အပိုင်း(၄၃)အတိတ်နေ့ရက်များဆီသို့

14.9K 1.2K 78
                                    


အပိုင်း(၄၃)

အတိတ်နေ့ရက်များဆီသို့

Flashback....

လွန်းငယ် ကြယ်လွှဲမိုး ချိန်းသည့် Smile Cafeထဲသို့ ဝင်လာလိုက်သည်။ ညက မသွားရန် ဆုံးဖြတ်လိုက်သော်လည်း မတင်မကျ ဖြစ်နေသော ခံစားချက်တို့ကြောင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ကြယ်လွှဲမိုးထိုင်နေသော စားပွဲဝိုင်းဆီသွားကာ ထိုင်ခုံအား ဆွဲယူ၍ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

" ငါ့ကို ခေါ်တာ ဘာကိစ္စလဲ"

ကော်ဖီခွက်အား နှုတ်ခမ်းနားတေ့ကာ မှုတ်၍ သောက်လိုက်ပြီးနောက် ကြယ်လွှဲမိုးက သူ၏ အမေးအား ပြန်ဖြေလာ၏။

"အင်း ပြောရရင်တော့ အရှည်ကြီးပဲ"

"ငါ့မှာအချိန်မရှိဘူး ကြယ်လွှဲမိုး...ငါ့အချိန်တွေက အရမ်းပေါလောမနေဘူး"

"နင် မသိချင်ဘူးလား...ကိုက နင့်ကိုဘာလို့ အရမ်းမုန်းနေလဲဆိုတာ"

လွန်းငယ် မျက်နှာပြုံးယောင်သန်းသွားရသည်။

"ဘာလဲ နင်နဲ့သူ လမ်းခွဲလိုက်တယ်လို့ ငါကြားတယ်...ငါ ကြည့်ရသလောက်တော့ နင်တို့ဝေးခဲ့သလို ငါနဲ့သူ အဆင်မပြေအောင်လည်း ကြားထဲက နှောင့်ယှက်မလို့လား"

ကြယ်လွှဲမိုးက နှုတ်ခမ်းစွန်းတို့ တွန့်ကာ ပြုံးပြလာ၏။

"အင်း ဟုတ်တယ်...(၈)နှစ်တောင် စောင့်လာတဲ့ငါ့ကို ပစ်သွားတဲ့သူအပေါ် ငါခံပြင်းသင့်တယ်မလား....ဒီအတိုင်း နောက်ဆုတ်ပေးလိုက်ရတာကြီးက ငါ့ကိုတကယ်အစာမကြေစေဘူး...စိတ်သဘောထားပြည့်ဝလွန်းတဲ့ ကြာပန်းဖြူပုံစံက ငါနဲ့မလိုက်ဘူးလို့ခံစားရတယ်"

လွန်းငယ် ကြယ်လွှဲမိုးအား ကြည့်ကာ ခေါင်းရမ်းလိုက်မိသည်။ သူ ဒီနေရာကို အမှန်တကယ် မလာခဲ့သင့်ပေ။

"မင်း ပြောမှာကို ငါ စိတ်မဝင်စားဘူး ကြယ်လွှဲမိုး...ငါ့ကို ပြန်ခွင့်ပြုပါဦး"

"ကို့ရဲ့ ညီမလေး ယွန်းသက်လွှာ...ပြီးတော့ သုသုရဲ့မိဘတွေအကြောင်း....နင် တကယ် စိတ်မဝင်စားဘူးလား"

စေရာ(Complete)Where stories live. Discover now