်ဖြစ်သော်လည်း ယခုတော့ villain system က သူ့အပေါ်ကို လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်း မရှိတော့သည်ကို သိသောကြောင့် ထမင်းစားပြီးတော့ ဂိမ်းကစားဖို့ အပေါ်ထပ် သူ့အခန်းထဲကို ပြန်တက်လာခဲ့သည်။

ရွှယ်ဇီရွမ်သည်သစ်သီးတစ်ပန်းကန်ကို မိမိလက်ဖြင့် ကိုယ်တိုင်ပြင်ဆင် ခဲ့ပြီး အသီးများကိုလှီးဖြတ်ပြင်ကာ ကောင်လေးနှင့် အတူ ပျော်ရွှင်စွာ စားရန် အပေါ်ထပ်သို့ ယူဆောင်လာခဲ့သည်။

ရှောင်ဝမ် နှင့်အခြားသူများက ဒီမြင်ကွင်းကြောင့် လျှို့ဝှက်စွာ တုန်လှုပ်သွားခဲ့ကြသည်။ သူတို့ဟာ ရွှယ်ဇီရွမ်ရဲ့နှလုံးကင်းမဲ့မှုနဲ့ သွေးအေးမှုတွေကြောင့်စကားမပြောနိုင်တော့ပေ။

ဆရာဝန်၏အရေးတကြီးကုသမှုခံယူပြီးနောက် ရွှယ်ကျင်းရီသည် အသက် အန္တရာယ်မှ လွတ်လာခဲ့သည်။ သူမက ကြီးမားပြီး ပျော့ပျောင်း သော အိပ်ရာပေါ်မှာလဲလျောင်းနေခဲ့သည်။ သူမသည် အလွန်အားနည်း စွာဖြင့် သနားစဖွယ် ကြည့်နေသောကြောင့် ရှောင်ဝမ်က ပို၍  စိတ်သောက ရောက်ခဲ့သည်။ ရွယ်လွေ့ နှင့် ရွယ်လီဒန်နီတို့ကို ဖုန်းဆက်ရန် သူ၏ဆဲလ်ဖုန်းကိုထုတ်ယူပြီး သခင်လေး၏ ခါတိုင်းနှင့် မတူသော အပြုအမူကို ပြောပြခဲ့သည်။

ဖုန်းခေါ်ဆိုမှုအပြီးတွင် သူတို့သည် အလွန်ဒေါသထွက်နေကြသဖြင့်တစ် ဦး ချင်းစီ အစောဆုံးလေယာဉ်ဖြင့် ပြန်လာနိုင်ရန် လက်မှတ်ကြိုတင် မှာယူပြီး အိမ်သို့ အမြန်ပြန်လာခဲ့ကြသည်။

=======================

Chapter (9-2) _ ရှောင်ဝမ်ကို အလုပ်မှ ထုတ်ပစ်ခြင်း ( Z+U)

"သခင်လေး ... မမလေးကို တစ်ချက်လောက် လာကြည့်ဦးမလား။ သူမက သတိမေ့နေတာတောင် သခင်လေးရဲ့ နာမည်ကို ခေါ်နေတုန်းပဲ။။ "

ရှောင်ဝမ်က ဖုန်းချလိုက်ပြီး  သူက ဟွမ်ရီရဲ့ အခန်းတံခါးကို ဖွင့်ပြီး သခင်လေးကို ပြောလိုက်သည်။

"မင်းလည်း အလုပ်ထွက်ချင်နေတာလား "

ရွှယ်ဇီရွမ်သည် လက်ထဲက ကြည့်လက်စ  ဖိုင်ကိုချကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။

"မဟုတ်ပါဘူး။ ဒါပေမယ့် မမလေးရဲ့ အခြေနေက တကယ့်ကို ဆိုးဝါးနေလို့ပါ။ သခင်လေးက မမလေးကို လျစ်လျူရှုထားလို့ရတယ် ဆိုပေမယ့် ခုလို အခြေနေမှာ မမလေးကို စိတ်ထိခိုက်အောင် မလုပ်ပါနဲ့။ မမလေး ဘယ်လိုမှ ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။ မမလေးနဲ့ သခင်လေးက သွေးသား မတော်စပ်ဘူးဆိုပေမယ့် ငယ်ကတည်းက အတူကြီးပျင်းလာခဲ့တာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး အပြင်လူ တစ်ယောက်နဲ့ မမလေးပေါ် ထားတဲ့အချစ်ကို ယှဉ်လို့ရနိုင်မှာလဲ"

ရှောင်ဝမ်က တုန်လှုပ်နေပေမယ့် အရဲစွန့်ကာ ပြောလိုက်သည်။

ရွှယ်ဇီရွမ်သည်သူ၏ခေါင်းကို စာရွက်တွေထဲမှာ နှစ်မြှုပ်ထားပြီး ဘာမျှမကြားရသလို လုပ်နေသည်။ ရှောင်ဝမ်က ရင်ထဲကနေ တိတ်တိတ်လေး သက်ပြင်းချကာ  အခန်းတံခါးကို မပိတ်မီလေးမှာ သခင်လေးက  စတော်ဘယ်ရီသီးကို ကောက်ယူလိုက်ပြီး  ကွန်ပျူတာနှင့် ဂိမ်းကစားခြင်းကို အာရုံစိုက်နေသော လူငယ်လေး၏ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်သည်ကို တွေ့လိုက်ရသည်။

သခင်လေးက စိတ်ခံစားမှု ကင်းမဲ့လာသည်ကို ရှောင်ဝမ် တွေ့လာရသည်။ သို့သော် သခင်လေးက သူ့စိတ်ခံစားမှုအားလုံးကို လူပုဂ္ဂိုလ်တစ် ဦး အပေါ်မှာပဲ ထားခဲ့ပြီး မသက်ဆိုင်သော လူများကို လှည့်ပင်မကြည့်ပဲ အေးစက်စက်သာ ဆက်ဆံနေတော့သည်။ မသက်ဆိုင်သော လူတွေက ဘယ်သူတွေလဲ။ မသက်ဆိုင်တဲ့ လူတွေထဲမှာ အလုပ်သမားများသာမက မမလေး၊ သခင်ကြီးနှင့် သခင်မကြီးတို့လည်း ပါဝင်နေသလိုပင်။

ရှောင်ဝမ်၏မကျေနပ်မှုများသည် ရွှယ်ဇီရွမ်အပေါ် သက်ရောက်မှု မရှိခဲ့ပေ။ နောက်တနေ့တွင် ရွှယ်လွေ့နှင့် ရွှယ်လီဒန်နီက လေယာဉ်ဖြင့် ပြန်လာနေပြီဟု ဖုန်းဆက်လာသောအခါ ရွှယ်ဇီရွမ်က ချက်လက်မှတ် တစ်စောင်ရေးကာ ရှောင်ဝမ်ကို ချက်ချင်း အလုပ်ထုတ်ပစ်လိုက်သည်။

သူ၏စိတ်နှလုံးထဲ၌အမြဲတမ်းကံကောင်းသည်ဟု ခံစားခဲ့ရသော ရှောင်ဝမ် သည် မျက်လုံးပြာဝေလျက် သူ၏ခရီးဆောင်အိတ်များကို သယ်ဆောင် သွားသည်။ ရွှယ် မိသားစုက လစာနှင့် အပိုဆုကြေးများ စွာ ပေးခဲ့ရုံ သာမက ကားဂိုဒေါင်မှ ဇိမ်ခံကားအမျိုးမျိုးကိုလည်း အလွယ်တကူယူပြီး မောင်းနှင်လို့ ရနိုင်သည်။  သူ့ အလုပ်အခြေအနေက အလွန်ကောင်း သည်။ ဒီအလုပ်ကြောင့် သူဟာမြို့လယ်ခေါင်မှာ အိမ်တစ်လုံးဝယ်ဖို့၊ သူ့အိပ်မက်တွေထဲက အလှနတ်ဘုရားမနဲ့  လက်ထပ်ထိမ်းမြားနိုင်ဖို့နဲ့ သူ့သားကိုအကောင်းဆုံးကျောင်းထားနိုင်ဖို့ စိတ်ကူးနိုင်ခဲ့သည်။

ချွေတာသုံးစွဲခြင်းမှ သာမန်လူတန်းစားအတွက်လွယ်ကူပေမယ့်   ဇိမ်ခံပစ္စည်းများနှင့်အကျွမ်းတဝင်ဖြစ်ပြီးနောက်ချွေတာသုံးစွဲရန် ခဲယဉ်းလှသည်။ သူက ဘွဲ့နှင့် အခြားစွမ်းရည်မရှိသည့် သာမန် ရယ်စရာ ကားမောင်းသမားတစ်ယောက်သက်သက်သာဖြစ်သည်။ သူ့မိသားစုကို ထောက်ပံ့ဖို့ပိုကောင်းတဲ့အလုပ်တစ်ခု ဘယ်မှာရှာရတော့မလဲ။

ပူပန်စွာ စဉ်းစားပြီးနောက်တွင် ရှောင်ဝမ်က နောင်တ ရခဲ့ပေမယ့် ရွှယ် အိမ်တော်က သူတို့မွေးစားသမီးရဲ့ နှလုံးကို အစားထိုးဖို့ ကောင်လေး တစ်ယောက်ကို လျှို့ဝှက်ခေါ်ဆောင်လာပြီး လူသတ်မှု ကျူးလွန်ဖို့ လုပ်နေသည့် အချက်ဖြင့် အကျပ်ကိုင် ငွေညစ်ဖို့ ကြံလိုက် သည်။ ရွှယ်လွေ့က သူ့သမီးနာမည်မပေါ်စေဖို့အတွက်၊ ရွှယ်ဇီရွမ်က ဟွမ်ရီဆိုသည့် ကောင်လေးရဲ့ အမည်မပေါ်စေဖို့အတွက် နှစ်ဖက်စလုံး ဆီက သူ ငွေညစ်ကာ သူ့တစ်သက်စာအတွက် ဖူလုံအောင် လုပ်နိုင်တော့မည်ကို တွေးကာ ရှောင်ဝမ် စိတ်အေးသွားခဲ့သည်။

နောက်ဆုံးတွင် ရွှယ်ဇီရွမ်သည် ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် မသိ နားမလည်သော ကလေးတစ်ယောက်သာဖြစ်ပြီး ယုံကြည် စိတ်ချရမှု မရှိပေ။ မိသားစုထဲတွင် အကြီးအကဲတစ် ဦး အနေနှင့် သူ့ ကို  အလွယ် တကူ ဘယ်လို မောင်းထုတ်နိုင်မှာတဲ့လဲ။ ရွှယ်ဇီရွမ်က သူ့ဒေါသကိုနှိုးဆွမိမှာကို့မကြောက်ဘူးလား။

ရှောင်ဝမ်က ဒီအကြောင်းကို အချိန်အတော်ကြာ စဉ်းစားခဲ့ပြီးနောက် သက်တောင့်သက်သာရှိပြီးအေးဆေးစွာနေနိုင်လာခဲ့သည်။  

ထိုအချိန်တွင် ရွှယ်ဇီရွမ် သည် ကျိုးယွင်ရှန့်ကို အဝတ်စားဝယ်ပေးဖို့ အဆင့်မြင့် ဖက်ရှင်ဆိုင်ကြီးကို ခေါ်သွားခဲ့သည်။

"ရွှယ်သခင်လေး ....ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ ဦး၊ ကျွန်တော် အဝတ်တွေယူလာပြပေးပါ့မယ်"

အရောင်းစာရေးသည် လက်ဖက်ရည်ပူနှစ်ခွက်ကို စားပွဲပေါ်ချပေးကာ လူငယ်၏နူးညံ့သိမ်မွေ့သောမျက်နှာကိုကြည့်ခိုးကြည့်ကာ ပြောခဲ့သည်။

ရွှယ်ဇီရွမ် က  ဦးငုံ့ပြီးဆယ်ကျော်သက်ကောင်လေး၏ ဖိနပ်ကို ချွတ်ရန်ကေူညီပေးနေခဲ့သည်။ ထိုလူငယ်လေးသည် အရမ်းပျင်းရိပြီး သူထိုင်စရာသာရှိလျှင် ဘယ်တော့မှ မတ်တပ်ရပ်မည့်သူ မဟုတ်ပေ။  ပြီးတော့ ဒီဆိုင်ထဲမှာ ထိုင်ဖို့နေရာ လုံလောက်စွာ မရှိပေ။ ရှောင်ရီက  ဖိနပ်ကိုချွတ်ပြီး ခြေထောက်နှစ်ချောင်းကို အဆင်ပြေဆုံး အနေအထား တွင် ဆန့်ထားကာ သက်တောင့်သက်သာ ထိုင်ပါလိမ့်မည်။

သေချာတာပေါ့။  ကျိုးယွင်ရှန့်က သူ့ခြေထောက်တွေကို ဆိုဖာပေါ် ခေါက်တင်လိုက်ကာ သူ့တင်းပါးကို ဘယ်နဲ့ညာရွှေ့ကာ အနေထား ပြောင်းနေသည်။  နောက်ဆုံးမှာတော့ သူသည် ရွှယ်ဇီရွမ်ရဲ့ထွေးပွေ့မှု ကို ခံရင်း အသက်သာဆုံးဖြစ်နေတော့သည်။ သူက ရွှယ်ဇီရွမ်ရဲ့ လက်မောင်း တွေနဲ့ သိုင်းဖက်ထိန်းပွေ့ထားတာ ခံရင်း ရွှယ်ဇီရွမ်၏ ရင်ဘတ်ပေါ်ကို မှီကာ လက်ထဲက  တက်ဘလက်ကွန်ပျူတာကိုကိုင်ပြီး ပျော်ရွှင်စွာ ကစား နေ ခဲ့သည်။

ရွှယ်ဇီရွမ် သည် ညင်သာစွာရယ်ပြီး ကျိုးယွင်ရှန့်၏ပါးပြင်သို့ ကျနေသည့်  ဆံပင်ကို ထပ်ခါထပ်ခါ သပ်တင်ပေးရင်း ဖြူနုသော ပါးပြင်ကို  သူ့နူတ်ခမ်းဖြင့် မထိတထိလုပ်ကာ ထပ်တလလဲ နမ်းနေတော့သည်။

