[25]🔥<Uni>

13.6K 605 55
                                        

UNICODE💫

ဦးရဲ့အဖြည့်ခံ~~~[25]
••••••••••••••

"Bae!!!...ကလေးလေး ဘာလဲ ကိုယ့်ကိုရှက်နေတာလား..."

"အွန်း!..."

မွေ့ယာပေါ်ပက်လက်လေးအိပ်နေသည့်ကလေးငယ်ကိုအုပ်မိုးထားရင်းမေးမိတော့ရဲတက်လာသည့်ပါးမို့မို့လေးနှစ်ဖက်နဲ့အွန်းဆိုသည့်အသံသေးသေးလေးကအစချစ်စဖွယ်အတိ။မျက်လုံးချင်းဆုံအောင်လိုက်ကြည့်တော့တဖက်ကိုခေါင်းလေးစောင်းသွားတယ်။

"Bae...မင်းဂုတ်ကမှဲ့လေးတွေသိပ်လှတာပဲ..."

"အင့်!..."

တဖက်စောင်းထားလို့မြင်လိုက်ရသည့်ဂုတ်သားဖွေးဖွေးပေါ်ကမှဲ့နက်လေးတွေကိုငုပ်နမ်းရင်းလည်တိုင်တလျှောက်တိုးဝှေ့နမ်းရှိုက်မိတော့ပုခုံးလေးကတွန့်ခနဲ။Baeကိုယ်ပေါ်ကပွယောင်းယောင်းရှပ်အက်ျီလေးကိုပုခုံးပေါ်သည်အထိဆွဲချလိုက်ပြီးလည်တိုင်ကနေညှပ်ရိုးလေးကို​ပြောင်းနမ်းလိုက်တယ်။

"ဟင့်!...ဦး...မကိုက်နဲ့..."

ညှပ်ရိုးလေးကိုတတိတိကိုက်ကာစုပ်နမ်းမိတော့တားစီးသံသဲ့သဲ့လေးနဲ့ပုခုံးနှစ်ဖက်ကိုလာတွန်းသည့်လက်သေးသေးလေးတွေ။

"ဒီနေရာလေးမှာBaeကကိုယ့်အပိုင်ဖြစ်ကြောင်းအမှတ်သားထားထားချင်တာ...ပြွစ်!..."

ပြောပြီးညှပ်ရိုးလေးကိုတချက်စုပ်နမ်းလိုက်တော့ခေါင်းလေးစောင်းကြည့်လာတယ်။ညှပ်ရိုးလေးမှာအလုပ်ရှုပ်နေရာမှBaeမျက်နှာလေးကိုအုပ်ကိုင်ကာနှဖူးလေးကိုဖွဖွနမ်းတယ်။

"Bae...ကိုယ်မင်းကိုလိုအပ်တယ် ပြီးတော့ချစ်တယ်..."

"ကျွန်တော်လည်းဦးကိုချစ်တယ်...ဦးရဲ့လိုအင်လေးဖြစ်ခွင့်ရလို့ကျွန်တော်အရမ်းပျော်တယ်..."

အပြုံးနုနုလေးစွန့်ကျဲလာသည့်ကောင်လေးကရှောင်းကျန့်မျက်နှာကိုလက်ကလေးနှစ်ဖက်နဲ့ကိုင်ရင်းလေးလေးနက်နက်ဆိုတယ်။

"ကိုယ်ကအရမ်း အရမ်းကိုချစ်တာ..."

"ကျွန်တော်လည်း အများကြီးအများကြီးကိုချစ်တာ...ဟီး..."

ဦးရဲ့အဖြည့်ခံ~~~[Complete]Where stories live. Discover now