🦋26🦋

559 82 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                       🦋26🦋

"နင်တို့နှစ်ယောက် အဲ့ဒီကျားဝါအဖိုးကြီးကြောင့် ရန်ဖြစ်နေကြတာပေါ့လေ"

       ယဲ့ရှားလုံက သစ်ပင်နားက လူငယ်အားကြည့်ကာ စကားမဆိုချေ။ ဟွမ်ကျင်းရွှေသည် တစ်ဖက်တွင်ရပ်လျက် သူတို့အခြေအနေကို လက်ပိုက်ကြည့်နေသည်။ လော့လော်သည် လူငယ်ဘက်သို့လှည့်၍

"နာမည်ဘယ်လိုခေါ်လဲ"
"ရိယုံပါ မင်းသမီး... "

"နင်ပြောချင်တာက ကျားဝါအဖိုးကြီးက ငါ့မှာကုသသွေးရှိတယ်ဆိုတဲ့အကြောင်း နင့်ကိုပြောပြခဲ့တာလား"
"ဟုတ်ကဲ့"

"သူကဘယ်လိုသိလဲ"
"အဲ့ဒါတော့ ကျွန်တော်လည်း မပြောတတ်ပါဘူး... သူကမင်းသမီးဆီက သွေးနဲ့ဆို ကျွန်တော့်သွေးကြောကို ပြန်ဖာထေးပေးနိုင်မယ်လို့ ပြောခဲ့တယ် ကျွန်တော်လည်း သိပ်မသေချာတာနဲ့ သားရဲတစ်ကောင်ဖမ်းပြီး မင်းသမီးကို စမ်းသပ်ခဲ့တာ"

"သားရဲ?... ဒါဆိုနင်သားရဲတောင်ကို သွားခဲ့တယ်ပေါ့"
"ဟုတ်ကဲ့..."

"စိတ်ညှို့ဆေးအပ်က နင့်ဟာလား"
"မဟုတ်ဘူး... အဲ့ဒါကျားဝါအဖိုးကြီးပေးတာ"

       လော့လော် ငယ်ရွယ်စဥ်အခါက ချင်းချုံးတောင်ပိုင်းကို သွားရောက်လည်ပတ်ခဲ့ဖူးသည်။ ချင်းချုံးနိုင်ငံသည် တောင်ပေါ်​မြေပြန့် နေရာအကျယ်အဝန်းက သာမန်မြို့များ၏ဆယ်ဆလောက် ကြီးမားသည်။ ချင်းချုံးနယ်နိမိတ်အလည်တွင် ချင်းချုံးနန်းတော်ကြီးရှိကာ ချင်းချုံးကို အပိုင်းငါးပိုင်း ခွဲထားသည်။

       အရှေ့ပိုင်း ၊ အနောက်ပိုင်း ၊ အလယ်ပိုင်း ၊ မြောက်ပိုင်းနှင့် တောင်ပိုင်းဟူ၍ ရှိရာ သားသုံးယောက်ကို အယောက်စီနေရာခွဲပေးထားကာ လစ်ဟနေသော နေရာများကို ဘုရင်ကြီးကိုယ်တိုင် စီမံအုပ်ချုပ်၏။ လော့လော်ကို ချင်းချုံးမြောက်ပိုင်းအတွက် အိမ်ရှေ့စံမင်းသမီး ခန့်ထားခဲ့သည်။

       သူမသည် အငယ်ဆုံးလည်းဖြစ် အဆော့လည်းအရမ်းမက်တာကြောင့် တောင်ပိုင်းကို အလည်သွားစဥ် လမ်းပျောက်ကာ သားရဲတောင်ပေါ် ရောက်သွားခဲ့သည်။ ကျားဝါအဖိုးကြီးသည် တောင်ပိုင်းအိမ်ရှေ့စံ လက်အောက်ကဖြစ်တာမို့ အမိန့်အတိုင်း အိမ်ရှေ့စံမင်းသမီးလေးကို လိုက်ထိန်းရလေ၏။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now