 သူတို့နှစ် ဦး ၏ရင်းနှီးသောကိုယ်ဟန်အနေအထားက ၀ န်ထမ်းများ သာမက ဖာက်သည်များ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ဖောက်သည်များ အားလုံး ရွှယ်ဇီရွမ်ကဲ့သို့ အဆင့်တန်းမြင့်မားသည့် လူမှုအသိုင်းအဝိုင်းမှလူများဖြစ်ပြီး အများစုမှာတစ် ဦး နှင့်တစ် ဦး သိကြသည်။

သို့သော် သူတို့က ရွှယ်ဇီရွမ် ကို တစ် ဦး တည်းသော ဂီတပညာရှင်၊ မာနကြီးသည့် စန္ဒရားဧကရာဇ်အဖြစ်သာမြင်ဖူးကြသည်။ နူးညံ့သိမ်မွေ့ပြီး  ချစ်ခင်တွယ်တာမှုကို ပြတတ်သည့်သူအဖြစ် ဘယ်သူမှ မမြင်ဖူးခဲ့ကြပေ။

လူတိုင်းက ဒီစုံတွဲကိုအချိန်အတော်ကြာလေ့လာခဲ့ကြပေမယ့် အမှားတစ်ခု လုပ်မိမှာကို စိုးရိမ်သောကြောင့် ဘာမှ မပြောရဲကြပေ။  ဤအချိန်တွင် စာရေးသည် စတိုင်နှင့်အရောင်တူ တ်စုံနှစ်မျိုးဖြင့်ထွက်လာပြီး သူတို့ ကို အပြုံးဖြင့် အစမ်းဝတ်ကြည့်ရသည့် အခန်းသို့ ခေါ်ဆောင်သွားသည်။

ကျိုးယွင်ရှန့်က တက်ဘလက်ကိုဖယ်လိုက်ပြီး ပြောလိုက်သည်။

" အကိုကြီးက ကျွန်တော့်ကို ပွဲကို တကယ်ခေါ်သွားမှာလား။ ကျွန်တော် ဦးအောင် ပြောထားမယ်နော်။ ကျွန်တော် ဘာကိုမှ မသိဘူးဗျ။ တော်ကြာ အကိုကြီးကို မျက်နှာပျက်အောင် လုပ်မိမှာစိုးတယ်  "

ရွှယ်ဇီရွမ် ဘာလုပ်ချင်တာလဲ။  ကျိုးယွင်ရှန့်က ရွှယ်ဇီရွမ် ဘာလုပ်ဖို့ ကြိုးစားနေသလဲဆိုတာကိုတောင် စဉ်းစားဖို့ ပျင်းရိကာ သူ လုပ်တာကို အလိုက်သင့် စောင့်ကြည့်ဖို့ပဲ ဆုံးဖြတ်လိုက်သည်။

" မင်း ဘာလုပ်လုပ် အရေးမကြီးဘူး၊ မင်းကြိုက်တာကို လုပ်နိုင်တယ်။ အကိုကြီး စိတ်ထဲ မထားဘူး"  

ရွှယ်ဇီရွမ် သည် စုံစမ်းမေးမြန်းပြီးဖြစ်သည်။ ရွှယ်ရန် တရုတ်နိုင်ငံတွင် မရှိကြောင်း သူ သိသောကြောင့် ကောင်လေးအား ပွဲထုတ်ရန် သတ္တိမွေးခဲ့သည်။ ဒီလိုမျိုး ဟွန်ရီကို လူမသိ သူမသိ အခြေနေမျိုး ထားရသည်ကို သူ မကြိုက်ပေ။ လူသိရှင်ကြား ဒီကောင်လေးကို သူပိုင်ဆိုင်ကြောင်း ကြေငြာထားချင်သည်။ ဒါမှ ဘယ်သူမှ သူချစ်သည့် ကောင်လေးကို ခိုးယူမသွားနိုင်မှာဖြစ်သည်။

------------------------------
Chapter (9-3) + (9-4) - မိသားစုကို ချုပ်ကိုင်ခြင်း (Z+U)


ရွှယ်ဇီရွမ်သည် အလိုမကျသည့်စိတ်ခံစားချက်ကို မျက်ဝန်းထဲမှာ  ဖုံးကွယ်ထားပြီး ဆယ်ကျော်သက်ကောင်လေး ရှောင်ရီကို ဝတ်စုံကိုပြောင်းလဲဝတ်ဆင်ရာမှာ သေချာကူညီပေးပြီး ကော်လံများကို သပ်ရပ်စေရန် ပြုပြင်ပေးသည်။ အရောင်းစာရေးသည် အနားကပ်လာတိုင်း ရွှယ်ဇီရွမ် တွန်းဖယ်ခံရသည်ကို အကြိမ်ရေ အတော်များများ ခံရပြီးနောက် စိတ်လျှော့ကာ အနားမှာသာ ရပ်နေရတော့သည်။

စာရေးက ဒီလူငယ်လေးက ဘယ်သူလဲလို့စဉ်းစားနေမိသည်။ သခင်လေး ရွှယ်ရဲ့ ချစ်သူလေးများလား။ သခင်လေးက ဒီလောက် စိတ်အား ထက်သန်စွာ လုပ်ပေးနေသည်ကို ကြည့်ပြီး သေချာလောက်သည်ဟု တွေးနေမိသည်။ အစစ အရာရာ လုပ်ပေးနေသည့် ပုံစံကိုကြည့်ကာ မနေနိုင်ပဲ လျှာကို ကိုက်ထားမိအောင်ပင် အူယားနေမိသည်။
 အဝတ်လဲလဲပြီးနောက် ညနေပိုင်းတွင် ကော့တေးပါတီသို့ နှစ်ဦးသား တက်ရောက်ခဲ့သည်။ တစ်ယောက်ယောက်ကမေးလာလျှင်လည်း ရွှယ်ဇီရွမ်က ရှောင်ရီ ၏ဘဝအကြောင်းကို အေးဆေးတည်ငြိမ်စွာ ပြောပြ မှာဖြစ်သည်။။ ထို့အပြင် မည်သည့်နေရာသို့သွားပါစေ သူက ရှောင်ရီ၏ ပခုံးပေါ်ကို လက်ဖြင့် သိုင်းဖက်ထားပြီး ဒီ ကောင်လေးအပေါ် ထားရှိသော သူ၏ချစ်ခြင်းမေတ္တာကိုနှုတ်ဖြင့် အတိအလင်း ထုတ်ဖော်ပြ လိမ့်မည်ဖြစ်သည်။

ကိုယ်စီးပွားအတွက် လူလူချင်း ချနင်းနေသည့် ဒီယုတ်မာသည့် လောကနှင့် အကျင့်ပျက် လူတွေကြား ရှောင်ရီလေးသာလျှင် ရွှယ်ဇီရွမ် အတွက် အိုအေစစ်လေး ဖြစ်နေတော့သည်။
 
ရွှယ်ဇီရွမ်သည် အနုပညာရှင်ဖြစ်ပေမယ့် စီးပွားရေးစွမ်းရည်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း စွမ်းရည်က လက်ရှိ ပါတီပွဲကို တက်ရောက်သည့် ဝါရင့် မြေခွေးအိုကြီးများထက် သာလွန်သောကြောင့် စီးပွားရေးသမားများက ရွှယ်ဇီရွမ် ကိုကြည့်ကာ တိတ်တဆိတ် သက်ပြင်းသာ ချနေမိသည်။ မကြာခင် ဒီသခင်လေးက သူတို့ကို ကျော်တက်သွားမှာ သေချာသည်။ ရွှယ်ဇီရွမ်က လုပ်ငန်းကို ဦးစီးသည့် တစ်လတာ ကာလအတွင်း ဘယ်သူမှ မလုပ်ဝံ့သည့် ရဲတင်းသော လုပ်ဆောင်ချက်များ၊ ဆုံးဖြတ်ချက်များကို ချကာ သူ့ စွမ်းရည်ကို သက်သေပြသွားပြီး ဖြစ်သည်။ သူတို့က လျှို့ဝှက်စွာ သက်ပြင်းချပြီး လူငယ်မျိုးဆက်များသည် အချိန်နဲ့ အမျှ ပို၍ သာလွန်လာသည်ဟု ညည်းတွားနေကြသည်။

တစ်ရက်အတွင်းမှာပဲ ရွှယ်ကျင်းရီ   ကို အပြင်ဘက်မှခေါ်ယူ မွေးစားခဲ့သည်ဆိုတာကို မြို့တော်ရဲ့အထက်တန်းလွှား အသိုင်းအဝိုင်းတစ်ခုလုံးက အားလုံးသိသွားကြသည်။ ရွှယ် မိသားစုသည် ကြင်နာတတ်ပြီး သူမ၏အမွှာအစ်ကိုသည် မည်သူ့ကိုမျှ မှီခိုအားထားခြင်းမရှိသော မိဘမဲ့ကလေးဖြစ်ကြောင်းသိရသောအခါ သူ့ကိုမွေးစားရန် ထပ်ခေါ်လာခဲ့သည်။

ရွှယ်လွေ့နှင့် ရွှယ်လီဒန်နီတို့သည်လေယာဉ်ပေါ်မှ ဆင်းပြီးနောက် ထိုသတင်း ရရှိသောအခါ သူတို့၏မျက်နှာများ အမျက်ဒေါသဖြင့် တွန့်လိမ်ကုန်သည်။

သူတို့၏သားသည်ခွဲစိတ်ခန်းကိုဖျက်သိမ်းရုံသာမက ဖူဘိုနှင့် ရှောင်ဝမ်တို့ ကိုပါ  အလုပ်ထုတ်လိုက်သည်။ ထို့အပြင် ရွှယ်မိသားစု၏မိသားစုဝင် တစ် ဦး အဖြစ် ဟွမ်ရီကို အထက်တန်းလွှာ အသိုင်းဝိုင်းကို အသိပေး ခဲ့သည်။   

သူက ဒီကမ္ဘာပေါ်မှာ ဘာလုပ်ချင်ခဲ့လဲ။
ပုန်ကန်ဖို ကြိုးစားနေတာလား။

ရွှယ်လွေ့ အိမ်ပြန်ရောက်သောအခါ သူသည်နှောင့်နှေးခြင်းမရှိပဲ သားဖြစ်သူကို့ခေါ်ပြီး မေးခွန်းထုတ်ခဲ့သည်။

"သိပ်မကြာခင်မှာပဲ ရွှယ်မိသားစုကို ကျွန်တော် ပိုင်တော့မယ်။ ဒါကြောင့် ကျွန်တော့် လုပ်ရပ်တွေက ပုန်ကန်တယ်လို့ ပြောဖို့လိုလို့လား။ "

ရွှယ်ဇီရွမ်က စီးကရက်တလိပ်ကို မီးညှိပြီး နူတ်ခမ်းမှာ ချိတ်ဆွဲထားကာ သူက  တစ်ခုခုသတိရသွားသလို  တဖြည်းဖြည်း ရယ်မောပြီး သူ့မျက်လုံးတွေက  ရွှယ်လွေ့ကို လှောင်ပြောင်ဟန် ကြည့်လိုက်သည်။

"ရွှယ် မိသားစုကို မင်း သိမ်းပိုက်လိုက်တာ အချိန်ဘယ်လောက်ကြာနေ သေး လို့လဲ။ ဒီမိသားစုက မင်း ပိုင်တဲ့ဟာ ဖြစ်သွားပြီလား။  မင်းရဲ့တောင်ပံ ဘယ်လောက်ပဲ ခိုင်ခိုင်မာမာရှိနေပါစေ မင်းက ငါ့သားဖြစ်နေတုန်းပါပဲ။ ငါပြောပါရစေဦး။ မင်းညီမရဲ့ဘဝ ဒါမှမဟုတ် သေခြင်းတရားကို မင်း ထည့်စဉ်းစားဖူးရဲ့လား။ "

ရွှယ်ဇီရွမ် ကဒေါသဖြင့်ဆူပူအော်ဟစ်နေသော ရွှယ်လွေ့ ကိုကြည့်ပြီး အေးစက်စက်ဖြေလိုက်သည်။

" မစဉ်းစားခဲ့ဖူးဘူး။ သူမ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ အဲ့ဒါ သူမရဲ့ဘ ၀ ပဲ။ သူမက ကျွန်တော်နဲ့ ဘယ်လို သက်ဆိုင်နေလို့လဲ။  ဒါက ရှောင်ရီနဲ့လည်း ဘာ သက်ဆိုင်နေလို့လဲ? "

" ငါ့သားရေ မင်းက ဒီလောက် သွေးအေး ရက်စက်တဲ့စကားတွေကို တကယ်ပြောထွက်လာပြီလား။ ငါ့ကိုဖြေပါစမ်းပါ။ မင်း ဟို မျိုးမစစ်လေးကို တကယ် ကြိုက်နေပြီလား။  "

ရွှယ်လွေ့ သည်သွေးအန်လုနီးပါး ဒေါသထွက်ကာ မေးလိုက်သည်။

သူရဲ့ သန့်ရှင်းစွာနေထိုင်ပြီး ဘဝတလျှောက်လုံး ရိုးသားသောသားသည် နောက်ဆုံးတွင် လိင်တူဆက်ဆံသူအဖြစ် အဆုံးသတ်သွား လိမ့်မည်ဟု သူဘယ်တော့မှ မတွေးခဲ့ဖူးပေ။ သူက ဒီကြားကာလအတွင်း လက်ထောက် ၏ အစီရင်ခံစာကိုကြားရသည့်အခါ  စိတ်အာရုံ ချောက်ခြားခြင်းဖြစ်လို့သာ ဒီလိုပြုမူသည်ဟု ထင်ခဲ့သည်။

သူက ဟွမ်ရီရဲ့နူးညံ့သိမ်မွေ့သောမျက်နှာနှင့် သူ့သား၏ မကြာသေးမီက ပုံမှန်မဟုတ်သော ပြုမှုပုံများအကြောင်း စဉ်းစားသောအခါ ထိုအချက်က မှန်ကန်ကြောင်း ရှစ်ဆယ် ရာခိုင်နှုန်းရှိသည်ဟု ခံစားခဲ့ရသည်။

" ကျေးဇူးပြုပြီးလေးလေးစားစား ပြောပါ အဖေ။ ဟွမ်ရီက မျိုးမစစ်ဆိုရင်... ရွှယ်ကျင်းရီလည်း မျိုးမစစ်မလေးပဲ မဟုတ်လား။  "

ရွှယ်ဇီရွမ် သည် စီးကရက်ကိုငြိမ်းသတ်လိုက်ပြီး သူ၏မှောင်မိုက်သောမျက်လုံးများထဲတွင်ဒေါသ ထွက်သည့် အရိပ်များကို တွေ့လိုက်ရသည်။

