Part 2

29.1K 896 45
                                    

Unicode

"ဟား ဟား ဟား မင်းကိုဓားပြတိုက်ဖို့မဟုတ်ဘူး မင်းဘဝကို ဖျက်ဆီးဖို့ မင်းလွတ်လပ်ခွင့်တွေကို သိမ်းပိုက်ဖို့ မင်းကိုဖမ်းထားတာ"

"ဘာာ..ရှင် ရှင် ဘာစကားပြောလိုက်တာလဲ"

"ဘာလဲမကြားလိုက်လို့လား ပြန်ပြောပေးရမလား မင်းဘဝကိုဖျက်ဆီးဖို့ မင်းလွတ်လပ်ခွင့်တွေကို သိမ်းပိုက်ဖို့ ok"

"ရှင် ရှင် ထွီ"

"ဖြောင်း"

မင်းမြတ်စိတ်တိုတိုနဲ့ နှင်းရဲ့ပါးကိုရိုက်လိုက်တာကြောင့်
သူမရဲ့ပါးတစ်ခုလုံး စပ်ဖျင်းပြီတော့ တအားကိုနာသွားကာ မျက်ရည်များပင် ဝဲတက်လာသည်။

"ဒီနေ့တော့နေနှင့်ဦးပေါ့ နောက်နေ့မှမင်းငါနဲ့တွေ့မယ်"

မင်းမြတ်ပြောဆိုပြီးတော့ အခန်းထဲကနေထွက်လာခဲ့သည်။
အခန်းအပြင်ရောက်တော့ သူ အခန်းဘက်ကိုလှည့်ကြည့်ပြီး

"မင်းကတော်တော်မလွယ်တဲ့မိန်းမဘဲ"

ဆိုပြီးနောက် သူ ထိုအခန်းရှေ့ကနေ ထွက်လာခဲ့သည်။

နှင်း အခုအချိန်မှာ ငိုရုံမှလွဲပြီးဘာမှမတတ်နိုင် မျက်ရည်ကိုသာအဖော်ပြုနေရတော့သည်။

--

"သမီးနှင်း ဒီနေ့နောက်ကျလိုက်တာ နေတောင်စောင်းနေပြီ"

ဒေါ်လေးမုံတစ်ယောက် နှင်း ကိုစိတ်ပူနေတာကြောင့် အိမ်ရှေ့ကိုသာနှင်းပြန်လာနိုးနိုးတစ်မျှော်မျှော်ဖြစ်နေသည်။

"ခါတိုင်းဆိုနောက်မကျတတ်ဘဲနဲ့ နှင်းဒီနေ့မှဘာဖြစ်လို့ပါလိမ့်"

ဒေါ်လေးမုံတစ်ယောက်စိတ်ထဲ၌ အတွေးပေါင်းများစွာ စဥ်းစားနေရင်း...

"အိမ်ရှင်တို့ အိမ်ရှင်တို့"

ဒေါ်လေးမုံတစ်ယောက်ခေါ်သံကြားလို့အိမ်ရှေ့ထွက်လာတော့
အိမ်ရှေ့၌ စာပို့သမားကောင်လေး

"အန်တီက ဒေါ်ယမုံခင် လားရှင့်"

"ဟုတ်ပါတယ် "

"မနှင်းပန်းပွင့်ကစာပေးခိုင်းလိုက်လို့ပါ"

"အော် ဟုတ်ကဲ့ရှင့်"

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Where stories live. Discover now