- 8 -

1.5K 465 62
                                    

Unicode

' ငါ့ဟာမဟုတ်ပေမယ့် ငါ့ဟာလို့ထင်ရတဲ့
ငါ့ဟာမဟုတ်တဲ့မင်း ....... ´

Fresher Welcom နေ့မတိုင်ခင် တစ်ရက်အလိုမို့
ရေချိုးပြီးတာနဲ့ ဗြောင်ဘတ်ဟျွန်းတစ်ယောက် ရှိသမျှအဝတ်တွေ ထုတ်ဝတ်ကာရွှိုင်းကြည့်ရင်း သီချင်းလေးတညည်းညည်းနှင့် မှန်ရှေ့မှမခွာနိုင်ဖြစ်နေလေသည် ။
ထိုနည်းတူပင် ဂျင်ယောင်းတစ်ယောက်သည်လည်း
Facial mask ကြီးမျက်နှာပေါ်တင်ထား၍
ကုတင်ပေါ်ဆန့်ဆန့်ကြီးလှဲကာ Skin care နေ၏ ။
ဟာနူးတစ်ယောက်သာလျှင် စာဖတ်စားပွဲခုံတွင်
Laptop တစ်လုံးနှင့် စာလုပ်နေဖော်ရသည် ။

' မင်းတို့ ၂ ကောင် assignment တွေရေးလ်ို့ပြီးပြီလား
မနက်ဖြန်ပွဲပြီးရင်လည်း ပင်ပန်းတယ်ဆိုပြီး
အိပ်ယာထဲတစ်ခါတည်းထိုးဝင်အိပ်ဦးမယ် ´

' အေးဆေး  အေးဆေး ...
နောက်နေ့ အတန်းမတက်ခင်
အမြန်ကုန်းရေးလည်း ဖြစ်တာပဲ
အရေးကြီးတာက မနက်ဖြန် ညီမလေးတွေ
မျက်လုံးထဲချောနေဖို့  ´

ဘတ်ဟျွန်းက ရှန်ပူတွေ ဘူးတစ်ဝက်စာလောက်သုံး၍ အထပ်ထပ်အခါခါ လျှော်လာသော ဆံပင်တွေကို ဟိုသဒီသ လုပ်ရင်းပြန်ဖြေတော့ ဟာနူးက စိတ်လေဟန်နှင့် ခေါင်းယမ်းလေသည်။
ဟာနူး တစ်ယောက်တည်းသာ မနက်ဖြန်အတွက် ဘာမှပြင်ဆင်မနေသည့်အတွက် ဘတ်ဟျွန်းစပ်ဖြဲဖြဲ တစ်ချက်ရယ်လိုက်ပြီးနောက် လူယုတ်မာအပြုံးနှင့် အနာဟောင်းကိုပြန်ဆွရန် ပြင်လိုက်လေ၏ ။

' ဒါနဲ့ မင်းဘာမှလည်း သေချာမပြင်မဆင်ပါလား ..
Final ပဲရောက်နေပြီကို ရည်းစားလေးတစ်ယောက်လောက် ထပ်ရှာသွားမှ အနာဂတ်အတွက် စိတ်ချရမှာပေါ့  ´

ဟာနူးက ဘာမှမတုန့်ပြန်ပဲ Assignment ကိုသာ တစိုက်မတ်မတ်ဆက်ရေးနေတာမို့ ဘတ်ဟျွန်းတမင်ပင် ကြားအောင် တခွီးခွီးရယ်လိုက်ပြီးနောက် နောက်ထပ် မထိတထိစကားများကို ကိုယ့်ဟာကိုယ်ရေရွတ်သလိုနှင့် ဆိုလိုက်ပါသည် ။

' အေးပေါ့လေ ...
မမကြောင့် အချစ်ကို စိတ်နာနေရှာပြီပေါ့ ´

ထိုစကားကို ကြားသော် ကုတင်ပေါ်တွင် ဆန့်ဆန့်ကြီးလှဲနေရှာသော ဂျင်ယောင်းကပါ  တခွိခွိလိုက်ရယ်လာလေ၏ ။ မျက်နှာပေါ်က mask ပုံစံပျက်မှာစိုးလို့လည်း သေချာမရယ်ရဲပဲ နှုတ်ခမ်းသားတွေကို တင်းတင်းဖိကြိတ်ထားပြီး ပုခုံးကြီးတလှုပ်လှုပ်နှင့် တဟင့်ဟင့်ရယ်နေရရှာပါသည် ။

Senior Where stories live. Discover now