" အိုး......အိုး  မင်းရဲ့တောင်ပံတွေက တကယ်ကိုအားကောင်းလာပြီပဲ။ ဖာ့ခ်! မင်းကုမ္ပဏီကို မနက်ဖြန်သွားစရာမလိုတော့ဘူး။ မင်းရဲ့တောင်ပံ ဘယ်လောက်ပဲကြီးကြီးမားမားရှိပါစေ။ ငါ သူတို့ကို  ဖျက်ဆီးပြစ်နိုင်ပါ သေးတယ်။ မင်း မှာ အာဏာနည်းနည်းရှိတာလနဲ့ မင်းညီမလေးကို ခုလို ဆက်ဆံနေပြီ။ မင်းသာ အိမ်ထောင်ဦး စီးကြီးဖြစ်လာရင် မင်း အမေကို တောင် ငါစကားပြောပိုင်ခွင့်မရှိလောက်တော့ဘူး။ ရှောင်ကျိုး....ရှောင်ကျိုး...... ဒီကောင်ကို မြို့ထဲက နေရာတစ်ခုမှာ သော့ပိတ်ထားလိုက်စမ်း "  

ရွှယ်လွေ့က ဒေါသတကြီးဖြင့် တံခါးဘက်ကိုလှည့်ကာ အမိန့်ပေး လိုက် သည်။

ရွှယ်ဇီရွမ်၏့မျက်လုံးများထဲမှ ဆိုးဝါးသောအမြင်ဖြင့် သူ့အဖေကို ကြည့်လိုက်သည်။ ပြီးတော့ အေးဆေးတည်ငြိမ်စွာနဲ့  စာရွက်စာတမ်း အိတ်ကို သူ့လက်ထဲကနေ စားပွဲပေါ်ပစ်ချလိုက်ပြီး သူ့အဖေကို သူက ခပ်ပေါ့ပေါ့ပဲ ပြောလိုက်သည်။

 "အခု စမ်းကြည့်လိုက်လေ ။  အဖေ ကျွန်တော့် တောင်ပံတွေကို ချိုးလို့ရမလားဆိုတာ... ဒါတွေကို  တချက်လောက် ကြည့်လိုက်စမ်းပါ"  

သူ၏အကြည့်က ရွှယ်လွေ့ ကို အေးခဲ့သွားစေခဲ့သည်။ ရွှယ်လွေ့က ဖိုင်ကို ဖွင့်ကာ အထဲက စာရွက်စာတမ်းများကို ဖတ်ပြီး မျက်နှာက မှိန်ဖျော့ကာ ဖြူယော်သွားခဲသည်။

တော်လိုက်တာ...... တကယ့်ကို သားကောင်းတစ်ယောက်ပဲ။
သူ့သားက ကုမ္ပဏီကိုလွှဲပြောင်းပြီးနှ စ်လတောင် မပြည့်သေးပေမယ့် ကုမ္ပဏီရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်းနားလည်သွားခဲ့သည်။  စာရွက်စာတမ်းများထဲတွင် သူလုပ်သမျှ အခွန်ရှောင်ခြင်း၊ တရားမလာဘ်ထိုးခြင်း စီးပွားရေးလုပ်ငန်းများကို လှည့်စားခြင်းစသည့် အချက်အလက်များစွာကို ရှာဖွေစုဆောင်းထားသည့် သက်သေများစွာ ပါ ၀ င်သည်။ ထို့အပြင် အဓိကအိမ်တော်၊ တတိယဌာနခွဲနှင့် စတုတ္ထဌာနခွဲ၏  အသုံးစရိတ် အသေးစိတ်အချက်အလက်များလည်း ပါရှိသည်။

ဤစာရွက်စာတမ်းများကို  လက်ထဲတွင် ထားပြီး ရွှယ်ဇီရွမ်က သူအလိုရှိသည့် အချိန်မှာအားလုံးကို ဖျက်ဆီးကာ တစ်စစီ လုပ်နိုင်လေပြီ။ တရက်တည်းနဲ့ ရွှယ်လုပ်ငန်းစု တစ်ခုလုံးကိုလည်း အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်နိုင်စွမ်းရှိသွားလေပြီ။

သူ ဘယ်လိုလုပ်နိုင်မှာလဲ။ နောက်ဆုံး သူက ရွှယ်မိသားစု  အမွေဆက်ခံသူတစ် ဦး ဖြစ်ပြီး ရက်စက်သောသူ မဖြစ်နိုင်ပါ။ ရွှယ်လွေ့က ဒီလိုမျိုး မိမိဖာသာ နှစ်သိမ့်နေလိုက်သည်။

ရွှယ်လွေ့ စိတ်ငြိမ်သွားသည်နှင့် ရွှယ်ဇီရွမ် က ပြောခဲ့သည် -

" အဖေ ရွှယ်ကုမ္ပဏီလုပ်ငန်းစုကို အခု ဘယ်သူပိုင်တယ် ထင်သလဲ။ ကျွန်တော်သာ လိုချင်ရင် ဒါကို ဆက်ထားမယ်။ ကျွန်တော် မလိုချင်ရင် တစ်စစီဖျက်စီးပစ်မယ်။ အခု အဖေ ရွေးပေတော့။ အေးအေးဆေးဆေး အနားယူလိုက်မလား။  ဒါမှမဟုတ် ရှောင်ရီကို မထိပဲ အေးဆေး နေခွင့်ပေးမလား။ တစ်ခုကို ရွေးပါ "

ရွှယ်ရန်သည် အရင်ဘဝတွင် ရွှယ်လုပ်ငန်းစုအား တိုက်ခိုက်ခဲ့စဉ်က ဒီရာဇ ဝတ်မှု ဆိုင်ရာ သက်သေအထောက်အထားများကို ပြည်သူလူထု အား ကြေငြာ ခဲ့သည်။ ဒါကြောင့် သူင ဒီစာရွက်စာတမ်းများကို လွယ်လွယ်ကူကူလိုက်နိုင်ပြီး အရယူနိုင်ခဲ့ခြင်းဖြစ်သည်။

=======================

ရွှယ်ဇီရွမ်က ရွှယ်လွေ့ ရဲ့ စိတ်သဘောထားကို ကောင်းကောင်း နားလည် သည်။ သူ့အဖေက မိသားစုပိုင်ဆိုင်မှု၊ အာဏာနှင့် အဆင့် အတန်း ကိုသာ တန်ဖိုးထားခဲ့သည်။ သူ၏ဇနီးနှင့် ကလေးများအားလုံးက ထိုအရာနှင့်ယှဉ်လျှင် အလကားဖြစ်သည်။

ရွှယ်ရန်ကိုမျက်နှာလုပ်နိုင်ဖို့ ရွှယ်လွေ့က အရင်ဘဝတွင် ရွှယ်ကျင်းရီကို  စွန့်ပစ်ခဲ့သည်။ ဒီဘဝ၌ သူထိုင်ခုံအတွက် ရွှယ်ဇီရွမ်  ကိုနောက်တစ်ခါ အရှုံးပေးနိုင်မှာ သေချာသည်။

ရွှယ်ဇီရွမ် ကောင်းကောင်းသိသည်။ ရွှယ်လွေ့ရဲ့   ရွေးချယ်မှုက မပြောင်းလဲပေ။

သေချာတာပေါ့၊ ရွယ်လွေ့သည်အကြာကြီး တိတ်ဆိတ်နေပြီးနောက် သက်ပြင်းချက်ကာ ဟန်ဆောင်ပြောလိုက်သည်။

 "ဇီရွမ်.... မင်းကြီးပြင်းလာပြီပဲ။  အဖေက မင်း ဒီလို မြန်မြန် ရင်ကျက်လာမယ်လို့ မထင်ထားမိဘူး။  မင်းဟာ အဖေရဲ့ဂုဏ်ဆောင် သားတစ်ယောက်ပါ။  ကောင်းပြီ၊ မင်းပြန်သွားတော့။ အဖေ ပင်ပန်းနေလို့  တစ်ယောက်တည်းနေ ချင်တယ်။ ရွယ်မိသားစုဟာ အနှေးနဲ့ အမြန် မင်းရဲ့အပိုင်ဖြစ်ပြီ။ မင်း ဘာကိုမှ  စိုးရိမ်စရာမလိုတော့ဘူး။ "

ရွှယ်ဇီရွမ် သည် ဘာစကားမှာ မပြောတော့ပဲ ခေါင်းညိတ်ကာ တံခါးကိုဖွင့်၍ စာဖတ်ခန်းထဲမှ ထွက်ခွာသွားသည်။

တံခါးအပြင်ဘက်တွင်ရပ်နေသော Xiao Zhou ကသူ့ကိုချက်ချင်းနှုတ်ဆက်ပြီး

"  သခင်လေး.... ကျွန်တော် လိုက်ပို့ဖို့...လို.... "

ရှောင်ကျိုးက တွန့်ဆုတ်စွာဖြင့် လှမ်းပြောခဲ့သည်။ ကျန်စကားလုံးများမှာ လူငယ်၏အကြည့်ကြောင့် ဆက်မပြောဝံ့တော့ပေ။ ရွှယ်ဇီရွမ်၏ အကြည့်များက စူးရှထက်မြက်ပြီး ရှောင်ကျိုးကို တစ်စစီ စုတ်ဖြဲပစ်ချင်နေသလိုပင်။

ရှောင်ကျိုးသည်သူရဲဘောနည်းသူဖြစ်ပြီး ခေါင်းညိတ်လိုက်ပြီး အမြန်နှုန်းဖြင့် ထွက်ပြေးသွားခဲ့သည်။

ရွှယ်ဇီရွမ် ကတံခါးကို ပိတ်လိုက်ခါနီးမှာ သူ့အဖေကို လှမ်းပြောလိုက်သည်။

" ကျွန်တော် ပြောရမယ့် အချက်တစ်ချက် ရှိသေးတယ်။ ဖူဘိုနဲ့ ရှောင်ဝမ် တိုက လိုတာထက် ပိုသိနေတယ်။ ဒီအတွက် အဖေ သေချာ ကိုင်တွယ်ထားတာ အကောင်းဆုံးပဲ။ "

သူသည် ရွှယ်ရန်နှင့် တစ်သက်လုံးယှဉ်ပြိုင်နိုင်ခဲ့သူဖြစ်ပြီး  ဖိနှိပ်ခြင်းမခံရရန် အမြဲ ရုန်းကျန်နေရသူဖြစ်သည်။ ဒီလို အဆုံးသတ်စရာများကို ကိုင်တွယ်နိုင်ရန်အတွက် သူ ကိုယ်တိုင်လုပ်ရန် မလိုအပ်ပေ။  သူတို့၏ အကြောင်းကိုထုတ်ဖော်ရန်ကြိုးစားသူတိုင်းကို အပြတ်ရှင်းဖို့သာ လိုအပ်သည်။

ရွှယ်လွေ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး သူသိသည်ဟု ဆိုသည်။ သူက စီးကရက်ကို ဆွဲယူမီးညှိလိုက်သည်။ သူ၏မျက်လုံးများထဲသည် တွက်ချက်နေပြီး  ရက်စက်မှုနှင့်ပြည့်နှက်နေသည်။

သားဖြစ်ထံမှ သူက ဟွမ်ရီကို မထိနိုင်သေးပေမယ့် ဒီလို ဘာမဟုတ်သည့် လူနှစ်ယောက်ကို ကိုင်တွယ်ဖို့တော့ ရွှယ်လွေ့တတ်နိုင်ပါသေးသည်။   ဖူဘိုကသာ သစ္စာရှိခဲ့ရင် သူ့ကို လွှတ်လိုက်နိုင်ပေမယ့် ရှောင်ဝမ်က လောဘကြီးလွန်းမှုကြောင့် ပြသနာဖြစ်လာနိုင်သည်။ ဒါကြောင့် ရှောင်ဝမ်ကို အသက်ရှင်လျက် ထားလို့မဖြစ်ပေ။

ရွှယ်ဇီရွမ် သည် ဖခင်နှင့် ပြောဆိုဆွေးနွေးပြီးနောက် မိခင်နှင့် ဆွေးနွေးဖို့ ရွှယ်ကျင်းရီ အခန်းကို လာခဲ့သည်။ ဒါပေမယ့် သူမ အခန်းထဲမှာ မိခင်ကို မတွေ့သဖြင့် လှည့်ထွက်မည်အပြု ရွှယ်ကျင်းရီက ပျော်ရွှင်စွာလှမ်းပြော လိုက်သည်။

"အစ်ကို ညီမလေးကို လာကြည့်တာလား။ မြန်မြန် လာ ထိုင်ပါ ဦး"

ရွှယ်ကျင်းရီသည် အိပ်ယာထက်တွင်ထိုင်နေရင်း အစ်ကိုဖြစ်သူကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူမအကိုက သူမကို လာတွေ့သမျှ ကာလပတ်လုံး ဖူဘို မရှိလို့ စိတ်မကောင်းဖြစ်တာကို စိတ်ထဲက ထုတ်ပစ် နိုင်သည်။

ရွှယ်ဇီရွမ်ကမကြားချင်ယောင်ဆောင်ပြီး သူမမျက်စိအောက်မှာပင် တံခါးကို ပိတ်သွားလိုက်သည်။ ထို့နောက် သူသည် မိခင်ဖြစ်သူ၏ အိပ်ခန်းသို့သွားခဲ့သည်။

ရွှယ်ကျင်းရီရဲ့တောက်ပတဲ့အပြုံးက တဖြည်းဖြည်းပျော်သွားပြီး နောက်ဆုံးတော့ ခါးသီးနာကြည်းလာခဲ့သည်။

ရွှယ်လီဒန်နီသည်  သမီးကိုသွားကြည့်ပြီးနောက် သူ မ ခင်ပွန်းဖြစ်သူနှင့် သားက စာဖတ်ခန်းထဲတွင် အငြင်းပွားနေသည်ကိုကြားခဲ့ရသည်။ ထို့ကြောင့် သူမသည် မျိုးမစစ်လေးကို ဆူပူမာန်မဲရန် ထိုကောင်လေး အခန်းကို လာခဲ့သည်။  သူမသည် တံခါးကိုမခေါက်ဘဲ အခန်းထဲ ဝင်လာခဲ့ပြီး သူမ မမှတ်မိနိုင်လောက်အောင်ပြောင်းလဲသွားသော  အခန်းကိုတွေ့သောအခါ သူမ အလွန်အံ့အားသင့်သွားသည်။

