Part 4

23K 673 24
                                    

Unicode

"ကျွန်မရှင့်ကို အရမ်းမုန်းတယ်"

"ငါလည်းမင်းကိုသေလောက်အောင်မုန်းတယ် သွားခုချက်ချင်းငါ့မျက်စိရှေ့ကထွက်သွား သွားလို့!"

မင်းမြတ်အားပါပါနဲ့အော်လိုက်‌၏။

"သွားပါ့မယ်"

နှင်းထွက်သွားပြီးမှ မင်းမြတ်ဒေါသတွေပြေလျော့သွားတော့သည်။

နောက်တစ်နေ့

"ဒေါက် ဒေါက် ဒေါက် သမီးရေကြီးစန်းပါ"

"ဟုတ် ကြီးစန်းဝင်လာခဲ့ပါနော်"

"သမီးဘယ်လိုလဲသက်သာသွားပြီလား"

"ဟုတ် ကြီးစန်း သမီးသက်သာသွားပါပြီ"

"အင်းအင်းသမီး သမီးကိုမင်းမြတ်ကသူ့အခန်းကိုခနလာခဲ့ပါဦးတဲ့"

"ဟုတ် ဒါပေမယ့်သမီးသူ့အခန်းဘယ်မှာလဲမသိဘူးရှင့်"

"အော် ဟုတ်သားဘဲကြီးစန်းလိုက်ပို့ပေးမယ်"

"ဟုတ် ကြီးစန်း"

ကြီးစန်းနောက်ကနေလိုက်လာတော့ ခုမှသေချာကြည့်မိသည်။ အိမ်ကြီးက အရမ်းကြီးပြီးမိုက်လှသည်။ အခန်းတွေကလည်း အများကြီးအပေါ်မှာလည်း မီးဆိုင်းတွနဲ့ းတကယ့်နန်းတော်ကြီးလိုဘဲ အစေခံတွေကလည်းအများကြီးဘဲ

"သမီး ဒီအခန်းဘဲ"

"ဟုတ် ကြီးစန်း"

"ဒါနဲ့ သမီး မင်းမြတ်စိတ်တိုအောင်တော့မလုပ်မိစေနဲ့နော် ကြီးစန်းအဲ့ဒါတော့မှာချင်တယ်"

"ဟုတ်ကဲ့ ကြီးစန်း သမီးဆင်ခြင်ပါ့မယ်"

"ဟုတ်ပြီ သမီး ဒါဆိုကြီးစန်းသွားမယ်နော်"

"ဟုတ်"

ကြီးစန်းထွက်သွားပြီးနောက် နှင်းအသက်ကို ဝဝရှူပြီးတော့

"ဟူး ဖိုက်တင်း"

"ဒေါက် ဒေါက် ဒေါက်"

"ဝင်ခဲ့"

အခန်းထဲကိုရောက်တော့ ခုံပေါ်မှာကျကျနနနဲ့ထိုင်ပြီး ကော်ဖီ သောက်နေတဲ့ မင်းမြတ်

"ကျွန်မကိုခေါ်ခိုင်းတယ်ဆိုလို့"

"ဟုတ်တယ်"

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Where stories live. Discover now