စာစဉ် ၉ (၂၁-၃၀)
4K 441 15
စာစဉ် ၉၊ အခန်း ၂၁။  သိပ်တော့ မပြည့်စုံပေမယ့် ကမ္ဘာမှာ တစ်ခုထဲရှိတဲ့အရာပဲ (1)
လုဘန်ချန်းလား ။ ဘာလို့လာတာလဲ ။
ဂူယူရှန်းကို လာရှာတာလား ။
သူမတံခါးဖွင့်ပေးလိုက်ပြီး"ဂူယူရှန်း ဒီမှာ မ..."
သူမ ပြောလို့မပြီးသေးခင် လုဘန်ချန်းက တံခါးတွန်းဖွင့်ပြီး
"ရှောင်ကူ အစ်ကိုရှန်း ပြန်မရောက်သေးဘူးလား"
ချင်းကျီအိုက်ခေါင်းခါပြပြီး "အင်း သူပြန်မရောက်သေးဘူး"
လုဘန်ချန်း၏  စိတ်ပူနေတဲ့ပုံကြောင့် ချင်းကျီအိုက် မေးလိုက်မိသည် ။
"ဘာဖြစ်လို့လဲ"
လုဘန်ချန်းက ..
"အစ်ကိုရှန်း မနေ့ညက ဖျားနေတာ၊ ကျွန်တော် သူ့ကို ဆေးရုံသွားပြဖို့ပြောပေမယ့် ပေတေပြီးတော့ ဒီညနေ အစည်းအဝေးသွားတက်တယ်လေ ။ နောက်ပြီး သောက်ပါသောက်ထားသေးတယ်၊ ဒါကြောင့် ကျွန်တော်
ရှောင်ဝမ်ကို သွားကြိုခိုင်းခဲ့ပေမယ့် သူ ကားသော့ယူပြီး ဟော်တယ်ကနေ ထွက်သွားလို့"
ဖျားတာ လား ။ မနေ့ညက မိုးရွာထဲနေခဲ့လို့လား ။
ချင်းကျီအိုက် စိတ်ပူလို့ မျက်မှောင်ကြုတ်မိသွားသည် ။
"ဖုန်းဆက်ကြည့်ခဲ့သေးလား"
"ဆက်ကြည့်ပေမယ့် ဖုန်းပိတ်ထားတယ်
ဒီလိုမဟုတ်ရင် ဒီထိ လာရှာပါ့မလား"
"အခြားနေရာတွေရော ရှာခဲ့သေးလား"
"ငါ သူသွားတတ်တဲ့ နေရာတွေရှာကြည့်ပြီးပြီ ၊
သူ့တိုက်ခန်းလဲရှာပြီး လူလွှတ်ပြီး သူ့အဖိုးအိမ်မှာလည်းရှာခိုင်းထားတယ်၊ သူသွားလေ့ရှိတဲ့
ဟိုတယ်တွေပါ ဆက်မေးပေမယ့် ဘယ်မှာမှ ရှိမနေဘူး"
လုဘန်ချန်းက ဆက်ပြောသည် ။
"ဒါဆို ကျွန်တော် အခြားနေရာတွေ ထပ်ရှာလိုက်ဦးမယ် ဘားတွေ ရောက်နေတာလဲ ဖြစ်မှာပါ ။ မင်းလဲ နားတော့ သူပြန်လာရင် ကျွန်တော့်ဆီ ဖုန်းဆက်လိုက်"
"ကောင်းပြီ"လို့ ပြောပြီး ချင်းကျီအိုက် ခေါင်းညိတ်ပြလိုက်တော့ လုဘန်ချန်း ပြန်သွားသည် ။