မူလအားဖြင့် ဗလာသက်သက်အခန်းထဲမှာ စက်မှုနည်းပညာ စာအုပ် တွေနဲ့ပြည့်နေတဲ့ ကြီးမားတဲ့စာအုပ်စင်စင်နှစ်ခုရှိတယ်။ ၁.၅ မီတာ တစ်ယောက်အိပ် မွေ့ရာနှင့် ကုတင်ကို   ၂ မီတာရှိသော အိပ်ရာဖြင့် အစားထိုးထားခဲ့သည်။ ပြတင်းပေါက်ဘေးတွင် အနိမ့် အမြင့် နှစ်မျိုး   သုံးနိုင်သော စားပွဲခုံတစ်ခုရှိသည်။ ထိုစားပွဲပေါ်တွင် လက်တော့ပ် ၂ လုံး ရှိပြီး တစ်ခုကပိတ်ပြီး တစ်ခုက ဖွင့်ထားသည်။

ထိုအချိန်တွင်ရွယ် မိသားစုကို ဇောက်ထိုးလှန်လိုက်နိုင်သော ကောင်လေး သည် ကွန်ပြူတာ ဖန်သားပြင်ကိုစေ့စေ့ကြည့်လျက် သူ၏လက်ချောင်း များသည် keyboard ပေါ်တွင် လျှင်မြန်စွာ ပြေးလွှားကာ စာရိုက်နေသည်။

ဒါက မျှော်လင့်ချက်တွေနဲ့ပြည့်နေတဲ့အခန်းတစ်ခန်းပဲ။ နွေးထွေးပြီး သက်တောင့်သက်သာရှိပေမယ့် ရွယ်လီဒန်နီရဲ့နှလုံးကို တင်းကျပ် သွားစေ ခဲ့သည်။ သူမသည်ရေချိုးခန်းတံခါးကို ဖွင့်ကာ အထဲကို  လျင်မြန်စွာ ကြည့်လိုက်သည်။ သေချာတာပေါ့၊ အတွင်းပိုင်းမှာရှိတဲ့ ပစ္စည်းတွေ အားလုံးဟာ စုံတွဲတွေဖြစ်နေသည်။ ရေခွက်တွေ၊ လက်သုတ်ပဝါတွေ၊ ဖိနပ်စုံတွေ၊ သွားတိုက်တံတွေ အားလုံး အစုံလိုက်ဖြစ်နေသည်။

သူမသည် အသက်ရှုရခက်လာ သလို ခံစားလိုက်ရပြီး ရင်ဘတ်ထဲမှာ ဆိုးနစ်လာသည်။  သူမရဲ့အသားအရောင်ဟာ ပိုမိုဖျော့လာပြီး  လှည့်စားခံလိုက်ရသလို ခံစားရကာ သူမ မျက်နှာတွန့်လိမ်လာခဲ့သည်။

ကျိုးယွင်ရှန့်သည် ရွယ်လီဒန်နီ အခန်းထဲကို ဝင်လာသည်ကို သိပေမယ့်   အမျိုးသမီးကြီးက သူ့ကို  အနှောင့်အယှက်မပေးပါက သူ ဘာမှ ပြောမည်မဟုတ်ပေ။ အခုချိန်မှာ သူက ရွှယ်မိသားစုဝင်တွေကို အရေးတယူ လိုက်ဖားနေစရာမလိုတော့ပေ။ အရင်ကတော့ system ရဲ့ထိန်းချုပ်မှုကြောင့် သူ့ကို သေလမ်းပို့နေသည့် မိသားစုကို မျက်နှာချိုသွေးနေခဲ့ရသည် မဟုတ်လား။

မည်သို့ပင်ဖြစ်စေ၊ ရွယ်ကျင်းရီ၏ကိုယ်ခန္ဓာသည် အားနည်းနေဆဲ ဖြစ် သည်။ ထိုအချိန်တွင် သူတို့က သူ့ကို ကျန်းမာသော နှလုံးတစ်ခု ပေးနိုင်စေရန် ကောင်းမွန်စွာစားသောက်ရန်နှင့် ကောင်းစွာနေထိုင်နိုင်ရန် ခွင့်ပြုခဲ့ရသည်။ရွှယ်ကျင်းရီ၏ခန္ဓာကိုယ် အလုံအလောက်ပြန်လည် နာလန်ထူခဲ့ရင်  ခွဲစိတ်ကုသရန် အဆင်သင့်ဖြစ်ချိန်တွင် သူတို့က သူ့ကို သတ်ကာ နှလုံးကို ထုတ်ယူမှာ ဖြစ်သည်။

 သူက ဒီလို သေမယ့်အချိန်ကို ဘာမှမလုပ်ပဲ ထိုင်စောင့်နေမှာ မဟုတ်ပေ။ တောက်လျှောက်system ထဲ ထိုးဖောက်ဝင်ရောက်ပြီး တိုက်ခိုက်နေ ခဲ့သည်။ ဒါ့အပြင် သူက ရွှယ်ကျင်းရီကို ဒေါသအကြီးကျယ် ထွက်စေပြီး အိပ်ယာပေါ်လဲနေအောင် လုပ်နိုင်ခဲ့သောကြောင့် နှလုံးခွဲစိတ် မယ့်အချိန်က နောက်ကို ဆုတ်သွားပြန်သည်။   မကျန်းမာသော သူကို နှိပ်စက်ရာတာ ပိုလွယ်ကူသည် မဟုတ်လား။ ဒါကလည်း သူမရဲ့ စိတ်နဲ့ သူမဖာသာ လဲကျသွားတာ ပိုမှန်သည်။

ရွှယ်လီဒန်နီသည် ဆယ်ကျော်သက်ကောင်လေး၏ တကယ့်အတွေးများ ကို သိလျှင် သူမပေါက်ကွဲမှာသေချာသည်။ အခုလည်း ပေါက်ကွဲလုနီးနီး့ဖြစ်နေသည်။ သူမက ဒေါသတကြီး ပြောဆိုမယ့်ဆဲဆဲမှာ သူမသား ရောက်လာသည်။

"အမေ အဖေက ပြောစရာရှိလို့တဲ့..."

ရွှယ်ဇီရွမ် သည်ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်လာခဲ့သည်။

"ပြောစရာရှိရင် မနက်ဖြန်မှ ပြောခိုင်းလိုက်။ "

"ဒါက ရွယ် မိသားစုအတွက်သေရေးရှင်ရေးကိစ္စပါ။ "

ရွှယ်ဇီရွမ် က တံခါးကိုဖွင့်လိုက်ပြီး မလိုလားရိပ်ကိုပြသလိုက်သည်။

ရွှယ်လီဒန်နီသည်  ချီတုံချတုံဖြစ်နေပြီး သူမသားကိုတလှည့်၊ ထိုမျိုးမစစ်လေးကို တလှည့်ကြည့်ကာ ပြောလိုက်သည်။

 "နောက်မှ မင်းနဲ့ စာရင်းရှင်းဖို့ ငါ လာဦးမယ်။ !"

 ရွှယ်လီဒန်နီသည် စာဖတ်ခန်းထဲဝင်သွားခဲ့ပြီး မကြာမီတွင် သူမ မျက်နှာဖြူဖျော့လျက် ထွက်သွားခဲ့သည်။ သူမသည်  အသက်ဝိညာဉ် ဆုံးရှုံး သွားသကဲ့သို့ လေးကန်စွာဖြင့် လျှောက်လာဲ့သည်။ သူမရဲ့ ဝမ်ဗိုက် ထဲမှာ ဖစ်သည်။  ဆယ်လကြာအောင် လွယ်ထားပြီး မွေးဖွားခဲ့ သောသား တကယ်ကော ဟုတ်ရဲ့လား။ ဘာကြောင့် သူက ဒီလောက် ရက်စက် ကြမ်းကြုတ်နိုင်ရတာလဲ။ ဘာကြောင့် အကြင်နာမဲ့သော သူ ဖြစ်လာ ရတာလဲ။

-------------------

FOD Extra_ 1_ Chapter (9-5)_ ပြိုင်ကားကို ပြန်လည်တပ်ဆင်ပြီးခြင်း (Z+U)

မကြာသေးမီက ကျိုးယွင်ရှန့်သည် ကောင်းမွန်စွာနေထိုင်ခဲ့ရပြီး ရွှယ်ဇီရွမ် က  နောက်ကွယ်တွင် ဘာလုပ်ပေးခဲ့သည်ကို သူ လုံးဝ မသိခဲ့ပေ။ အစပိုင်းမှာတော့ ရွှယ်မိဘနှစ်ပါးက ပြန်လာပြီး မကောင်းဆိုးဝါးလေး ဟွမ်ရီ  ကိုကိုင်တွယ်ရန် ကြိုးစားပေမယ့် သူတို့အိမ်ပြန် လာသည့် ညတွင် မကောင်းသောစိတ်ထားရှိကြပေမယ့် နောက်တစ်နေ့တွင် သူ့ကို ဆက်ဆံပုံက လုံးဝကို ပြောင်းလဲသွားကြသည်။ သူ့ကို မြင်နေပေမယ့် မမြင်သလိုပဲ လျစ်လျူရှုထားကြ သူတို့ကသူနဲ့ အဆက်ဆံ မလုပ်ကြတော့ပေ။

ကျိုးယွင်ရှန့် ယခုလို  သဘောထားမျိုးကိုကြိုဆိုခဲ့သည်။ ရွှယ်လင်မယားတို့ကို သူ သည်းခံပြီး ဆက်ဆံစရာမလိုတော့ပေ။

ဒီတစ်ကြိမ်မှာတော့ ရွှယ်ကျင်းရီ ဖျားပြီး အိပ်ရာထက်တွင် တစ်လခန့် လဲှနေခဲ့ရသည်။ သူမ နားလန်ပြန်ထူလာတော့ ကျိုးယွင်ရှန့်နှင့် မဝေးလွန်း မနီးလွန်းသည့် နေရာများတွင် ရပ်နေပြီး သူမ မျက်နှာထက်က တောက်ပစွာ ပြုံးနေသည်ကို တွေ့လိုက်ရသည်။ ဒါကိုမြင်တော့ ကျိုးယွင်ရှန့် ခေါင်းမွေးထောင်လာသလို ခံစားလိုက်ရသည်။ သူမက လုံးဝကို စိတ်လွတ်နေသည့် ပုံပေါ်သည်။   ဒါဟာ တကယ်ကိုကြောက်စရာ ကောင်းတာပဲ။

ထို့အပြင် သူမက ကျိုးယွင်ရှန့်ကို  ပို  တွယ်ကပ်လာပြီး သူ ဘယ်လိုပြောပြော  " မျက်နှာမပျက်"ပဲ အရှက်လုံးလုံးမရှိသူနှယ် သူ့ဘေး မှာ မောင်းထုတ်လို့မရအောင် အတင်းကပ်နေခဲ့သည်။   ကျိုးယွင်ရှန့်က သူမကို ည်မျှပင်ဆိုးဆိုးဝါးဝါးစကားပြောနိုင်သော်လည်း သူမကို မောင်းထုတ်နိုင်ခြင်း မရှိခဲ့ပါ။

ရွှယ်ကျင်းရီကို အနိုင်ကျင့်ခြင်းကနေ သူ ဘာမှ မရခဲ့သောအခါ သူ့ လုပ်ရပ်ကို အရှိန်မြှင့်လိုက်ဖို့သာရှိသည်။ သူက ရွှယ်ကျင်းရီသောက်ရ သည့် နှလုံးရောဂါ အသက်ကယ်ဆေးနေရာတွင် ရိုးရိုးဗီတာမင်ဆေး များ နှင့် လဲလှယ်လိုက်သည်။ ဒီလုပ်ရပ်ကြောင့် သူက  ပြင်းထန်စွာအပြစ်ပေး ခံရလိမ့်မည်။ ဒီဇာတ်လမ်းထဲက ဇာတ်လိုက်မကို သတ်ဖို့ရည်ရွယ်တာက ခွင့်မလွှတ်နိုင်သော ရာဇဝတ်မှုဖြစ်သည်။ System သည် စွမ်းအင် မည်မျှရှိသေးသလဲ ဆိုတာကို သိဖို့ ကျိုးယွင်ရှန့်က ခုလို စမ်းသပ်လိုက်ခြင်းဖြစ်သည်။  

ပြင်းထန်သောနာကျင်မှုများကြားတွင် ကျိုးယွင်ရှန့်သည် လျင်မြန်စွာပင် နှလုံးဖောက်ရာတွင် အရေးပေါ်သောက်ရသည့် ကယ်ဆယ်ရေးဆေးများ ကို မူလနေရာသို့ပြန်ပို့ပေးလိုက်သည်။ အဲဒီနောက် သူက   ဟာသတစ်ခု လုပ်နေတယ်လို့ System ကို ပြောခဲ့သည်။ သူသည် system ကိုအကြိမ် များစွာ ဒေါသထွက်ခဲ့ပြီးနောက် လိုင်းပြတ်တောက်သွားသည်။ ပြန်ဖွင့်တဲ့အခါ နာရီမျက်နှာကမှေးမှိန်နေသည်။

တစ်နေ့ပြီးတစ်နေ့ System ကအားနည်းလာပြီး ကျိုးယွင်ရှန့်လည်း သူ့ ရဲ့ ၀ ိညာဉ်စွမ်းအားများကို System၏ အဓိက အတွင်းပိုင်း အလွှာဆီကို တွန်းပိုကာ ထိုးဖောက်လိုက်သည်။

ဒီနေ့မှာ ကျိုးယွင်ရှန့်က   ကားအောက်ခြေမှာလဲလျောင်းနေပြီးနောက်ဆုံး အစိတ်အပိုင်းကို တပ်ဆင်နေသည်။ ရွှယ်ကျင်းရီနှင့် ရှောင်တုံးက ကားဂိုဒေါင်ထောင့်က ဆိုဖာပေါ်မှာ ငြိမ်သက်စွာထိုင်နေသည်။ ရွှယ်ကျင်းရီ၏ ကိုယ်ပေါ်ကို စောင်လွှမ်းထားပြီး သူမက မေးစေ့အောက်မှာ လက်ထောက်ကာ ကားအောက်က အမွှာအကို လုပ်နေသည်ကို စိုက်ကြည့်နေသည်။

