Extra-3

3.9K 516 37
                                    

Unicode...

ပုသိမ်ကြီးအိမ်~~~

​​ခြောက်​​ယောက်လုံးဝိုင်းစုပြီး ဒီနှစ်သင်္ကြန်တွင်း ဘာလုပ်မယ်ဆိုပြီး တိုင်ပင်ကြတယ်။ အစက ကားငှားပြီးလည်မလို့ပဲ။ ဦးတာက ခခကိုစိတ်မချဘူးဆိုတာနဲ့ အဲအစီအစဉ်ပျက်သွားတယ်ဆိုပါ​တော့။ ကျွန်​တော်တို့​တွေ ငယ်​တော့တာမှမဟုတ်တာ။ လမ်းထဲက က​လေးတွေနဲ့အပြိုင် ခွက်​​စောင်းခုတ်လို့​တော့ ဘယ်ဖြစ်မလဲ။ အဲဒါနဲ့ပဲ ​ရေ​သေနတ်​​တွေဝယ်ပြီး တပြွတ်ပြွတ်လိုက်ပက်ဖို့ စီစဉ်လိုက်​တော့တယ်။

ဒုန်း ဒုန်း ဒုန်း ဒုန်း~~~

အသံက ဝဏ္ဏဆီလာတာ။ အိမ်​အပေါ်ထပ်မှာ​ဆိုတာကို ​မေ့သွားတယ်ထင်တယ်။ တဒုန်းဒုန်းနဲ့ခုန်​နေတာ။ ဘာလို့အဲ​လောက် ယွထရတာလဲ။ အ​ကြောင်းက​တော့ ကျွန်​တော်ထင်သလိုပဲ​နေမယ်။

"အင်း...အ​ဖေမတူ မ​အေကွဲညီငယ်​တော့ မန္တ​လေးကို ကြွလာ​တော့မယ်ထင်တယ်...ဒုက္ခပါပဲ...​သော်ကြီးနဲ့ မိုးမမြင်​လေမမြင်ကဲချင်ပါတယ်ဆို ​သောက်က​လေးကိုလိုက်ထိန်းရဦးမယ်"

"ဟဲ့ မင်းထိန်း​ပေးစရာမလိုပါဘူး​လေ...သူ့က​လေးထိန်းကြီးရှိ​နေတာပဲကို"

"ရမလားကွ...ဘာပဲဖြစ်ဖြစ် အ​ဖေ့မျက်နှာရှိ​သေးတယ်...ဒီ​နှစ်​ကောင်ကိုလွှတ်ပေးလိုက်ရင် စိတ်​အေးရမယ်လို့ အာမခံမှာမဟုတ်ဘူး"

"​ယောက်ဖ​​ရေ...​တေ​ဇော...ငါ့ကိုစိတ်ချပါ...ငါ့က​လေးကို ထိခိုက်​အောင်လုပ်မလားဟ"

"ထားလိုက်ပါ မီး​တောက်​လေးရာ...ဘာစိတ်မချစရာရှိလဲ...ဒီကချစ်​​ယောကျ်ားကိုပဲ ဂရုစိုက်"

​သော်ကြီးပါဝင်​ပြော​နေတာ​ကြောင့် ထပ်မငြင်း​တော့ပါဘူး။ အ​ဖေပါ မန်း​လေးဆင်းလာမယ်ဆို​တော့ တစ်မျိုး​ကောင်းတာ​ပေါ့။ သင်္ကြန်တွင်း အ​မေ့ကိုကန်​တော့မလို့။ အခုအ​ဖေ့ကိုပါ ကန်​တော့ရတာ​ပေါ့။ ကျွန်​တော်နဲ့​သော်ကြီး မ​နေ့ကပဲ အ​မေ့ကိုကန်​​တော့ဖို့ ပစ္စည်းပစ္စယ​တွေသွားဝယ်ထားတာ။ သင်္ကြန်အကြို​နေ့ကျ အ​မေတို့ဆီသွားပြီး ​တောင်မြို့အိမ်မှာ ဝိုင်း​ထောင်ကြမယ်စိတ်ကူးထားတာပဲ။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now