🦋28🦋

551 76 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                       🦋28🦋

        ဟွမ်ကျင်းရွှေသည် ဖခင်ထားခဲ့သည့် ရှေးဟောင်းသေတ္တာကြီးကို စာအုပ်စင်များကြားထဲကနေ ဆွဲထုတ်လိုက်သည်။ နှစ်တော်တော်ကြား စာအုပ်စင်အောက်က ပျဥ်ချပ်များအောက်တွင် ရှိနေခဲ့တော့ ဖုန်အလှိမ့်လှိမ့်ဖြင့် ထွက်ပေါ်လာသည်။

        သေတ္တာအဖုံးကို ဖွင့်လိုက်သောအခါ အထဲတွင် စာရွက်တစ်ရွက် ထပ်ထွက်လာသည်။ ဟွမ်ကျင်းရွှေ ထိုစာရွက်ကိုဆွဲယူကာ ဖုန်ခါပစ်စဥ် ငုံ့ကြည့်လာသော လော့လော်နှာခေါင်းထဲ ဒဲ့တိုးဝင်သွား၏။

"အဲ....."
"အဟွတ် အဟွတ်..... အား.... ဘာစာရွက်ကြီးလဲ"

"အဆင်ပြေရဲ့လား"
"အင်း.... အဲ့ဒါဘာလဲ"

"ဒါအဖေ့ကို အမေစာပို့တဲ့အခါ သုံးတဲ့စာရွက်မျိုး.... "
"ဘာစာမှလဲမရှိဘူးလေ"

"သူတို့သမီးရည်းစား အရွယ်တုန်းက လျိုဝှက်ပြီးစာပို့တဲ့အခါ သုံးတယ်...."
"အာ...."

        ဟွမ်ကျင်းရွှေက လော့လော်အား လှမ်းပြုံးပြပြီး စာရွက်ကို စားပွဲပေါ်တင်ကာ သေရည်အိုးထဲက သေရည်အနည်းငယ်ကို စာရွက်ပေါ်လောင်းချလိုက်သောအခါ စာရွက်သည် ညစ်ပေနေသည့်အရောင်ကနေ တဖြည်းဖြည်း အဖြူရောင်အဖြစ်သို့ ပြောင်းလဲလာပြီး စာလုံးများလည်း ပေါ်လာလေသည်။

{"ဟွမ်အစ်ကို.... တောင်းပန်ပါတယ် ကျွန်မပြန်မလာနိုင်တော့ဘူး...."}

        စာရွက်ထဲက ထိုစာကို ဖတ်ကြည့်ပြီးနောက် နှစ်ယောက်လုံး အံ့သြထိတ်လန့်သွားသည်။ ဒီစာက ဟွမ်ကျင်းရွှေအမေကိုယ်တိုင် ရေးခဲ့တယ်ဆိုတာကို ဟွမ်ကျင်းရွှေကိုယ်တိုင်ကလည်း တစ်ချက်ကြည့်ရုံနဲ့ ခန့်မှန်းမိသည်။

       စာထဲက အဓိပ္ပာယ်ကိုတော့ သူဘယ်လိုမှစဥ်းစားလို့မရပေ။ ဘာကြောင့်ပြန်မလာနိုင်တာလဲ။ စာရွက်ကတော့ ဘာလို့ အဖေဖွင့်မဖတ်ရသေးတဲ့ ပုံစံပဲ။ နောက်ပြီး မြေပုံကဖခင်လက်ရာဆိုတာ သိသာထင်ရှားသည်။

"ဘယ်လိုဖြစ်တာလဲ"
"ကျင်းကိုကို.... ဒေါ်လေးနွီက ဘယ်ကနေစာပို့လိုက်တာလဲ.... ဘာကိုပြောချင်တာလဲ ဒေါ်လေးနွီရဲ့လက်ရေးက ကြောက်လန့်မှုတွေကြားကနေ ရေးထားသလိုပဲ စာလုံးတွေက ..."

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now