သူမသည်ယခင်ကဲ့သို့ ပြည့်စုံစွာ တပ်ဆင်ထားပြီးသော အနီရောင် နောက်ဆုံးပေါ် ပြိုင်ကားလေးကိုကြည့်သည်။ သူမသည် ဟွမ်ရီလို တောသား ငတုံးက ဈေးကြီးသည့် ကားအစိတ်ပိုင်းများကို အပုံလိုက်လုပ်ပြီးနောက် ပြန်လည်တပ်ဆင်နိုင်လိမ့်မည်ဆိုတာကို မယုံနိုင်ပေ။ သေချာတာကေ မူလ ကား Company က ပညာရှင်များကို ဖိတ်ခေါ်ကာ 2 လအချိန်ယူပြီး ကားကို ပြန်တပ်ဆင်ရမည်ဟု ယုံကြည်ထားသည်။

" ပြန်ပြင်ပြီးပြီလား" သူမက ညင်သာစွာမေးလိုက်သည်။

ကျိုးယွင်ရှန့်က  သူမကိုလျစ်လျူရှုကာ ။  ကားအောက်မှထွက်လာပြီး သူ၏ညစ်ပတ်နေသောအလုပ် အဝတ်အစားများကိုချွတ်ကာ ကားထဲသို့ ဝင်ရန် လုပ်ခဲ့သည်။ သူက ရွှယ်ဇီရွမ်ရဲ့ထုံး နှလုံးမူပြီး မမြင်၊မကြား၊ မပြော ဆိုသည့်ပုံဖြင့်သာ ရွှယ်ကျင်းရီကို ဆက်ဆံနေသည်။

ရွယ်ကျင်းရီသည် သူမ၏နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမ၏အမွှာအစ်ကို လုပ်ကိုင်နေသည်ကို ကြည့်ကာ ကားစက်မနှိုးနိုင်ပါစေနှင့်ဟု ဆုတောင်းနေသည်။  အပေါ်ယံတွင်တော့ သူမကို အဖက်မလုပ်ပေမယ့် အကိုဖြစ်သူကို အပြစ်မမြင်သော သဘောထားကြီးသည့် ကြင်နာသော ညီမပုံစံ ဖမ်းထားသည်။

သို့သော်မကြာမီတွင် သူမ၏ အေးဆေးတည်ငြိမ်သော မျက်နှာအမူယာကို မထိန်းသိမ်းနိုင်တော့ပေ၊ ကျိုးယွင်ရှန့်က ကားစက်ကို နှိုးလိုက်နိုင်ရုံမက ရွေ့အောင် မောင်းနိုင်သောကြောင့်ဖြစ်သည်။ တော်သားတစ်ယောက်က ဒီလို နည်းပညာမြင့်သည့်ကားအကြောင်းကို နားလည်ပြီး တစ်စစီဖြုတ် ကာ အကောင်းတိုင်းဖြစ်အောင် ပြန်တပ်နိုင်သည့် ဖြစ်ရပ်ကို သူမ မယုံနိုင်အောင်ဖြစ်နေသည်။  

ရွယ်ကျင်းရီသည် ငယ်စဉ်ကတည်းက ချမ်းသာသောရွယ် မိသားစု တွင်ကြီး ပြင်း ခဲ့သည်။ ထို့ကြောင့် သူမသည် သာမန်လူများထက် ဗဟုသုတနှင့် အတွေ့အကြုံပိုမိုကျယ်ပြန့်သည်။ ဒီတော့ သူမက  ကားကိုပြောင်းလဲဖို့  တိကျတဲ့နည်းစနစ်တွေလိုမယ်ဆိုတာကို သူမ ဘယ်လို သတိမပြုမိပဲ နေမလဲ။

မူလ ကား ကုန်ထုတ်လုပ်မှုကုမ္ပဏီမှ အထူးအဖွဲ့ရောက်လာသည့်တိုင် ကားကိုနှစ်လကြာအောင် ပြန်လည်ပြုပြင်မွမ်းမံမှ ရမည်ကို သူမ့မသိခဲ့ပါ။ ဒါကို ဟွမ်ရီက တစ်လအတွင်း အဆင့်မြင့်နိုင်တယ်ဆိုတော့ သူက ပါရမီရှင်လား။

ရွှယ်ကျင်းရီရဲ့မျက်လုံးတွေက မနာလိုစိတ်ကြောင့် ရဲရဲနီနေသည်။ မောင်နှမချင်းအတူတူ ဟွမ်ရီက ဘာကြောင့် ပါရမီရှင်ဖြစ်ပြီး သူမက ဘာကြောင့် မွေးရာပါ နှလုံးရောဂါကို ခံစားနေရတာလဲ။

သူဟာ သာမန်လူဖြစ်သင့်ပြီး သူမရဲ့ ဖိနှိပ်ချုပ်ခြယ်မှုကိုခံနေရတဲ့သူပဲ ဖြစ်သင့်တယ် မဟုတ်ဘူးလား။  ဒါကမှ ဘဝ၌မှန်ကန်သော လမ်းကြောင်းဖြစ် သင့်တယ်လေ။

သူမသည်စောင်ကို ဖယ်လိုက်ပြီး ပြိုင်ကားနား သို့ဖြည်းဖြည်းချင်း လျှောက်သွား ခဲ့သည်။

သူမသည် "ဒါဟာတကယ်ကိုမောင်းလို့ရလား။ အင်ဂျင်ကရော အဆင်ပြေလား။ အခြား အစိတ်ပိုင်းတွေကော အလုပ်လုပ်ရဲ့လား" ဟု သေအချာမေးလိုက်သည်။

သွား...သွားစမ်းမောင်းကြည့်လိုက်စမ်းပါ။ မောင်းရင်း ကားမှောက်သေသွားရင် ပိုကောင်းတယ်။

မကောင်းသည့် အတွေးများက ရွှယ်ကျင်းရီ၏ ခေါင်းထဲမှာပြည့်နေသည်။ သူမ အမွှာအကိုက သူမထက် သာလွန်သွားသည်ကိုကြည့်ကာ သူ့ကို သေစေချင်သည့်စိတ်က ထိန်းမနိုင်အောင်ဖြစ်လာခဲ့သည်။


ကျိုးယွင်ရှန့်သည် သူမ၏မကောင်းသောအကြံအစည်များကို မည်သို့ရိပ်မိနိုင်မှာလဲ။ သူကပေါ့ပေါ့တန်တန်ပြန်လည်ဖြေကြားခဲ့သည်။

 " ငါ အကိုကြီးရဲ့အလုပ်ဆီကို မောင်းသွားကြည့်မလို့။ မင်း လိုက်ချင်လား"

ရွယ်ကျင်းရီက အကိုကြီးဆီကို့သွားမည်ကိုကြားသောအခါ သူမ စိတ်ရှုပ်ထွေးနေသည်။ သူမသည် ရက်ပေါင်းများစွာ အကိုကြီးနှင့် စကားမပြောဖြစ်ပေ။ ဟွမ်ရီရှိခဲ့ရင် အနည်းဆုံး အကိုကြီးက သူမကို တိုက်ရိုက်ကြည့်ကောင်းကြည့်နိုင်ပြီး သူမ မျက်နှာကိုလည်း မြင်လိမ့်မည်။

"ဒါပေမယ့် နင်က ယာဉ်မောင်းလိုင်စင်မရှိဘူး။ "

သူမကြည့်ကာ ပြောလိုက်သည်။

"ဒါကအရေးမပါဘူး။ ငါတို့ညီအစ်ကိုနှစ်ယောက် အတူတူ ကားမောင်းတာနှစ်လ ရှိပြီ။ ဒီကားမှာတပ်ထားတဲက နောက်ဆုံးပေါ် နည်းပညာက အရမ်းကောင်းတယ်။

ကျိုးယွင်ရှန့်က ကြွားနေခြင်းမဟုတ်ပါ။ သူက mechs ( လူဝင်ပြီး ထိန်းချုပ်ရသော စက်ရုပ်ကြီး ) နှင့် အာကာသ ယာဉ်ကြီးများကိုပင် ထိန်းချုပ်မောင်းနှင်နိုသူဖြစ်သောကြောင့် ယခုလို ြိပိုင်ကားလေးမောင်းတာတော့ စာမဖွဲ့လောက်ပေ။

ရွှယ်ကျင်းရီက တွန့်ဆုတ်နေဆဲဖြစ်သော်လည်း ကျိုးယွင်ရှန့်က သူမကို ကားထဲ တွန်းထည့်ကာ ထိုင်ခုံခါးပတ်ပတ်ပေးလိုက်ပြီး ကားကို မောင်းကာ ဂိုဒေါင်ထဲမှ ထွက်လိုက်သည်။

စက္ကန့်အနည်းငယ်အတွင်းမှာပဲ ရွယ်ကျင်းရီက  သူတို့ဟာမြို့ပြင် ဧရိယာကိုရောက်နေပြီဆိုတာကိုတွေ့ရှိခဲ့သည်။ ကားဘေး နှစ်ဖက် စလုံးတွင် ရှုခင်းက အလွန်လျင်မြန်စွာဖြတ်သန်းသွားသောကြောင့်  ရှင်းရှင်းလင်းလင်းမမြင်နိုင်ပဲ မီးအလင်းများ ဖြတ်သန်းသွားသည်ကိုသာ တွေ့လိုက်ရသည်။

=====================

Chapter (9-6) _ ရွှယ်ယန်နှင့် ရှောင်ရီ တွေ့ဆုံခြင်း

တိတ်ဆိတ်ငြိမ်သက်နေသောတောင်ပေါ်လမ်းမှ လူနေအိမ်ခြေများသည့် နေရာသို့ ချည်းကပ်လာတော့ လမ်းမထက်တွင်  ကားအစီးရေ များ လာသည်။ ထိုကားများကို ပွတ်ကာ သီကာ ဖြတ်ကျော်လာတိုင်း ရွှယ်ကျင်းရီက ကြောက်လန့်တကြားအော်ဟစ်ကာ ရင်တုန်ပန်းတုန် ဖြစ်သွားရသည်။  

"ရှောင်ရီ ကားကို ဖြည်းဖြည်းမောင်းပါ ဦး!"

သူမသည် ကျိုးယွင်ရှန့်၏လက်ကိုထိန်းချုပ်ရန် ကြိုးစားလိုက်သည်။
 
"နင်က ငါ့ကို ကားမှောက်သေစေချင်ရင် ခုလို ဆက်ပြီး ထိ ကြည့်လိုက်လေ...   "

ကျိုးယွင်ရှန့်က ရွှယ်ကျင်းရီကို စိုက်ကြည့်ကာ အေးဆေးစွာပြော လိုက်သည်။ ထိုအချိန်တွင် ကားက အသံပြင်းပြင်းနှင့် နောက်မြီး ခါယမ်းပြီး ရပ်တန့်သွားခဲ့သည်။

 ရွယ်ကျင်းရီက ကားတံခါးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရသောကြောင့် သူမ လက်များ ထုံကျဉ်လို့နေလေပြီ။ ဒါပေမယ့် သူမက ရှောင်ရီကို ထပ်မထိ ရဲတော့သဖြင့် သူမရင်ဘတ်က အင်္ကျီစကို ဆုပ်ကိုင်ကာ တောင်းပန်လိုက်သည်။

" ရှောင်ရီ...နင်ဖြည်းဖြည်းမောင်းပါလို့  ငါ တောင်းပန်ပါတယ်။ ငါ့ရဲ့နှလုံးက မကောင်းဘူး၊ ဒီ အရှိန်နှုန်းနဲ့ ဆိုရင် ငါလန့်လို့ သေလိမ့်မယ်၊ သေတော့မယ်!"

မျက်ရည်များနှင့် နှာရည်များက သူမ၏မျက်နှာပေါ်တွင် ရောနှောကာ တောင်းပန်လိုက်သည်။

ကျိုးယွင်ရှန်သည် မော်တော်ကား၏ အရှိန်ကိုမြှင့ ်၍ပြောလိုက်သည်။

" ကိုယ့်ဖာသာ အားမလျှော့ သရွေ့ မင်း ဘယ်လိုမှ မသေနိုင်ပါဘူး။ ဒီကမ္ဘာက ကံကြမ္မာရဲ့ကလေးတစ်ယောက်က ဘယ်လိုလုပ်ပြီး အလွယ်တကူသေဆုံးနိုင်မှာလဲ။"

ရွှယ်ကျင်းရီသည် ကားထိုင်ခုံကို တင်းတင်းကျပ်ကျပ်တွယ်ကပ်နေပြီး အရှိန် မြန်ဆန်စွာမြင့်တက်လာသည့် ကားပေါ်တွင် အချိန်မရွေး သူမ နှလုံးခုန်ရပ်ကာ သေသွားတော့မလားဟု ခံစားနေရသည်။ ဒါကြောင့် ကားပြတင်းပေါက်မှ ပျံသန်းနေသလားဟု ထင်ရသည့် ရှုခင်းကို မကြည့်ရဲပဲ  သူမ၏မျက်လုံးများကိုပိတ်ထားပြီး ခက်ခက်ခဲခဲ အသက်ရှုရင်း ငိုနေခဲ့သည်။

ယခုအချိန်အထိ သူမမြင်တွေ့ရသမျှက ဒီ လူငယ်လေး၏ နှလုံးသားထဲက ခံစားချက် အစအနလေးမျှသာ ရှိသေးသည်ဆိုတာ သူမ လုံးဝမ သိခဲ့ပေ။  
သူမသည်  သူမ အကိုအပေါ် မကောင်းသောအကြံအစည်များ ဖြင့်ပြည့်နှက် နေခဲ့ ပြီး အမျိုးမျိုး အကောက်ကြံခဲ့သော်လည်း သူမ အကိုဆီမှာလည်း သူမကဲ့သို့ မကောင်းသော အတွေးများ ရှိနေမည်ဟု လုံးဝမမျှော်လင့်ထားမိပေ။ အကိုကြီးကြောင့် ရှောင်ရီအပေါ် ရှိနေသည့် သူမ၏ မကောင်းသည့် စိတ်အကြံကို ရင်ထဲ တိတ်တိတ်လေး သိုဝှက်ထား ပေမယ့် ဖြစ်နိုင်ရင် ချက်ချင်း သေအောင် ဓါးနှင့်ပင် ထိုးသတ်ချင်နေသည်။ ဒါပေမယ့် သူမ ဘာမှမလုပ်ရသေးခင် ရှောင်ရီကြောင့် သူမ နှလုံးခုန်ရပ်ပြီး သေရတော့မည်ထင်သည်။

