18

4.3K 797 32
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH18- HONEYTRAP

မော့ချိုးက အရာအားလုံးကို ဖော်ထုတ်ပြောပြလာခဲ့၏ ။ လုဖုန်းမှာ စောစောကပင် ရှန်းရှောင်ရှဲပြောသည်ကို နားထောင်ခဲ့ပြီးသော်ငြား မော့ချိုးပြောလာသည့်အခါတွင်လည်း ငြိမ်ပြီးသာနားထောင်နေခဲ့လိုက်၏ ။ သူပြောပြပုံအရဆိုလျှင် မော့ချိုးမှာ အမှန်တကယ် သူ့ခံစားချက်များကို ဆန်ကုန်မြေလေးတစ်ယောက်ဆီမှ လှည့်စားခြင်းခံရသည်သာ ။

မော့ချိုး၏ခန္ဓာကိုယ်မှာ လောလောလတ်လတ်ပင် အသက်ဘေးမှလွတ်မြောက်လာသည်ကတစ်ကြောင်း ၊ အများသူငှာအပေါင်း သွားလာလှုပ်ရှားနေသော နေရာဖြစ်နေသည်က တစ်ကြောင်းတို့ကြောင့် လုဖုန်း ပို၍အသေးစိတ်ကျကျ မမေးဖြစ်ခဲ့ ။

လုဖုန်းမှာ မော့ချိုးအား နှစ်သိမ့်ရာနှစ်သိမ့်ကြောင်းပြောပြီး သူနေပြန်ကောင်းလာပါက ဤကိစ္စအားဖြေရှင်းနိုင်​သောကြောင့် မစိုးရိမ်ဖို့ရန်သာ ပြောနိုင်တော့သည် ။ မော့ချိုးမှာ သွေးအများအပြားဆုံးရှုံးခဲ့သည့်အပြင် အောက်ဆီဂျင်ပြတ်လတ်သည့်အခြေအနေမျိုးလည်း ရှိခဲ့သည်ဖြစ်ရာ ငိုကြွေးပြီးနောက်မှာပင် အတော်ပင်ပန်းသွားပုံရသည် ။

ဆေးရုံမှဆင်းသည့်နေ့တွင် လုဖုန်း မော့ချိုးအားအိမ်သို့ လိုက်ပါပို့ဆောင်ခဲ့၏ ။ အိမ်သို့ရောက်သောအခါ မော့ချိုးက လုဖုန်းအား ခဏနေဖို့ရန်  တတွတ်တွတ်မှာပြီး လက်ဖက်ရည်တစ်ခွက်ဧည့်ခံရင်း ပေးစရာတစ်ခုရှိကြောင်း ပြောလာခဲ့၏ ။
လုဖုန်းမှာ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်ကျန်ခဲ့ပြီး မော့ချိုးကား အိပ်ခန်းထဲသို့ ဝင်သွားလေသည် ။ ထွက်ပေါ်လာသော အသံများအရ မော့ချိုးတစ်ယောက် သူ့ပစ္စည်းများထဲမှ  တစ်စုံတစ်ခုကို လှန်လှောရှာဖွေနေပုံရသည် ။

မော့ချိုး၏တိုက်ခန်း၌မူ လိုက်ကာများချထားသည်ဖြစ်ရာ အထဲသို့ထိုးဖောက်ဝင်လာသော အလင်းရောင်သည် မှိန်ပျပျ ။ ကြမ်းပြင်ပေါ်တွင်လည်း မော့ချိုးပစ္စည်းများက ဟိုတစသည်တစနှင့် တောင်ပုံရာပုံပင် ။ မော့ချိုးမှာ ပစ္စည်းများကို သပ်သပ်ရပ်ရပ်လုပ်ရာ၌ ကျွမ်းကျင်သူတစ်ယောက်မဟုတ်ကြောင်း သိသာလှ၏ ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now