Extra-2

4.2K 564 117
                                    

Unicode...

မ​​နေ့ညကအ​ကြောင်း ပြန်​ပြောင်း​​ပြော​တော့ ဦးနိုးကြားကရယ်တယ်။ ဟက်ဟက်ပက်ပက်ကိုရယ်တာ။ ပိုးစိုးပက်စက် အားရပါးရ အူလှိုက်သဲလှိုက် နှလုံးကျွတ်ထွက်မတတ် ရယ်တာ။

ဟက်....​အချိန်မှားပြီး တက်ကြွ​နေလိုက်....

"ဒါဆို ခခ​လေး မအိပ်ရ​သေးဘူး​ပေါ့"

"သွား ​စကားလာမ​ပြောနဲ့"

"ခခကလည်း"

"သွား...တခြား​​နေရာသွား"

"ဒါ ကို့အိမ်​လေ...ကိုကဘယ်သွားရမှာလဲ"

"စခန်းမှာ သွားအိပ်​ချေ...သွား"

** တသွားသွားနဲ့ နှင်ထုတ်​နေပါ​တဲ့ သုခ။ စိတ်ဆိုးချင်စရာပါ​ပေ့ ဦးတာ။ **

"ကို ဒီ​တစ်ပတ်ခွင့်ယူထားတာ"

"အဲ​တော့"

"ကိုတို့ဟန်းနီးမွန်းထွက်ကြမလားလို့​လေ"

"အဲ​တော့"

"​ချောင်းသာ သွားကြမယ်​လေ"

"တစ်​ယောက်တည်းသွား...​သောင်ပြင်မှာ​ဟောက်​နေ...ဒီ​ရေတက်ပြီး တခါတည်းကပ္ပလီကျွန်းထိ​မျောသွားပါ​စေ"

"ခခ​လေးရာ...အဲ​လောက်စိတ်မဆိုးပါနဲ့​တော့...​ချောင်းသာကျမှ... အဲဒါပိုမ​ကောင်းဘူးလားလို့"

"မ​ကောင်းဘူး"

"ဒါဆို ဘယ်မှာ​ကောင်းလဲ​ပြော...ခခ​​ကောင်းတဲ့​နေရာ ​ပြောင်းမယ်"

"ဘာစကားကြီးလဲ...ဘယ်​နေရာမှ မ​ကောင်းဘူး"

"တစ်​နေရာရာ​တော့ ​ကောင်းလိုက်ပါ"

"မ​ကောင်းဘူး"

"ဒါဆို ခခက ဒီအတိုင်းကြီး တသက်လုံး​နေသွား​တော့မှာ​ပေါ့"

အခုမှ မျက်နှာငယ်​လေးနဲ့။ ဒါ​​ပေမဲ့ တအားတက်ကြွ​နေတာ။ ဟက်...မ​နေ့ညက ကာလနဂါးနဲ့တခြားစီ​နော်။ ​နေ့နိုး ညသိုး လူဆိုး ဟွန်း...။

** သုခတို့ စကား​ပြော​နေတာကို ခိုးနား​​ထောင်​နေ​တဲ့ လူတစ်စုရှိ​လေရဲ့။ ဖြစ်​ကြောင်းကုန်စဉ်ကိုသိပြီးဖြစ်တာမို့ မ​နေ့ညကအ​ကြွေး ဒီမနက်များဆပ်ကြမလားလို့ ​မျှော်လင့်တကိုး ​စောင့်​စားနေ​ကြတဲ့ လူတစ်စု။ **

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now