သူမက ဟွမ်ရီကို ဘာတွေနဲ့ တိုက်ခိုင်ရမှာလဲ။ ဟွမ်ရီက အတွေး၊ သူ့စိတ်နှလုံး၊ သူ့လုပ်ရှားမှုက ရက်စက်ကာ အရမ်းကို ကြမ်းတမ်းလွန်းသည်။ ပြီးတော့ သူက သူမတူအောင်ကို ထူးချွန်ထက်မြက်လွန်းလှသည်။ ဒီကောင်ကို သူမက ဘာနဲ့တိုက်ခိုက်ရတော့မှာလဲ။ ဒါကြောင့် အခုချိန်မှာ ရွှယ်ကျင်းရီက ဟွမ်ရီကို အရမ်းကို ကြောက်လန့်လို့နေလေပြီ။

 တစ်ချိန်တည်းမှာပင် ကျိုးယွမ်ရှန့်သည် စနစ်ဆီကနေ သတိပေးချက်ကို လက်ခံရရှိခဲ့သည်:

 "သင်က ကံကြမ္မာ၏ကလေးကို ထိခိုက်အောင်လုပ်နေတာကို တွေ့ရှိခဲ့သည်။ ကျေးဇူးပြုပြီး ချက်ချင်းရပ်တန့်ပါ။ မဟုတ်ရင် စနစ်က နာရီဝက် လျှပ်စစ်ရှော့ခ်ရိုက်ပြီး အပြစ်ဒဏ် ပြေးရလိမ့်မယ်။ "

နာရီဝက် လျှပ်စစ်ရှော့ရိုက်တဲ့ အပြစ်ဒဏ်လား? ဘာလဲကွာ? ပြစ်ဒဏ် အဆင့် 10 နဲ့ယှဉ်ရင် ဒီ လျှပ်စစ်လျှော့တိုက်တာက ကလေး ကစားသလိုပဲဖြစ်နေသည်။ ဘာပဲပြောပြော အရင်က စနစ် သူ့ကို ပြင်းထန်သည့် အပြစ်ပေးခဲ့တာကို တောင် ကျေးဇူးတင်နေမိသည်။ အခုတော့ ဒီလောက် အပြစ်လောက်က သူ့အတွက် မှုစရာ မဟုတ်တော့ပေ။

သူက စနစ်၏ သတိပေးချက်ကို လျစ်လျူရှုကာ ကားကို အရှိန် ထပ်မြှင့်လိုက်သည်။  လျှပ်စစ်ရှော့ခ်၏ပြင်းထန်သောနာကျင်မှုသည် သူ၏ခြေလက်များထဲသို့ စီးဝင်လာပြီး သူ့ကို ကျယ်လောင်စွာ ရယ်မောလိုက်စေကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်မိသည်။  သူတို့ကားက တောင်စောင်းတစ်ခုနားကို လျှပ်စီးကဲ့သို့မြန်ဆန်စွာဖြင့် ဖြတ်သန်းလာစဉ် ရွှယ်ကျင်းရီက ထိုင်ခုံကို သေမတတ် ကိုင်ကာ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

 နောက်ဆုံးတွင်ကံကြမ္မာ၏ကလေး လုံခြုံမှုအတွက်  ၁၀ မိနစ် ကြာပြီးနောက် လျှပ်စစ်လျှော့ရိုက်သော အပြစ်ဒဏ်ကို  စနစ်က အလျင်အမြန်ဖျက်သိမ်းခဲ့ရသည်။

ကျိုးယွင်ရှန့် သည်ကားကို ရွယ်လုပ်ငန်းစုသို့အေးအေးဆေးဆေး မောင်းနှင် လာခဲ့သည်။ ရွှယ်ကျင်းရီသည် သူမနှင့်အတူ သယ်ဆောင်လာ သည့် အိတ်ငယ်လေးကို ကျွမ်းကျင်စွာဖွင့် လှစ်လိုက်ပြီး  နှလုံးအတွက် အသက်ကယ်ဆေးပြားကိုထုတ်ကာ  သူမ၏လျှာအောက်တွင် ထည့်ထား လိုက်သည်။

"ပျော်စရာကောင်းလား။ နောက်တစ်ခေါက် ကားမောင်း ပြိုင်ပွဲဝင်တဲ့အခါ နင့်ကို ခေါ်သွားပေးမယ်။ "

သူကနတ်ဆိုးလိုပြုံးပြရင်း မေးလိုက်သည်။

ရွှယ်ကျင်းရီသည်သူမ၏ရင်ဘတ်ကို လက်နှင့် ဖိကာ အချိန်ကြာမြင့်စွာ မလှုပ်ရှားနိုင်ခဲ့ပေ။သူမ၏ခြေထောက်များက အားနည်းနေပြီး တစ်ကိုယ်လုံး ပျော့ကာ  သူမ၏နှလုံးသည် အလွန်ပြင်းထန်စွာခုန်နေပြီး  လည်ချောင်းထဲမှ ထွက်လာတော့မလို ဖြစ်နေသည်။

သူမက ပါးစပ်ကိုခက်ခက်ခဲခဲဖွင့်လိုက်ပြီး ပြောလိုက်သည်။

"ရဲက နင့်ကို ဖမ်းမိမှာကို မကြောက်ဘူးလား?"

ကျိုးယွင်ရှန့်က မျက်ခုံးပင့်လိုက်ကာ ဘာမှပြန်မဖြေလိုက်ပေ။   ကား၏  လိုင်စင်နံပါတ်၊ ပြတင်းပေါက်များနှင့် ကား၏သုတ်ဆေး အားလုံးကို အထူးလုပ်ဆောင်ခဲ့သောကြောင့် မီးပွိုင့်များမှ ကင်မရာက အနက်ရောင်အရိပ်တစ်ခုသာ ဖမ်းယူနိုင်မည်ဖြစ်သောကြောင့် သူ လုံးဝစိတ်မပူပေ။

 "မင်း အပြင်လိုက်ဖို့ အားမရှိရင် ကားထဲ အိပ်နေခဲ့လေ။ ငါ အကိုကြီးကို လိုက်ရှာလိုက်ဦးမယ်။ "

ကျိုးယွင်ရှန့်သည်ငွေရောင်တောက်သော လှကားထစ်များဆီကို လျှောက်သွားခဲ့သည်။

ရွယ်ကျင်းရီက ရွှယ်ဇီရွမ်ကိုချဉ်းကပ်ဖို့ အခွင့်အရေးကို ဘယ်လို စွန့်လွှတ်နိုင်မှာလဲ။ သူမ တွားသွားရရင်တောင်မှ ကားပေါ်ကဆင်းလိမ့်မ ည်ဖြစ်သည်။ သူမသည်ကားတံခါးကိုဖွင့ ်၍ ဆယ်ကျော်သက် ကောင်လေး နောက်ကို ဒယိန်းဒယိုင် နှင့် လိုက်လာခဲ့သည်။

သူတို့နှစ်ယောက်ဟာ  ကားရပ်နားရာနေရာမှ ပထမထပ်သို့ ဓါတ်လှေကား စီးသွားခဲ့တယ်။ ရွယ်ကျင်းရီ သည် စန္ဒရားပြိုင်ပွဲများစွာတွင် ပါဝင်ခဲ့ပြီး လူသိများသဖြင့် ဧည့်ကြိုကောင်တာက သူမကို မှတ်မိကာ ချက်ချင်း ဖြတ်သန်းခွင့်ပေးလိုက်သည်။  သူတို့နှစ်ယောက်က အပေါ်ထပ်ရုံးခန်းသို့ ရောက်သော အခန်းရှေ့တွင် အတွင်းရေးမှုး၊ လက်ထောက် မရှိသည့်အပြင် ကိုယ်ရံတော် အစောင့်များလည်း မရှိသဖြင့် သူတို့နှစ်ယောက် ရုံးခန်းထဲ တိုက်ရိုက်ဝင် လာခဲ့သည်။

 ရုံးခန်းထဲတွင် ရွှယ်ဇီရွမ်သည် ဘီးတပ်ကုလားထိုင်ပေါ် ထိုင်နေသော လူတစ်ယောက်နှင့် အတူ နို့လက်ဖက်ရည်ကို သောက်နေတာကို တွေ့လိုက်ရသည်။  လက်ဖက်ရည်ကရားနှင့် ပန်းကန်လုံး တစ်ဆက်စာကို စားပွဲပေါ်တွင် တင်ထားသည်။

အခန်းထဲအရင်ဝင်လာသည့် ကျိုးယွင်ရှန့်ကိုတွေ့သောအခါ ရွှယ်ဇီရွမ်၏ အမူအယာက ခဏတွင်း အေးခဲသွားသော်လည်း သူ့ဖာသာ ထိန်းလိုက်ကာ အမူယာ ပြန်ပြင်လိုက်သည်။  သူ့ကြောက်စိတ်တွေကို လျှော့ချပြီး လက်လှမ်းဆွဲကာ ပြောလိုက်သည်။

" ရှောင်ရီ....မင်း အစ်ကိုဘေးမှာ ထိုင်ပါ"  

" အစ်ကိုကြီး...ညီမလေး အကိုကြီးကို တွေ့ဖို့လာခဲ့တာ၊  "

ရွယ်ကျင်းရီ သည်  နောက်မှ အနီးကပ် လိုက်ခဲ့ပြီး သူမကို သတိထားမိစေရန် အမြန်ပြောလိုက်သည်။ ဒါပေမယ့် ရွှယ်ဇီရွမ် နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသော လူကို မြင်လိုက်တော့ လန့်သွားပြီး အလိုလို နူတ်ဆက်လိုက်သည်။

 "မင်္ဂလာပါ  ဦးကြီး"

ဘီးတပ်ကုလားထိုင်ပေါ်မှလူသည် ရွှွယ် မိသားစု၏လက်ရှိ ဝါစဉ်အကြီးဆုံး ရွှယ်ယန် ဖြစ်သည်။ သူဟာ အသက်သိပ်မကြီးပေမယ့် သူ့ရဲ့လုပ်သက်ရင့်မှုနဲ့ ဝါစဉ်ကအရမ်းမြင့်လှသည်။ ရွှယ်ယန်ရဲ့ဝါစဉ်က ရွှယ်လွှေ့ထက် ကြီးသောကြောင့် ရွှယ်ကျင်းရီတို့က ဦးကြီးဟု ခေါ်ရသည်။


-------------------------


Chapter (9-7) - ဒီလူက အရင်ဘဝက တွေ့ခဲ့တဲ့ ရွှယ်ယန် မဟုတ်ဘူး (Z+U)

"အင်း.....မင်းရဲ့ အခြေနေက သိပ်မကောင်းတဲ့အပြင်   ပိုပိုဆိုးလာတယ်။"

ရွှယ်ယန်က  သူမကိုကြည့်ကာ ပြောလိုက်သည်။  

"ဒါဟာ ဘာမှ မဖြစ်ပါဘူး။  အမြဲတမ်း ဒီလိုပါပဲ။ "

ရွယ်ကျင်းရီက ပြုံးကာ လက်လေးကို ကပျာကယ ယမ်းကာ ပြောလိုက်သည်။
 
ရွှယ်ယန်ကပေါ့ပေါ့တန်တန်ပဲမေးလိုက်တာ ဖြစ်လို့ သူမရဲ့ သေခြင်း ရှင်းခြင်းကို ဂရုမစိုက်ပေ။ သူက ရွှယ်ဇီရွမ်ရဲ့ဘေးမှာ ထိုင်နေသည့် သူ့အလုပ်ကိုသာ အာရုံစိုက်နေသော ကောင်လေးကို လှည့်ကြည့်ကာ ပြုံးပြီး မေးလိုက်သည်။

 " ဒါမင်းရဲ့ချစ်ရတဲ့ညီလေးဖြစ်မယ်ထင်တယ်"

သူက "ချစ်လှစွာသောညီလေး" ဆိုတဲ့ စကားလုံးသုံးလုံးကို တမင် အထင်အမြင်သေးစွာ ဖိပြောလိုက်သည်။

ကျိုးယွင်ရှန့်သည် ကိရိယာတန်ဆာပလာထည့်သည့်  tool-box ကိုဖွင့ ်၍ အတွင်းပိုင်းရှိ အစိတ်အပိုင်းများကိုသာ ငုံ့ကြည့်နေသည်။ သူ့ကို မလိုမုန်းထားသူများနှင့်ဆက်ဆံခြင်းသည် သူ၏ဂုဏ်သိက္ခာကို ကျစေသောကြောင့် မသိသလိုပဲ နေလိုက်သည်။

ရွှယ်ဇီရွမ်ဟာ ဒီ လူနှစ်ယောက်ကြားက လေထုကို သတိထားလိုက်မိပြီး နောက် စိတ်ပူနေခြင်းများ ပျောက်ကွယ်သွားခဲ့သည်။  သူက ဆယ်ကျော်သက်ကောင်လေးကို လက်မောင်းများကြား သိုင်းဖက်ထားကာ ကောင်လေး၏ဖိနပ်ကို ကူချွတ်ပေးရင် ရယ်မောကာ ပြောလိုက်သည်။

 "ဦးကြီးပြောသလိုပဲ ရှောင်ရီက ကျွန်တော့်မိသားစုဝင်ပါ  "

ရွှယ်ယန်က မျက်ခုံးပင့်လိုက်ပြီး ဘာမှတ်ချက်မှ မပေးပဲ   စာရွက်စာတမ်းအိတ်ကို စားပွဲပေါ် တင်လိုက်ပြီး ပြောလိုက်သည်။

" မင်းမှာ တခြားပြောစရာရှိရင် ငါ့ကိုဖုန်းခေါ်ပါ၊ ငါစောင့်နေမယ်"  

"အိုကေ၊ ကျွန်တော် မကြာခင် ဦးကြီး ကို  လာတွေ့ပါ့မယ်။ "

ရွှယ်ဇီရွမ် သည်မတ်တပ်ရပ်ပြီး သူ့ရဲ့ ဘီးတပ်ကုလားထိုင်ကို တွန်းပေးကာ ရုံးခန်းထဲမှ ထွက်သွားဖို့ မစောင့်နိုင်အောင်ဖြစ်နေသည်။ သူတို့နှစ်ယောက် တံခါးဘက်ကို သွားစဉ် ရွှယ်ယန်က ရွှယ်ဇီရွမ် ကို သတိပေးဟန် ကြည့်ကာ ပြောလိုက်သည်။

