Chapter_103

5.2K 694 28
                                    

{Zawgyi}

(မကြိုဆိုထားသော ဧည့်သည်များ-၂)

အဖေရီ ဖုန်းဆက်ရသည့်အကြောင်းမှာ လာမယ့်ရက်အနည်းငယ်မှာကျရောက်မယ့် အဖေရီ၏အသက် ၅၀ပြည့် မွေးနေ့ကိစ္စပင်။ အဖေရီသည် ၄င်း၏မွေးနေ့ပွဲတွင် နီးစပ်သောဆွေမျိုးများနှင့် မိတ်ဆွေအနည်းငယ်တို့ကို ဖိတ်ကြားပြီး စားသောက်ပွဲကျင်းပမည်ဟု ဆို၏။ ရီကျန်းကိုလည်း လုပေရွှမ်းနှင့်အတူ မွေးနေ့ပွဲသို့တက်ရန် ဖိတ်ခြင်းပင်ဖြစ်၏။

အဖေရီက ရီကျန်းကိုဖိတ်ရသည့် အဓိကရည်ရွယ်ချက်မှာ သူ့သမက်လုပေရွှမ်းကို အားလုံးကြားမှာ ထုတ်ကြွားချင်သောကြောင့်ပင်ဖြစ်သည်။ ပင်လယ်ကမ်းခြေမြို့တွင် လုမိသားစုသည် အမြင့်ဆုံးအဆင့်အတန်းရှိနေသည့်အပြင် လုပေရွှမ်းသည်လည်းငယ်ရွယ်ပြီး သူ့ထက် စီနီယာကျ သော စီးပွားရေးသမားများ ထက်ပင်ပို၍ အရည်အချင်းရှိကာ အောင်မြင်သောသူဖြစ်ပေသည်။ ထိုသို့သော သမက်ကို အဖေရီထုတ်ကြွားချင်သည်ကလည်း အမှားတော့မဟုတ်ချေ ။

" အသက်၅၀ပြည့် မွေးနေ့?? "ရီကျန်းသည် ရီမိသားစုကို ခင်တွယ်သောသူတော့ မဟုတ်ပေ သို့သော် မွေးနေ့ကိုအကြောင်းပြုကာ သူမအပြင်ထွက်နိုင်မည်ကိုတော့ သူမ သိ၏။ သူမကိုယ်ဝန်စရှိသော လွန်ခဲ့သည့် ၂လမှစကာ အပြင်မထွက်ရတော့တာကြောင့် မွန်းကြပ်သလိုပင် ခံစားနေရပေ၏။ ခေတ္တကြာတဲ့အခါမှာတော့ ရီကျန်းသည်  " သမီး လာခဲ့ပါ့မယ် "
ရီကျန်း၏စကားက လုပေရွှမ်းကို မျက်မှောင်ကျုံ့သွားစေ၏။

ရီကျန်းသည် ကိုယ်ဝန်၂လရှိပြီဖြစ်တာကြောင့် လုပေရွှမ်းသည် သူ၏အာရုံစိုက်မှုအားလုံးနဲ့ ဂရုစိုက်မှုအားလုံးကို ရီကျန်းတစ်ယောက်ထဲ၌သာ ထားထားလေသည်။ လုပေရွှမ်းသည် ရီကျန်းအား အထိအခိုက်လွယ်သည့်ပစ္စည်းတစ်ခုကို သေချာစောင့်ရှောက်နေသလို စောင့်ရှောက်ပေသည်။ ဆရာဝန်က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ခြံထဲမှာပဲဖြစ်ဖြစ် လမ်းပုံမှန်လျှောက်ပေဖို့သာ မပြောထားရင် လုပေရွှမ်းသည် ရီကျန်းအား အခန်းထဲမှာသာ နေစေမည်ဖြစ်ပေသည်။ ဒီလောက်ထိတောင် ဂရုစိုက်ပေးနေသည့်သူက ရီကျန်းကို ရီမိသားစုဆီပြန်မည့်ခရီးကို လွှတ်ပေးလိမ့်မည်ဟု ထင်လား။

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now