Episode - 31 (Z+U)

12.8K 1.2K 22
                                    

Unicode
.....................

" Zale သားလေးရေ ဒေါ်လေးအိမ်ခဏခဏလာနော် "

" ဟုတ်ကဲ့အန်တီ သား အကို Rhon ကိုစာမေးဦးမလို့ စောင့်လိုက်ဦးမယ် "

တီ......

ခြံတံခါးအပြင်မှဟွန်းတီးနေတာမို့် ခွန်းကဖွင့်ပေးဖို့လုပ်ပြီးကာမှ ဒေါ်လေးကပြန်ထိုင်နေဆိုတာကြောင့်သာ ထိုင်နေလိုက်ရသည် ။

ခဏကြာတော့ ဆူပုတ်ပြီး Rhon က အိမ်ထဲဝင်လာလေသည် ၊ Luous လည်း Rhon နဲ့တူတူပါလာသည် ။

" အကိုLuous ပါလာမှတော့ အကို့ကိုပဲမေးတော့မယ် "

" ကဲထိုင်ကြဦး ဒေါ်လေးသောက်စရာသွားယူပေးမယ် "

" ဟုတ်ဒေါ်လေး ။ မေးလေ Zale "

" အော် ဒီဟာလေးမေးချင်...."

စာအုပ်ကြားထဲမှ ဓာတ်ပုံလေးတစ်ပုံသည်ထသွားသော ဒေါ်လေး၏ ခြေထောက်နားသို့ရောက်သွားလေသည် ။

ဒေါ်လေးကသူ့ခြေထောက်က်ိုလာထိတဲ့မှောက်နေတဲ့ဓာတ်ပုံလေးကိုကြည့်လိုက်သည် ။ သေချာကြည့်နေသော ဒေါ်လေးကို Zale က

" အဖေနဲ့အမေပါ ။ လွမ်းလို့ ဓာတ်ပုံလေးပဲယူလာတာ "

" မင်း.....မင်း က "

မျက်ရည်တွေဝဲ၍ Zale ကိုစိုက်ကြည့်နေတဲ့ ဒေါ်လေးကြောင့် Zale ရော Rhon ရော Luous ပါ ကြောင်အသွားသည်။

" ဒေါ်လေး ဘာဖြစ်တာလဲ? "

ချက်ချင်းဆိုသလို ငိုသွားတဲ့ဒေါ်လေးကြောင့် Rhon လည်း ဒေါ်လေးပုခုံးကိုကိုင်ကာ မေးလိုက်သည် ။

" မင်း.... မင်းက ဦးမြတ်သူကျော်နဲ့ဒေါ်မြဟန်တို့ရဲ့သား ခွန်းဆက်အိမ် "

" ဟုတ်ကဲ့ဒေါ်လေး ဘာဖြစ်လို့လဲဟင်...."

ခွန်း လည်းပြောလိုက်တော့ ဒေါ်လေးချုံးပွဲချငိုမိသည် ။
အကုန်လုံးကသူ့အပြစ်တွေကြီးပဲမဟုတ်လား?

" ဒေါ်လေး သတိထားပါဦး....!"

လဲကျသွားသော ဒေါ်လေးကိုပွေ့ကာ အိပ်ခန်းထဲသို့ခေါ်သွားလိုက်သည် ။ ခဏကြာတော့ ဒေါ်လေးသတိရလာကာ

" ဒေါ်လေးအမှားတွေ..... အဲ့အမှားတွေကြောင့် ငါ့တူတွေကွဲရတာ.... "

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now