 "ရွှယ် လူငယ်မျိုးဆက်တွေထဲမှာ မင်းက အတော်လေးကို လက်စောင်း ထက်ပြီး အကြီးကဲတွေကို စိတ်အနှောက်ယှက်ဖြစ်စေ တယ်လို့ ကြားရ တယ်။ မင်းက အရွယ်ရောက်ပြီဖြစ်လို့ မင်း စိတ်ကြိုက် လုပ်နိုင် ပေမယ့် မင်း စည်းကို မင်း သိရမယ်။ ကိုယ့်ထက် ဝါစဉ်ကြီးတွေကို ရိုသေမှုရှိဖို့ မမေ့သင့်ဘူး။ လူကြီး လူငယ်ကြား ဟန်ချက်ညီအောင် လုပ်တတ်ဖို့လိုတယ်။  "

ရွှယ်ဇီရွမ်  က သူ့ကို ပုံမှန်အတိုင်းပဲ ပြန်ကြည့်ကာ ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။
 
" ဦးကြီး၊ ကျွန်တော့် အတိုင်းအတာကို ကျွန်တော် သိပါတယ်။  "

ရွှယ်ဇီရွမ် က ရွှယ်ယန်ကိုပြောကြားခဲ့ပြီး အပြင်ဘက်တွင်စောင့်နေသော ရွှယ်လူငယ်မျိုးဆက်ထဲက စတုတ္ထမြောက်အကြီးဆုံး လူငယ်လက်ထဲကို ဘီးတပ်ကုလားထိုင်ကို့လွှဲပြောင်းပေးခဲ့သည်။

ရွှယ်ဇီရွမ်က ထိုလူ အုပ်စု ဓာတ်လှေကားသို့ လျှောက်ဝင်သွားသည် ကိုကြည့်နေ သည်။ သူက ရုံးခန်း တံခါးကိုပိတ်ပြီး ရယ်ချလိုက်သည်။ ရွယ်ယန်က ဝါစဉ်ကြီးများကို လေးစားပြီး ကိုယ့်အတိုင်းတာ ကိုယ်သိရမည်ဟု ပြောခဲ့ပေမယ့် တကယ့်ဟာသပဲ။ အရင်ဘဝက ရွှယ်ယန်က ဘယ်လောက်တောင် မောက်မာ မာနကြီးပြီး သူ့ အထက်မျိုးဆက် ဝါစဉ်ကြီးအားလုံးကို ရှောင်ရီအတွက် ရက်ရက်စက်စက် တုန့်ပြန်ခဲ့တာလဲ။ အခုမှ သူက ဒီစကားကို ပြောထွက်နေသေးသည်။

ရွှယ်ယန်လို လူတစ် ဦး က စည်းကမ်းများနှင့်အညီနေထိုင်သင့်သည်ဟု သူ တကယ် ခံစားရလို့ပြောနေတာလား။  

စိတ်ပျက်စရာ၊ ရယ်စရာစကားပဲ။


ရွှယ်ဇီရွမ်ဟာ တကယ့်ကိုရယ်စရာကောင်းတယ်လို့ ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပဲ စိတ်အေးလက်အေးရှိသွားခဲ့သည်။ သူက နှစ်ယောက်ထိုင် ဆိုဖာပေါ် ထိုင်လိုက်ပြီး  စာရွက်စာတမ်းအိတ်ကို ကောက်ကိုင်ကာ ဖွင့်ကြည့်လိုက်သည်။

ကျိုးယွင်ရှန့်က သူ၏ခြေထောက်ကို ရွှယ်ဇီရွမ်ရဲ့ ဒူးပေါ်တွင်တင်လိုက်ပြီး  မကျေနပ်စွာမေးလိုက်သည်။

" ဦးကြီးဆိုတာ ဘယ်သူလဲ။ စိတ်ပျက်စရာကြီး"
 
ရွှယ်ဇီရွမ် ကထပ်ပြီးရယ်လိုက်သည်။ သူက ဆယ်ကျော်သက်လေးရဲ့နူးညံ့တဲ့ခြေထောက်ကိုညှစ်ပြီးသက်ပြင်းချလိုက်သည်။

"ဒါကရွှယ်မိသားစုရဲ့ ဂိုဏ်းချုပ်ကြိး ရွှယ်ယန်ပဲ"

ကျိုးယွင်ရှန့်က ခေါင်းညိတ်ပြီးမေးခွန်းထုတ်ခြင်းကိုရပ်လိုက်သည်။ သူသည် toolbox ထဲမှအစိတ်အပိုင်းများကိုဆက်လက်လေ့လာနေသည်။

ရွယ်ကျင်းရီက ထိုနှစ်ယောက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ သူမသည်  စားပွဲပေါ်က ခွက်တစ်ခုထဲသို့ လက်ဖက်ရည်ကိုလောင်းပြီး နို့လက်ဖက်ရည်တစ်ခွက်ပြုလုပ်ခဲ့သည်။

ရွှယ်ဇီရွမ်က သူမကို တချက်လေးပင် လှည့်ကမကြည့်ခဲ့ပေ။  သူက ဖုန်းကိုကိုင်ပြီး ရှောင်ကျိုး ကိုဖုန်းဆက်လိုက်သည်။

"ရွှယ်ကျင်းရီက i ငါ့နေရာကို ရောက်နေတယ်။ မင်း ရှောင်တုန်းကို လာခေါ်ဖို့ ပြောလိုက်"

"အစ်ကိုကြီး ညီမလေး အကိုကြီးအလုပ်ကို အနှောက်ယှက် မဖြစ်စေရပါဘူး၊ အကိုကြီး အလုပ်မဆင်းခင် အထိ အတူတူနေလို့ ရမလား။ ညီမလေး အကိုကြီးနဲ့ မတွေ့ရတာ  ကြာပြီ၊ အကိုကြီးကို တကယ်လွမ်းနေခဲ့တာ။ ညစာစားဖို့ ရှောင်ရီကို  ဖုန်ကျားယွမ် စားသောက်ဆိုင် ကိုခေါ်သွားရင် ကောင်းမလားဟင်...."

ရွှွယ်ကျင်းရီက  လက်ဖက်ရည်ခွက်ကိုချထားလိုက်သည်။ မျှော်လင့်တောင့်တနေသည့် မျက်ဝန်းများထက်တွင် မျက်ရည်များက ဝဲတက်လာသည်။ သူမအစ်ကိုကြီး၏အေးစက်သော ဆက်ဆံရေးကို သူမ မခံနိုင်ခဲ့ပါ။ သူမရဲ့နှလုံးသားက တကယ့်ကို အပိုင်းပိုင်းကွဲသွားမလို ခံစားလိုက်ရသည်။

ရွှယ်ဇီရွမ် သည်စာရွက်စာတမ်းများကို စာမျက်နှာတစ်ခုချင်း စီကြည့်ရှုနေရင်း  လှုပ်ရှားနေသည့် ဆယ်ကျော်သက်လေး၏ခြေထောက် များကို ရံဖန်ရံခါ ကလိထိုးကာ နှိပ်စက်နေသည်။ ထိုမိန်းကလေး၏ မျက်ရည်များနှင့် တောင်းပန်ခြင်းကို ရွှယ်ဇီရွမ် လုံးဝမနှစ်သက်ခဲ့ပါ။  မျက်ရည်များနှင့် လှည့်စားခံရခြင်းက အရင်ဘဝနှင့်လုံလောက်နေပြီ။

သူမ၏မျက်ရည်များသည် အဆိပ်များဖြစ်ပြီး၊ သူမ၏အားနည်းချက် ကိုဖုံးကွယ်ထားသည့် လက်နက်တစ်ခုဖြစ်ပြီး သူမ၏အသနားခံခြင်းက လူကို လှည့်စားနေသော အချက်များဖြစ်သည်။  ခဏကြာတော့ ရွှယ်ဇီရွမ်က သူမကို အဝေးကိုပို့ပေးဖို့စီစဉ်ရမည်။ ဤဘဝ၌ သူမနှင့် ထပ်မံတွေ့ဆုံခြင်း မပြုခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု ဆုံးဖြတ်လိုက်သည်။

ရှောင်ကျိုး နှင့် ရှောင်တုန်း တို့သည်အလျင်အမြန်ရောက်ရှိလာပြီး ရွှယ်ကျင်းရီ အော်ကြွေးနေသည့်ကြားက သူမကို ဆေးရုံသို့ တိုက်ရိုက်ခေါ်သွားတော့သည်။

 တိတ်ဆိတ်စွာဖြင့် အပလီကေးရှင်းများကို   install လုပ်နေသော ကျိုးယွင်ရှန့်က  ပြုံးလိုက်သည်။

ရွှယ်ဇီရွမ် က ရှောင်ရီကို  အလိုလိုက်ခြင်းတစ်ဝက်၊ ကူကယ်ရာမဲခြင်းတ ၀ က်ဖြင့် ကြည့်လိုက်သည်။ နောက်ဆုံး၌ ကောင်လေး၏ခြေထောက်များ ကို ဖုံးအုပ်ရန်စောင်ကို ယူလာခဲ့သည်။ ထို့နောက် ရွှယ်ဇီရွမ်က စာရွက် စာတမ်းများကို ဆက်လက်ကြည့်အပြီးတွင်  သူဟာစာရွက်တွေကို လက်ထဲမှာကိုင်ပြီး တိတ်တဆိတ်ရယ်လိုက်သည်။

အရင်က မရေမရာဖြစ်နေပေမယ့် ရွှယ်ဇီရွမ်က အခု စာရွက်စာတမ်းများကို ဖတ်ပြီးနောက် အစောက လာသွားသည့် ရွှယ်ယန်က အရင်ဘဝက သူတွေ့ခဲ့သည့် သူ့ဘဝကို ငရဲကျအောင် တိုက်ခိုက်ခဲ့သည့် ရွှယ်ယန် မဟုတ်ဘူးဆိုတာ သိလိုက်ရသည်။ အခု ဘဝမှာ တွေ့နေရသည့် ရွှယ်ယန်က လူ ရာကျော်ဆီက ရစရာ အကြွေးကို ပြန်ရအောင် မလုပ်နိုင်သည့်အပြင် လူငယ်မျိုးဆက်တွေကိုတောင် ညှိနှိုင်းနေရသေးသည်။ လက်ရှိအခြေနေအရ ရွှယ်မိသားစုက အရင်ဘဝက ရောက်ခဲ့သည့် အမြင့်ဆုံး အဆင့်ကို ရောက်ဖို့ အဝေးကြီးလိုနေသေးသည်။

ယခုဘဝက ရွှယ်ယန်က ဆိုးဝါးတယ်ဆိုပေမယ့် သူ့ဆီက ရက်စက်ကြမ်းကြုတ်သော အငွေ့အသက် လုပ်ရပ်များ၊ ခွန်အားများက အရင်ဘဝက ရွှယ်ယန်နဲ့ အရမ်းကို ကွာခြားနေသေးသည်။ ယခု ရွှယ်ယန်က ရှေးရိုးစွဲကြီးပြီးပြတ်သားမှုလည်းမရှိပေ။ ရွှယ်မိသားစုသည် ထို ရွှယ်ယန် လက်ထဲသို့ ကျဆင်းသွားလိမ့်မည် မဟုတ်သော်လည်း နောက်ထပ် အမြင့်ကို လှမ်းရန်လည်းမဖြစ်နိုင်ပေ။

ယခုရွှယ်ယန်၏ အပြုအမူပုံစံ သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုယ်ရည်ကိုယ်သွေး၊ စိတ်ထား မည်သို့ပင်ရှိစေကာမူ  သူ၏မှတ်ဉာဏ်များထဲတွင် ရှိသည့် စီးပွားရေးလုပ်ကိုဆောင်ရွက်ပုံနှင့် အလှမ်းကွာဝေးနေသေးသည်။

 သူတို့ဟာ ဘယ်တော့မှ 100 % တူညီတဲ့ပုဂ္ဂိုလ်မဖြစ်နိုင်ပေ။

ဤအချက်ကိုနားလည်သဘောပေါက်သွားသောကြောင့် ရွှယ်ဇီရွမ်၏စိုးရိမ်ပူပန်မှုများနှင့်ကြောက်ရွံ့မှုများအားလုံးပျောက်ကွယ်သွားသည်။ အခု ရွှယ်ယန်က ဘယ်သူ ဖြစ်သလဲ။ အရင်ဘဝက သူတွေ့ခဲ့သည့် ရွှယ်ယန်က ဘယ်ကိုရောက်သွားသလဲဆိုတာ ရွှယ်ဇီရွမ် အရမ်းကို သိချင်လာခဲ့သည်။

 ဘယ်လိုပဲဖြစ်ပါစေ ဒီဆယ်ကျော်သက်ကလေးဟာ သူ့ အပိုင်ဖြစ်တယ် ဆိုတာ သေချာဖို့ပဲလိုအပ်သည်။ ဒါဆိုရင် သူ့အတွက် လုံလောက် သည်။

---------------------------

Chapter (9-8)_ villain system စက်ရုပ်ကိုတီထွက်ခြင်း (Z+U)


ရွှယ်ဇီရွမ်၏စိတ်ထဲတွင်ခံစားချက်အမျိုးမျိုးတိုးပွားလာသည်နှင့်အမျှ သူက ရှောင်ရီကို ဆိုဖာထက်တွင် လှဲချကာ မြတ်နိုးစွာဖြင့် ပွေ့ဖက်ကာ နမ်းလိုက်သည်။

ကျိုးယွမ်ရှန့်သည် ရွှယ်ဇီရွမ်၏  ရံဖန်ရံခါရူးသွပ်သလို နမ်းရှိုက်သည့် အပြုအမူကိုကြာရှည်စွာ ခံခဲ့ဖူးသဖြင့် စိတ်ထဲတွင်  မထည့်ပဲ လက်ထဲတွင် ကိုင်ထားသည့်  စက်ကရိယာ အစိတ်အပိုင်းတွေကို ကျွမ်းကျင်စွာ တပ်ဆင်ရင်း အနမ်းမိုးရှာနေသည့် ရွှယ်ဇီရွမ် မျက်နှာကို တပြိုင်တည်းရှောင်ရှားခဲ့သည်။

အကယ်၍ လက်ထောက်က  အစည်းဝေးတက်ရန်ရှိသည်ဟု လာမပြောပါက ရွှယ်ဇီရွမ်က သူ့မျက်နှာတစ်ခုလုံး စိုရွှဲအောင်ကို နမ်းလိုက်မည်ကိုပင် ကျိုးယွမ်ရှန့် စိုးထိတ်နေမိသည်။

