19

5K 874 91
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH19- TAKE ME AWAY

ကလပ်ထဲရှိ လူများအားလုံးမှာ စွဲမက်ဖွယ်ကောင်းအောင် ဝတ်ဆင်ထားကြပြီး စည်းချက်အတိုင်း အုပ်စုလိုက်,ကခုန်​ပျော်မွေ့နေကြ၏ ။ တဒုန်းဒုန်းတဒိုင်းဒိုင်းမြည်နေသော သီချင်းသံများကြောင့် လုဖုန်း၏နားစည်တို့ နာကျင်မတတ် ။ ထို့ပြင် ကလပ်တစ်ခုလုံး နေရာလပ်မကျန်ချိန်ထိုးနေသော မီးအလင်းရောင်များကလည်း လူကိုမူးဝေစေသည် ။

ယခုရောက်ရှိနေသည်က နိုက်ကလပ်တစ်ခု ။ ရှင်းရှင်းပြောရလျှင် သူတို့တစ်ညနေတည်းမှာတင် ပတ်ခဲ့ရသော တတိယမြောက်နိုက်ကလပ် ။ ဒီကလပ်မှာမှ လောကျန်းယွင်နှင့် ပက်ပင်းမတိုးခဲ့သည်ရှိသော် ၊ လောကျန်းယွင်အား သွေးဆောင်ဖြားယောင်းခြင်း မပြုနိုင်ခဲ့သော် လုဖုန်းယခုလက်ရှိပတ်ဝန်းကျင်ကို ဆက်လက်သည်းခံနိုင်တော့မည်မဟုတ် ။ ယခုချက်ချင်း အစီအစဥ်ကိုဖျက်သိမ်းမိလိမ့်မည်ပင် ။

"ဖုန်းကော ၊ ကျွန်တော်က တကယ်ပဲ အဲ့တဏှာရူးကို ဒီလိုပုံနဲ့ဆွဲဆောင်နိုင်ပါ့မလား ?"

ရှန်းရှောင်ရှဲတစ်ယောက် အနားထူထူမျက်မှန်ကို တစ်ချက်ပင့်တင်ကာ ပြောလာခဲ့၏ ။ ကြည့်ရသည်မှာ မျက်မှန်နှင့် အသားကျပုံတော့မရသေး။

ရှန်းရှောင်ရှဲဝတ်ဆင်ထားသော တီရှပ်အဖြူရောင်နှင့် ဖလန်နယ်အင်္ကျီအတွဲအစပ်က မော့ချိုး၏ဝတ်နေကျပုံစံကိုပင် သတိရစေ၏ ။

"မင်းလုပ်နိုင်ပါတယ် ၊ သေချာပေါက်ကို လုပ်နိုင်တယ် ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစမ်းပါ "

လုဖုန်း ရှန်းရှောင်ရှဲ၏အင်္ကျီထဲတွင် ဝှက်ထားသော ကင်မရာအသေးစားလေးကို သေချာချိန်ညှိပေးလိုက်သည် ။

"သိပ်မကြောက်နဲ့ ၊ ရိတကျွမ့်က အကွာအဝေးတစ်ခုကနေကြည့်နေမှာ ၊ ပြီးတော့ တစ်ခုခုလွဲချော်တာနဲ့ ငါတို့ချက်ချင်းလိုက်လာခဲ့မယ် "

ရှန်းရှောင်ရှဲက တစ်ချက်ပြုံးပြရင်း ပြောလာခဲ့၏။

"အင်း ၊ အဲ့တဏှာရူးကောင် ကျွန်တော်ရဲ့အထိုးအကြိတ်ခံရပြီး မသေခင် မြန်မြန်ရောက်အောင်လာခဲ့ကြ "

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now