Part 3

25.5K 695 11
                                    

Unicode

တိတ်ဆိတ်သော အခန်းထဲ၌ ဝိုင်ခွက်ကိုကိုင်ရင်း ကျေနပ်နေသူတစ်ဦး

"မင်းကမာတော့မာသားဘဲ"

CCTV ကိုကြည့်ရင်း မင်းမြတ်တစ်ယောက် ဝိုင်ကို ကျေနပ်စွာသောက်နေလေသည်။

____/\_____

"ကယ်ကြပါဦး ချမ်းလွန်းလို့သေတော့မယ်"

နှင်းတစ်ယောက် အအေးခန်းထဲမှာ အအေးဒဏ်ကို အံတုရင်း ပါးစပ်ကတိုးညှင်းစွာ အကူအညီတောင်းနေ၏။

ချမ်းလွန်းလို့ အခန်းထောင့်မှာ မှီရင်း ဒူးနှစ်ဖက် ကို ထောင်ကာ ကိုယ်နဲ့ကပ်ထားရသည်
နဂိုကတည်းကအအေးကြောက်တတ်ပါတယ်ဆို အအေးခန်းထဲနေရတယ်ဆိုတော့နှင်းတစ်ယောက်အအေးဒဏ်ကိုမခံနိုင် တစ်ကိုယ်လုံး ခိုက်ခိုက်တုန် ပါးစပ်ကလည်း တိုးညှင်းစွာ

"ကယ်ကြပါဦး"

"ကယ်ကြပါဦး"

"ကယ် ကြ ပါ ဦး...."

နှင်းတစ်ယောက် မူးလဲ သွားတော့၏

____/\_____

မင်းမြတ်တစ်ယောက် ဝိုင်သောက်ပြီး အပေါ်ထပ်ကိုတက်လာတော့

"Boss သူမူးလဲ သွားပါပြီ"

"ဟုတ်လား"

မင်းမြတ် ပါးတစ်ဖက်ကိုလှုပ်ရုံသာပြုံးလိုက်ပြီး

"နောက်နာရီဝက်လောက်နေမှ ထုတ်လိုက်"

"ဟုတ်ကဲ့ Boss"

မင်းမြတ်အတွေးထဲ၌

"ဒါအခုမှ အစဘဲရှိပါသေးတယ် နောက်အများကြီးလာဦးမှာ"

____/\_____

မနက်

"ဒေါက် ဒေါက် ဒေါက်"

"ဝင်ခဲ့"

"ကော်ဖီ ပါ သခင်လေး"

"ထားခဲ့လိုက်ပါ"

"ဟုတ်ကဲ့ သခင်လေး"

"အော် ဒါနဲ့ ဟိုတစ်ယောက် ရော အခြေအနေ ဘယ်လိုလဲ"

"အခုထိ အဖျားမကျသေးပါဘူး သခင်လေး ညကတစ်ညလုံးလည်းဆေးတိုက်ရေပတ်တိုက် လုပ်ပေးထားတာခုထိအဖျားမကျသေးပါဘူး"

"အော် ဟုတ်ပြီသွားလို့ရပြီ"

"ဟုတ်ကဲ့ သခင်လေး"

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Where stories live. Discover now