လက်ထောက်ကအခန်းထဲ ၀ င်လာသောအခါ သူတို့ သူဌေးက ဆယ်ကျော်သက်ကောင်လေးရဲ့ပါးပြင်ကို လက်နှစ်ဖက်ထဲမှာ တယုတယ ညှပ်ကိုင်ရင်းနှာခေါင်း၊ နဖူး၊ နဖူးများ စသည်တို့ကို အသံကျယ်ကျယ် မြည်စေပြီး မွမွ ဟု နမ်းနေခဲ့သည်ကို တွေ့လိုက်ရသည့်အပြင် ကောင်ကလေးရဲ့  နူးညံ့ပြီးချောမွေ့တဲ့မျက်နှာက အနမ်းတွေကြောင့် မျက်ဝန်းလေးတွေက မျက်ရည်တချို့ဖြင့် စိုစွတ်နေသည်။  ဒါ့အပြင် သူမတို့ သူဌေးကဆယ်ကျော်သက်ကောင်လေးရဲ့ အင်္ကျီ ကော်လံကိုတောင် ဆွဲချပြီး လည်ပင်းနှင့် ညှပ်ရိုးများကိုတောင် ဖွဖွကိုက်လိုက်သေးသည်။


ရေခဲတောင်လို အေးစက်စက်နှင့် သူမတို့ သူဌေးက စက္ကန့်ပိုင်းအတွင်း အချစ်ရူးရူးနေသည့် လူလို ဖြစ်လာခဲ့သည်။ အဆိုပါလက်ထောက်သည် သူမရှေ့က မြင်ကွင်းကြောင့် အပေါက်ဝတွင် ကြောင်ငေးငေးဖြင့် ရပ်နေမိကာ တံခါးကိုပင် ပြန်မပိတ်မိအောင် ထုံထိုင်းနေမိသည်။

တကယ်လို့ ဆယ်ကျော်သက်ကောင်လေးက သူမတို့ သူဌေးကိုတွန်းထုတ်ပြီး " သွားပါ"ဟု မပြောခဲ့လျှင် လက်ထောက်မလေးက သူ့သူဌေးနမ်းနေသည့် အချိန်ကို မနှောက်ယှက်ရဲပဲ ပြီးသည့်အချိန်အထိ မျက်နှာပူစွာစောင့်နေရမှာဖြစ်သည်။ အခုတော့ ကောင်လေး၏ စကားကြောင့် သူမတို့ သူဌေးက ကျေနပ်ပျော်ရွှင်စွာဖြင့် သူမ ဘက်ကိုလှည့်ကာ အလုပ်ကို လုပ်ဖို့ပြင်လိုက်သည်။ သူမတို့ သူဌေးမျက်နှာထက်တွင် ထိုကောင်လေးကို စိတ်တိုင်းကျနမ်းလိုက်ရ သောကြောင့် ကလေးလို ပေါ့ပါးပြီး ပျော်ရွှင်နေသည့် အပြုံးတို့ ထင်ဟပ်နေသည်။
 

ရွှယ်ဇီရွမ်ကလူငယ်လေးကိုတွန့်ဆုတ်စွာလွှတ်လိုက်ပြီး သူ့ကိုဆက်နမ်းချင်သလို တွယ်တာစွာ ကြည့်နေဆဲဖြစ်သည်။ ရွှယ်ဇီရွမ်က နောက်ဆုံး သံယောဇဉ်မကုန်စွာဖြင့် လှည့်ကြည့်ပြီး လက်ထောက်ယူဆောင်စာရွက်စာတမ်းများကိုဖတ်လိုက်သည်။

ရွှယ်ဇီရွမ်က သူ့အားနှောင့်ယှက်ရန် အချိန်မရှိကြောင်းကိုတွေ့မြင်လိုက်သောအခါကျိုးယွင်ရှန့်သည်သူ၏လုပ်ရပ်များကို အရှိန်မြှင့ ်၍ အမြန်တပ်ဆင်လိုက်တော့ နောက်ဆုံး၌ခြေသလုံး တစ်ဝက်ခန့်ရှိသော စက်ရုပ်ကိုတပ်ဆင်ပြီးစီးခဲ့သည်။ ရွှယ်ဇီရွမ်သည်  အလွန်ရက်ရောစွာ ဖြင့်  ကျိုးယွင်ရှန့်ကို အကန့်သတ်မဲ့ သုံးနိုင်သော အကြွေးဝယ်ကဒ်ကိုပေးခဲ့သည်။ သူဟာသူ လိုချင်တာကို ၀ ယ်နိုင်ပြီး အကန့်သတ်ချက်မရှိပေ။

လူများပြောသည့်အတိုင်း မျက်နှာသာပေးခြင်းအတွက်ပြန်လည်ပေးဆပ် ရမည်ဖြစ်သည်။ မကြာခင်မှာ ရွှယ်ဇီရွမ်ရဲ့မွေးနေ့ရောက် တော့မည်ကို သိရသောကြောင့် ကျိုးယွင်ရှန့်က ရွှယ်ဇီရွမ်အတွက်  လက်ကျန်ပစ္စည်း တွေ ကိုသုံးပြီး ပစ္စည်းသေးသေးလေးတစ်ခု လုပ်လိုက်သည်။

ကျိုးယွင်ရှန့် သည် ရွှယ်ဇီရွမ်က သူ့အပေါ်ထားသည့် ခံစားချက်ကို သေချာ မသိရှိရသေးသော်လည်း နှလုံးကို ထုတ်ယူမည့် လူတစ်ယောက်အပေါ်တွင် အချိန်နှင့်ငွေများများများသုံးရန် ဆန္ဒရှိမည် မဟုတ်ဘူးဆိုတာ သေချာသည်။ ဒါကြောင့် ရွှယ်ဇီရွမ်က သူ့ကို ထိခိုက်အောင် မလုပ်ဘူးဆိုတာကို ကျိုးယွင်ရှန့် ယုံကြည်သည်။

ရွှယ်ဇီရွမ်က စာရွက်စာတမ်းများကိုလက်မှတ်ရေးထိုးပြီး လက်ထောက်က ဖိုင်ကိုပြန်ယူလိုက်ပြီးနောက်ရုံးခန်းထဲက ထွက်သွားခဲ့သည်။ ကျိုးယွင်ရှန့်ကကြက်ဥပုံသဏ္ဌာန် စက်ရုပ်ကိုကြမ်းပြင်ပေါ်ချလိုက်ပြီး ရွှယ်ဇီရွမ် ကို လက်ဝှေ့ယမ်းကာ ခေါ်လိုက်သည်။

"အကိုကြီး ကြိုက်မကြိုက် လာကြည့်ပါဦး။ "

"ဒါက ဘာလဲ?"

ရွှယ်ဇီရွမ် က စက်ရုပ်လေးကိုကိုင်ရင်းမေးလိုက်သည်။

"ဒါက အကိုကြီးအတွက် မွေးနေ့လက်ဆောင်  စက်ရုပ်သေးသေးလေးပါ။ အကိုကြီး စိတ်ဖိစီးမှုများတဲ့အခါ စိတ်ထွက်ပေါက်ပေးဖို့ ဒီစက်ရုပ်ကို အားပြင်းပြင်းနဲ့ကန်လိုက်လို့ရတယ်၊ ဒါက မကွဲနိုင်ဘူး။ "

ကျိုးယွင်ရှန့်က စက်ရုပ်၏တောက်ပသော အပေါ်ယံအခွံကို အသာပုတ်ကာ တောက်ပစွာပြုံးရင်း ဆက်ပြောလိုက်သည်။

"ဟုတ်တယ်၊ ဒါကို villain systemလို့ခေါ်ရမယ်။ "

စက်ရုပ်၏လုပ်ဆောင်ချက်သည် အလွန်စိတ် ၀ င်စားဖွယ်ကောင်းပြီး နာမည်လည်းထူးဆန်းနေသော်လည်း ရွှယ်ဇီရွမ်  အလွန်ပျော်ရွှင်နေသည်။ သူက ဆယ်ကျော်သက်ကောင်လေးကို အနောက်ဘက်မှဖက်ထားြ  လူငယ်လေး၏နားရွက်နားကပ်ကာ ပြုံးရင်းတီးတိုးမေးလိုက်သည်။

 "  ဖွင့်လို့ရပြီလား၊ ဒါက ရိုးရိုးလေးပဲ မဟုတ်လား"
 
"ဒါကို ဖွင့်လို့ရပြီ။ ကျွန်တော် အကိုကြီးကို ပြပေးမယ်။ "

ကျိုးယွင်ရှန့်သည် စက်ရုပ်လေးကို ကန်လိုက်ပြီး ရှင်းပြလိုက်သည်။

 "စက်ရုပ်ကို အသက်ဝင်အောင် ဖွင့်ရတဲ့ နည်းလမ်းက ထိတ်လန့်မှုအပေါ်တူတည်တယ်။ အပြင်ဘက်မှာ ဖွင့်တဲ့ ခလုတ်မရှိဘူး။ တကယ်လို့ အကိုကြီးက သူ့ကို ကန်လိုက်ရင် သူက စပြီး လှုပ်လာ လိမ့်မယ်  "

သေချာတာပေါ့၊ ကြက်ဥလို စက်ရုပ်လေးဟာ လက်တိုနဲ့ခြေတိုလေး ထွက်လာခဲ့ပြီး ချပ်...ချပ် ဆိုသည့် အသံနှင့် ရှေ့ကို တိုးလာပြီး ဒူးထောက်ကာ မြေကြီးကို အဆက်မပြတ် ခေါင်းနှင့်တိုက်ကာ တောင်းပန်စကားဆိုခဲ့သည်။

 ရယ်စရာကောင်းသော စက်ရုပ်သံလေးဖြင့်  " သခင်ကြီး ကျွန်တော်မှားသွားပါတယ်။ ၊ကျေးဇူးပြုပြီး ကျွန်တော့်ကို အသက်ချမ်းသာပေးပါ။ " ဟူသော အသံလေးထွက်လာသည်။

ရွှယ်ဇီရွမ် က စက်ရုပ်လေးကို အရမ်းကို သိမ်မွေ့စွာကြည့်လိုက်သည်။ စက်ရုပ်လေးရဲ့ တပ်ဆင်ထားသည့် ပုံစံက ထူးခြားလွန်းပြီး အတုမရှိ ပြည့်စုံလွန်းလှပေမယ့် အထဲက ထည့်ထားသည့် ဖန်ရှင်တွေက တကယ့်ကို တီထွက်ဆန်းသစ်နိုင်လွန်းသည်။

ကျိုးယွင်ရန့်သည် ရွှယ်ဇီရွမ် အမူအယာကို သတိမပြုမိပဲ ရွှယ်ဇီရွမ် ဖက်ထားသည့် ကြားက ရုန်းထွက်ကာ စက်ရုပ်လေးကို ထပ်ကန်လိုက်သည်။

 စက်ရုပ်က လိမ့်သွားပြီး အသံကျယ်ကျယ်အော်ဟစ်ကာ မြေပြင်ပေါ်မှာ   တိတ်တဆိတ်တွားသွားပြီး သူ့ဟာသူပါးရိုက်လိုက်ပြီး တောင်းပန် လိုက်သည်။

" သခင်၊ ကျွန်တော် မှားပါတယ်။ ကျွန်တော့်ကို ချမ်းသာပေးတော်မူပါ။  Villain system ဖြစ်တဲ့ ကျွန်တော်က သခင့်အတွက် အသက်ထက်ဆုံး အစေခံတစ်ယောက်လို အလုပ်ကျွေးပြုပါ့မယ်....... "


ဒီမြင်ကွင်းကိုတွေ့ရှိသွားခဲ့တဲ့တကယ့် Villain system ခမျာ... - "... "

ရွှယ်ဇီရွမ်သည်ကြည့်နေရင်း အံ့အားသင့်သွားသည်။ ဆယ်ကျော်သက်ကောင်လေးကို ပြန်ဆွဲကာ စက်ရုပ်လေးကို လက်မောင်းကြားတယုတယ ပွေ့ကာ ပြောလိုက်သည်။

 "ရှောင်ရီ...ဒါက မင်း အကိုကြီးကိုပေးခဲ့တဲ့ ပထမဆုံးမွေးနေ့လက်ဆောင်ပါ။ ဒါကြောင့် အကိုကြီး ဒီစက်ရုပ်လေးကို မကန်ရက်ဘူး"

သူကစက်ရုပ်ကလေးကိုပိုက်ပြီးစိတ်သောကရောက်နေသည်။

ဒါပေမယ့် စက်ရုပ်လေးက ရွှယ်ဇီရွမ်၏ စကားကို တန်ဖိုးမထားပဲ စိတ်ရင်းမှန်ဖြင့်တောင်းပန်သည်

" သခင်က ကျွန်တော်ကိုတစ်နေ့ သုံးကြိမ် ကန်ပေးပါလို့ အနူးအညွတ်တောင်းဆိုပါရစေ.... "

ရွှယ်ဇီရွမ် ဟာခဏလောက် ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။  စက်ရုပ်ကို ကိုင်ထားတာကမကောင်းဘူး၊ ကန်ပစ်လိုက်တာလည်းမကောင်းဘူး။ ရှောင်ရီက တကယ့်ကို ညစ်ကျယ်ကျယ်လေးနှင့် ဉာဏ်များပြီး ခုလို စက်ရုပ်ကိုထွင်ထားသည်ဟု ရွှယ်ဇီရွမ် တွေးလိုက်သည်။ ရှောင်ရီက ဘယ်လောက်ပဲ ညစ်ကျယ်ကျယ်ဖြစ်ပါစေ သူကတော့ ချစ်နေဆဲဖြစ်သည်။

ကျိုးယွင်ရှန့်က ဆိုဖာပေါ်လဲချကာ ရယ်မောရလွန်းလို့ ဗိုက်ပင် နာလာသည်။ သူက ဒီစက်ရုပ်ကို villain system လို့သဘောထားပြီး စိတ်ပြေလက်ပျောက် ကန်ချင်စိတ်ဖြင့် လုပ်ထားတာဖြစ်သည်။ ဒီစက်ရုပ်ကို ကန်သလို သူက villain system ကို တိုက်ခိုက်နေတယ်မဟုတ်လား။ တနေ့ကျရင် villain systemက အခု စက်ရုပ်လေးလို သူ့လက်ထဲ သူလုပ်သမျှ ခံနေရသည့် ဘဝရောက်လာစေရမည်။
-----------------

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now