Episode - 35 (Z+U)

14.8K 1.3K 44
                                    

Unicode
....................

ထိုက်စိုးစံတို့ရဲ့ကားလေးပြန်ထွက်သွားသည်နှင့် မာန် ကပါ ပြန်သွားတာမို့ ဘုန်းစစ် သက်ပြင်းချမိလိုက်သည်။ ပြီးတော့လည်း အဲ့ပိုင်သူဆိုတဲ့ကောင်လေးအကြောင်းကိုစဉ်းစားနေမိသည်။

တကယ်ပဲ ထိုက် မဟုတ်ဘူးလား? ဟုတ်တယ်လေ ထိုက် ကသူနာကျင်ရအောင်ဘယ်တော့မှလုပ်မှာမဟုတ်ဘူး ။ ထိုက် က သူ့လိုမဟုတ်ဘူး ၊ အဲ့ကောင်လေးကအရမ်း အရမ်းကို ကြမ်းတမ်းလွန်းတယ် ။

ထမင်းကြော်ဗူးတွေဝယ်၍ ပြန်လာသော ခွန်း သည် မြေပြင်ကိုသာစိုက်ကြည့်၍ အလိုမကျပုံစံဖြစ်နေသော ဘုန်းစစ်ဟန်ကိုကြည့်လိုက်သည်။ ထို့နောက် -

" အကို ဘာဖြစ်နေတာလဲ ဆူပုတ်နေတာပဲ "

" ...... "

အတွေးထဲနစ်မြောနေသော ဘုန်းစစ်ဟာဘာကိုမှမကြားနိုင်တော့ပေ ။

" အကို! "

ခွန်းဆက်အိမ် အော်လိုက်တော့မှ ဘုန်းစစ် လည်းအသိပြန်ဝင်လာလေသည်။

" ဟင်....ဟမ်...."

" ဘာတွေစဉ်းစားနေတာလဲ ခေါ်နေတာကြာလှပြီကို ၊ လာစားမယ်ဗိုက်ဆာနေပြီ "

ခွန်းလည်းဝယ်လာသော စားစရာတို့ကို ခုံပုလေးပေါ်တွင်တင်လိုက်သည်။

" ရော့ ဒါအကို့အတွက် ကြက်ထမင်းကြော် "

" မင်းကရော..... ကြက်သားမစားဘူးလား? "

" no.....no......ပင်လယ်မဆလာ ဝယ်လာတယ် "

ပင်လယ်မဆလာ ဟုပြော၍ ဗူးကြီးထဲမှ ထုတ်လိုက်သောအရာတို့ကိုဘုန်းစစ်ကြည့်နေလိုက်သည်။
ဗူးကြီးထဲကနေထွက်လာသော ပင်လယ်စာမျိုးစုံကိုထည့်ထားသည့် ဗူးအလတ်စားတစ်ဗူးရယ် ၊ ပိတ်စအထူရယ် ၊ ပလပ်စတစ် တစ်ခုရယ် ၊ ထို့နောက် ထင်းချောင်းလေးတွေရယ် ။

ခွန်း လုပ်သမျှကို ဘုန်းစစ်ကြည့်နေလိုက်သည်။ ဘယ်လိုတောင် ညစ်ပတ်တာလဲဟ ။

ခဏကြာတော့ ပစ္စည်းတွေကိုထားခဲ့၍ အဆောက်အဦးထဲကိုဝင်သွားလေသည်။ မကြာခင် ပြန်ထွက်လာ၍ မျက်နှာပြင်ညီတဲ့ ခုံတစ်လုံးကိုသယ်လာလေသည်။

လှောင်အိမ်ငယ်/ေလွာင္အိမ္ငယ္ { Completed }Where stories live. Discover now