Chapter _ 7

23.5K 1.7K 29
                                    

Unicode
********

** ပေကျင်း Dragon အိမ်တော် **

မာန် ၂ နှစ်တစ်ကြိမ်တောင်ပြန်မလာဖြစ်တဲ့
အိမ်တော်ကြီးကအရင်တိုင်းမပြောင်းလဲရှိနေ
ဆဲပင်...။ အခုတစ်ခေါက်တော့ Mommy နေ
မကောင်းတာကြောင့် မာန် မဖြစ်မနေပြန်လာ
ခဲ့သည် ။

တကယ်တော့ Mommy ကသူ့ကိုလွမ်းဖျား
ဖျားတာဖြစ်နိုင်သည် ။ သူ Mommy နားခဏ
နေပေးလိုက်ရုံနဲ့ Mommy မျက်နှာလေးကပြန်
ပြီးလန်းလန်းဆန်းဆန်းဖြစ်လာသည်လေ...။

{ Boss ...မြန်မာနိုင်ငံမှာဆောက်လုပ်မယ့် ဆေးဝါးစက်ရုံအတွက်မြေနေရာအခက်အခဲ
ဖြစ်နေတယ် }

မာန် Laptop တစ်လုံးဖြင့်စာကြည့်ခန်းထဲ အ
လုပ်လုပ်နေစဥ် ဘုန်းမင်း ကယူလာသည့်အ
စီရင်ခံစာတစ်ထပ်ကို မာန့် စားပွဲပေါ်ချပေးလာ
သည် ။ ဘုန်းမင်း ယူလာသည့် File တစ်တွဲလုံး
ကိုအသေးစိတ်စစ်ဆေးပြီးတဲ့နောက် မာန်
ချက်ချင်းလက်မှတ်ထိုးပေးလိုက်သည် ။

{ မြေပိုင်ရှင်နဲ့သွားတွေ့​​ပြီးဒီမြေကိုရအောင်
လုပ်ဖို့ မြတ်သူ ကိုပြောလိုက်...။ ဆေးဝါး
စက်ရုံအတွက်အဲ့ဒီမြေနေရာကအကောင်းဆုံး
ဘဲ မြို့နဲ့အလှမ်းဝေးတဲ့အပြင် အနားမှာမြစ်
တွေ ချောင်းတွေလဲမရှိဘူး... }

{ ဟုတ်ကဲ့..boss }

ဘုန်းမင်း ကဖုန်းပြောဖို့အတွက်ခဏထွက်
သွားခဲ့ပြီး မြတ်သူ ကိုလုပ်ငန်းအပြောင်းအလဲ
တစ်ချို့ကိုရှင်းပြပြီးနောက်ဖုန်းချလိုက်သည် ။

{ မြန်မာနိုင်ငံကစံအိမ်လဲပြီးသလောက်ဖြစ်
နေပြီလို့ပြောလာတယ်... Boss ပြင်ဆင်ချင်
တာရှိရင် ကျွန်တော် မြတ်သူ ကိုအချိန်မှီပြင်
ခိုင်းလိုက်ပါ့မယ် }

{ စံအိမ်အပေါ်ဆုံးအထပ်တစ်ခုလုံး Baby
Bunny အတွက်ပြင်ဆင်လိုက် ကလေးလေး
ကြိုက်တဲ့အဝါနုရောင်လေးတွေဘဲသုံးဖို့မမေ့
နဲ့... }

Boss ဆီကညွှန်ကြားမှုကိုလက်ခံပြီးနောက်
ဘုန်းမင်း အလိုက်သိစွာအခန်းထဲကထွက်
သွားပေးခဲ့သည် ။ ပေကျင်း အိမ်တော်ကိုပြန်
ရတဲ့အခါတိုင်းသူတို့ Boss ရဲ့အခြေအနေက
သိပ်မကောင်းတတ်ပေ..။

💞 Eternal Love 💞 { Completed }Where stories live. Discover now